သခင်ခရစ်တော်ဟာ အဖဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖွင့်လှစ်ပြသပေးသော အလင်းတော်ဖြစ်တယ်

သခင်ခရစ်တော်ဟာ အဖဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖွင့်လှစ်ပြသပေးသော အလင်းတော်ဖြစ်တယ်

သခင်ခရစ်တော်ဟာ အဖဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖွင့်လှစ်ပြသပေးသော အလင်းတော်ဖြစ်တယ်

 

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုပရိသတ် နှင့်အတူ အန်ဂျေလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ရဟန်မင်းကြီးဖရန်စစ် မှ 

သခင်ခရစ်တော်ဟာ အဖဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖွင့်လှစ်ပြသပေးသော အလင်းတော်ဖြစ်တယ်။ ထိုအလင်းတော်ကို ကျွန်ုပ်တို့ ကြိုဆိုကြရမည့်အကြောင်းကို ဝေမျှဟောကြားခဲ့ပါသည်။

 

ဝါတွင်းကာလလေးပတ်မြောက်တနင်္ဂနွေနေ့မှာ  ခရစ်တော်၏ အလင်းတော်သို့ချဉ်းကပ်ရန် နှင့် ခွင့်လွှတ်ခြင်းကိုတောင်းခံကြရန် ရဟန်းမင်းကြီး မှ ခရစ်ယာန်များအား တိုက်တွန်းခဲ့ပြီး၊ နိမ့်ညံ့ပြီး အပြစ်နဲ့ပြည့်နေသော လူ့အဖွဲ့အစည်းအတွက် သူ၏တစ်ပါး‌တည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေး‌အပ်ခြင်းဟာ ဘုရားရှင်၏ ချစ်ခြင်း မေတ္တာအထွဋ်အထိပ် ကို ကျွန်ုပ်တို့လူသားတွေထိ တွေ့ခံစားရတယ်။ ။ ဒီအချက်ဟာ ခရစ်ယာန်တို့အတွက် ယုံကြည်ခြင်း၏ ဗဟိုချက်မ နှင့် ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းလဲဖြစ်တယ် ဟု့ ဝေမျှခဲ့ပါသည်။

 

 

တနင်္ဂနွေနေ့မှာကြားနာရသော ကျမ်းချက်များကိုအခြေခံပြီးဟောကြားရာတွင်၊

မြွေကိုက်ခံရသူများ သက်သာရှင်သန်စေရန် မိုးဇယ်သည် တောကန္တာရ၌ မြွေကိုမြောက်ထားသကဲ့သို့ သခင်ခရစ်တော်သည်ကားတိုင်ပေါ်တွင် တင်မြှောက်ခံထားရမည့်အကြောင်း နှင့် ထိုခရစ်တော်ကို ယုံကြည်သူတို့သည် အပြစ်မှ ကုသပြီး၊သန့်ရှင်းစဉ်ကြယ်စေကာ အသက်ရှင်ကြရမည့်အကြောင်း၊ 

 

သခင်ခရစ်တော်သည် အမှောင်ကိုဆန့်ကျင်သော အလင်းတရားဖြစ်ကြောင်း နီကောဒီမူ့စ် ကိုဖော်ပြခဲ့သလို၊  "မှောင်မိုက်ကိုရွေးချယ်သောသူသည်အပြစ်စီရင်ခြင်းကိုခံရမည်။ အလင်းကိုရွေးချယ်သောသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ " အကြောင်း မကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် မှောင်မိုက်ကိုရှာဖွေသောသူများဖြစ်ကြပြီး၊ အမှန်တရားကိုရှာဖွေပြီး ကောင်းသောအရာများကိုကျင့်ကြံသူတို့သည် အလင်းတော်ဆီသို့လာရောက်ကြသည့်အကြောင်း၊ အလင်းတော်ကို တွေရှိကြရကြောင်း၊

 

ခရစ်တော်၏အလင်းတော်၌ ရှင်သန်နေထိုင်ကြဖို့၊ ခရစ်တော်၏အလင်းတော်ကို ကျွန်ုပ်တို့၏အသိညာဏ်အတွင်းမှကြိုဆိုလက်ခံကာ နှလုံးသားများဖွင့်ပြီးဘုရားရှင်၏ကောင်းမြတ်ခြင်း၊ နူညံ့သိမ့်‌မွေ့မှုနှင့်ပြည့်ဝသော သနားကြင်ခြင်း နှင့် အဆုံးမဲ့သောချစ်ခြင်းမေတ္တာတို့ကို သိရှိနားလည်ကြစေခံ ကျွန်ုပ်တို့တတွေဟာ ခေါ်ဆောင်ခံကြရသူတွေဖြစ်တယ်။

 

‘’ ဘုရားသခင်ဟာ ကျွန်ုပ်တို့ တောင်းပန်တဲ့အချိန်တိုင်း ကျွန်ုပ်တို့ကိုခွင့်လွှတ်ပေး တတ်သော သခင်ဖြစ်တယ် ‘’ ဟု အဆုံးသတ်ဟေားကြားခဲ့ပါသည်။ ။

Photo credit to Vatican News

Source: https://bit.ly/3vC631Z

ဘာသာပြန် ဖာသာကြည်မောင်

#PopeAngelus

Add new comment

4 + 3 =