ဝါတွင်းအချိန်က ဘဝရဲ့မြေပုံကို ပြန်လည် ရှာဖွေ သုံးသပ်ရမဲ့ အချိန်အခါ

ဝါတွင်းအချိန်က ဘဝရဲ့မြေပုံကို ပြန်လည် ရှာဖွေ သုံးသပ်ရမဲ့ အချိန်အခါ သမယ ဖြစ်ပါတယ်။ ဘဝလမ်းခရီးမှာ ပန်းတိုင်းကို မျက်ခြေမပျက် ကြည့်နေဖို့ အရေးကြီးပါတယ်။ ကျွန်ုပ်ဘဝမြေပုံကို ရှာဖွေနေသလားလို့ကျွန်ုပ်တို့ တစ်ဦးချင်းစီ မိမိကိုယ်ကို မေးကြည့်ပါသလား။ ဒါမှမဟုတ် ကျွှန်ုပ်ရဲ့နေ့စဥ် ခံစားချက်ကောင်းရဖို့၊ ပြဿနာ တချို့ပြေလည်ဖို့နဲ့ ပျော်ရွှင်မှုနည်းနည်းနဲ့ပဲ ကျေနပ်နေသလား။ မြေပုံလမ်းကြောင်းဆိုတာ ဘာလဲ။ ယခုချိန် အခြားအရာ တွေထက် လူအများ ရှာ‌ဖွေ နေကြတဲ့ ကျန်းမာရေး ကလည်း မကြာခင် နောက်ပိုင်းမှာ ကျော်လွန်သွား ပါလိမ့်မယ်။ ပစ္စည်းတွေနဲ့ ကိုယ်ပိုင် ကောင်းကျိုးအတွက် မြေပုံပဲ ဖြစ်မလား။ ဒါပေမဲ့ ကျွန်ုပ်တို့ ဒီလောကမှာ အဲဒီအရာ တွေအတွက် ‌‌မဟုတ်ပါဘူး။ ကျွန်ုပ်ဆီကို ပြန်လာကြပါ လို့ သခင်ယေဇူး ပြောနေပါတယ်။ ကျွန်ုပ်အတွက်တာ့ သခင်ယေဇူးက ဒီကမ္ဘာရှိကျွန်ုပ်တို့ရဲ့ ပန်းတိုင် ဖြစ်ပါတယ်။ သူ့ဆီကိုပဲ ‌မြေပုံ ဦးတည် ထားပါ။

✍️ထန်းဟာ, SJ

Video from Vatican Media

#rvamyanmar #rvapastoralcare #rvamyanmarpopefrancislentmessage #Lent

Add new comment

12 + 4 =