သခင်ခရစ်တော်ကိုကြိုဆိုရန် နှလုံးသားများကိုဖွင့်ထားကြပါ

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း
သခင်ခရစ်တော်ကိုကြိုဆိုရန် နှလုံးသားများကိုဖွင့်ထားကြပါ
ဒီဇင်္ဘာ ၂၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် အာဒ်ဝင်တူးကာလသည် ခရစ္စမတ် အတွက်ပြင်ဆင်နေရုံသက်သက်မဟုတ်၊ သခင်ခရစ်တော် ကမ္ဘာကုန်မည့်အချိန်တွင်ကြွလာခြင်း၊ သင့်ရဲ့ဘဝနောက်ဆုံးအချိန်တွင်ကြွလာခြင်းနှင့် နေ့စဉ်အသက်တာ၌ သခင်ခရစ်တော်ကြွလာခြင်းတို့ကို သိမြင်ရန်လိုအပ်ကြောင်း၊ လုပ်ဆောင်နေကြအရာတွေထက်ကျော်လွန်ပြီး ဘုရားသခင်နှင့်ပေါင်းစပ်ခြင်းအားဖြင့် အသစ်သော အနာဂါတ်များပိုင်ဆိုင်နိုင်ဖို့ပိုမိုအားထုတ်ဖို့လိုကြောင်း၊

ဆုတောင်းခြင်းနှင့်၊ နိုးနိုးကြားကြား ပြင်ဆင်စောင့်နေခြင်းသည် ခရစ်ယာန်တိုင်းရှိထားရမည့် အာဒ်ဝင်တူးကာလ စိတ်နေစိတ်ထားဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာအသက်ရှင်မှုကိုစမ်းစစ်သကဲ့သို့ အတွင်းစိတ်နှလုံးသား၏ လိုအပ်မှုကိုလည်းစမ်းစစ်ရမည်၊ ကျွန်ုပ်တို့၏ အမြင်ကျယ်ကျယ်ထားသကဲ့သို့၊ နီးစပ်သော ညီကိုမောင်နှမများ၊ လိုအပ်နေသူများ၊ဒုက္ခရောက်နေသူများအတွက်။
ကျွန်ုပ်တို့နှလုံးသားလည်းကြီးမားနေရမည်၊
အမြဲနိုးနိုးကြားကြားရှိနေနိုင်ရန် ဆုတောင်းခြင်းသည် အကောင်းဆုံးအရာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လောကအရာတွေရဲ့ဆွဲဆောင်မှုကို ဆုတောင်းခြင်းဖြင့် သတိရှိနေဖို့၊ ဘုရားသခင်ထံမှာ အမြဲသတိနဲ့နေတဲ့သူဆီကို ဘုရားသခင်ကြွလာမယ်၊
ခရစ္စမတ် ဟာ လောကအပျော်သပ်သပ်ပွဲတခုဖြစ်နေရင် သခင်ခရစ်တော်ကို တွေ့ရလိမ့်မည်မဟုတ်၊ ခရစ္စမတ် ကသခင်ခရစ်တော်အတွက်ကျင်းပတာပဲဖြစ်ရမယ်။

ယနေ့ခေတ်ခရစ်ယာန်တွေ လောကလွှမ်မိုးမှု ခံနေရပြီး ခရစ်ယာန်ဖြစ်ရခြင်းအရင်းအမြစ်ပြောက်နေကြတယ်၊ (ငါကတိထားတော်မူရာနေ့ရက်တို့သည် ရောက်လာလိမ့်မည်) ဘုရားသခင်ကတိထားတော်မူသော အချက်သည် သူ၏တပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်၍ ကယ်တင်တော်မူမည့်အကြောင်း၊ သူ့ကိုယုံကြည်သောသူတို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ဘုရားသခင်ကတိထားတော်မူခဲ့တယ်၊ ခရစ်ယာန်ဟု မိမိကိုယ်ကိုယ်သတ်မှတ်ထားသူများ သခင်ခရစ်တော်ကိုစောင့်မျှော်နေခြင်းမဟုတ်လျှင် ဘုရား၏ကတိတော်နှင့်ဝေးကွာလိမ့်မည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-1-december-2018-open-heart-to-jesus.html

#pope, #angelus, #sunday, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 0 =