ဝါတွင်းကာလ လုပ်ရှားမူအဖြစ် အိန္ဒိယ နိုင်ငံ ကက်သလစ်သာသနာ ကရုဏာရုံး မှ အဟာရချို့တဲ့မူ ဆန့်ကျင်ရေး လှုပ်ရှားမူကိုပြုလုပ်

အဟာရခ်ဳိ႕တဲ့မူ

ဝါတွင်းကာလ လုပ်ရှားမူအဖြစ် အိန္ဒိယ နိုင်ငံ ကက်သလစ်သာသနာ ကရုဏာရုံး မှ အဟာရချို့တဲ့မူ ဆန့်ကျင်ရေး လှုပ်ရှားမူကိုပြုလုပ်
မတ်လ ၁၃၊ ၂၀၁၉

ဂုဏ်သိက္ခာ ရှိစွာနေထိုင်ရသော ဘဝ အသက်တာ၊ ဆေးဝါး စောင့်ရှောက်မူ၊ အစားအသောက်လုံခြုံမှု၊ အားလုံးတလုံးတဝတည်းဖြစ်ရေး ကိုဦးတည်ပြီး ဆာလောင်မွတ်သိမ့်မူ အဟာရမပြည့်ဝမူတို့ကို လူတွေသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့်၊ လူသားတို့၏ ရှက်ဖွယ်နာကြည်းဖွယ်ရာကောင်းသော တကိုယ်ကောင်းဆန်မူများကို သိရှိကြစေရန် ရည်ရွယ်ချက်ဖြင့် အဟာရပြည့်ဝခြင်းဟာ လူသားတို့ရထိုက်သော အခွင့်အရေးအဖြစ် ဝါတွင်းကာလ လုပ်ရှာမူကို အိန္ဒိယ နိုင်ငံ ကက်သလစ်သာသနာ ကရုဏာရုံး မှ အဟာရချို့တဲ့မူ ဆန့်ကျင်ရေး လှုပ်ရှားမူအဖြစ် ကိုပြုလုပ်ခဲ့ပါသည်။

♥ အဟာရချို့တဲ့ခြင်း

အိန္ဒိယ နိုင်ငံမှာ ၃၈.၄ ရာခိုင်နူန်း ​​​​သောကလေးငယ်များဟာ အရိုးပျော့ရောဂါ ခံစားနေရတယ်၊ ၃၅.၈ ရာခိုင်နုန်း သော ကလေးငယ်တွေဟာ ကိုယ်အလေးချိန်မပြည့်ကြဘူး။ ဒီအချက်တွေဟာ အဟာရချို့တဲ့မူ့ကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးကျိုး​တွေ ဖြစ်တယ်။ ဘယ်လောက်ပဲ စီးပွားရေး တိုးတက်လာပါတယ်ပြောပြော အိန္ဒိယ နိုင်ငံထဲမှာရှိတဲ့ သန်းပေါင်းများစွာသော ကလေးငယ်တွေဟာ ဆာလောင်မွတ်သိပ်​မူကို ခံစားနေကြရတယ်။ အဟာရချို့တဲ့မူဟာ ရောဂါလွယ်ကူစွာဖြစ်ပေါ်စေတယ်။ ဒီအချက်ဟာ မိသားစုတွေ၊ လူအဖွဲ့အစည်း နိုင်ငံအတွက် ဆိုးဝါးတဲ့အကျိုးရလဒ် တွေဖြစ်ပေါ်လာစေလိမ့်မယ်။ ဒါ့ကြောင့် တနယ်တကျေးမှာ အလုပ်သွားလုပ်နေသူတွေရဲ့ဘဝ၊ လယ်သမားတွေဘဝ၊ ဆင်းရဲသားတွေဆာလောင်မွတ်သိပ်​ေ​နသူတွေရဲ့ ဘဝအခြေအနေတွေကို ဘာသာရေးအဖွဲ့အစည်းများ၊ လူမူ​ရေးအဖွဲ့အစည်းများ သတိထားလာစေဖို့ ယုံကြည်သူဘာသာဝင်တွေအနေနဲ့ ဘုရားကို ချစ်သကဲ့သို့ မိမိပတ်ဝန်းကျင်ကို လည်း ချစ်တတ်​ကူညီတတ်ြ​ကဖို့ လိုအပ်ကြောင်း ဒီဝါတွင်းကာလ အဟာရချို့တဲ့မူ ဆန့်ကျင်ရေး လှုပ်ရှားမူမှ နိုးဆော်ခြင်း ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံ ကက်သလစ်သာသနာ ကရုဏာအဖွဲ့အစည်း လက်ထောက်အတွင်းရေးမှု့ ဘုန်းတော်ကြီး Jolly Puthenpura မှ ဗာတီကန် Fides သတင်းဌာနနှင့် တွေဆုံးစဉ်တွင် ပြောကြားခဲ့ပါသည်။ ။ ဗာတီကန် သတင်းဌာနမှ ဖော်ပြသော Fides သတင်းကို ဘာသာပြန်ဆို၍ တင်ပေးခြင်းဖြစ်ပါသည်။

https://www.vaticannews.va/en/church/news/2019-03/caritas-india-church-l...

#india, #lent, #caritas, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

5 + 6 =