ဝါတွင်းကာလ ခြိုးခြံမှုတစ်ခုအဖြစ် လက်ကိုင်ဖုန်း အသုံးပြုခြင်းကို သတိထားဆင်ခြင်စေလိုကြောင်း ပါကစ္စတန် နိုင်ငံ ဆရာတော်ကြီးများမှ တိုက်တွန်း

လက်ကိုင်ဖုန်း အသုံးပြုခြင်းကို သတိထားဆင်ခြင်စေလို

ဝါတွင်းကာလ ခြိုးခြံမှုတစ်ခုအဖြစ် လက်ကိုင်ဖုန်း အသုံးပြုခြင်းကို သတိထားဆင်ခြင်စေလိုကြောင်း ပါကစ္စတန် နိုင်ငံ ဆရာတော်ကြီးများမှ တိုက်တွန်း
မတ်လ ၁၃၊ ၂၀၁၉

 

လက်ကိုင်ဖုန်းတွေဟာ လူကိုကောင်းကျိုးတွေဖြစ်စေသလို အနှောင့်​ယှက်ဖြစ်စေတဲ့အရင်းအမြစ်တစ်ခုလည်းဖြစ်နေပြီ။ မသုံးရမနေနိုင်အောင်းအစွဲအလမ်းဖြစ်လာစေပါတယ်။ ယင်းကဲ့သို့အခြေအနေမျိုးကြောင့် ဝါတွင်းကာလ ခြိုးခြံမှုတစ်ခုအဖြစ် လက်ကိုင်ဖုန်း အသုံးပြုခြင်းကို သတိထားဆင်ခြင်စေလိုသည်​။ အထူးသဖြင့် ဒုက္ခစရိယာ ကားတိုင်လှည့်ခြင်းအခမ်​းအနား၊ မစ္ဆားတရား ပူဇော်ခြင်းအခမ်း​အနားများတွင် နတ်ဆိုးက သင်တို့၏ အိတ်​ကပ််အတွင်းမှ သင်တို့ကို အနှောင့်​အယှက် ဖြစ်စေသောကြောင့် သတိထားကြရန် ပါကစ္စတန် နိုင်ငံ Lahore ဂိုဏ်းချုပ် ဆရာတော်ကြီး စေဗက်စတင်း ရှေား မှ ကက်သလစ်ဘာသာဝင်များကို တိုက်တွန်းခဲ့ပါသည်။

 

သခင်ခရစ်တော် သူ၏ လူထုဟောပြောခြင်း လုပ်ငန်းမစတင်မီ ရက်ပေါင်းလေးဆယ် တောကန္တာရမှ အစာရှောင် ဆုတောင်းခြင်းအမူပြုခဲ့သလို့ ကျွနု်​ပ်တို့ ခရစ်ယာန်တွေ လည်း ​ဝါတွင်းကာလ ရက်ပေါင်း လေးဆယ်မှာ နောင်တယူခြင်း၊ အစာရှောင်ဆုတောင်းခြင်း၊ ပေးကမ်းစွန်ကြဲခြင်းအမူများ၊ ခြိုးခြံခြွေတာမှု့များကိုပြုလုပ်ရမယ်။ လက်ကိုင် စမတ်ဖုန်း​ေ​တွရဲလွှမ်းမိုးမူကို တကမ္ဘာလုံးပျံ့နှံ့​နေပါပြီ။ ပါကစ္စတန် မှာလည်း လူဦး ရေ ၆၃ သန်းဟာ စမတ်ဖုန်း ​သုံးစွဲ​နေကြကြောင်းတွေ့ရှိရပါတယ်၊ ဖွံဖြိုးတိုးတက်မှုတစ်ခုအနေနဲ့ လက်ခံနိုင်ပေမဲ့ လက်ကိုင်ဖုန်းကို မသုံးရမနေနိုင်အောင်စွဲလန်း​လာရင်တော့ သတိထားရမယ်အခြေအဖြစ်လာသည်​။ ယနေ့ခေတ် ခရစ်ယာန်လူငယ်တွေဟာ ဆုတောင်းနေစဉ်မှာတောင် တစ်ယောက်ကိုယ်တစ်ယောက်စာပို့​နေကြတဲ့အဖြစ်မျိုးတွေဖြစ်နေကြပါတယ်။ ဒီအချက်ဟာဝမ်းနည်းစရာကောင်းတဲ့အခြေအနေပါပဲ။ နတ်ဆိုးရဲ့နှောင့်​ယှက်မူကို သတိထားရတော့မယ်၊ ဒီဝါတွင်းကာလမှာ မိမိရဲ့မကောင်းတဲ့ အကျင် အစွဲအလမ်းတွေကို တတ်​နိုင်သမျှပြုပြင်ရှောင်ကျဉ်​ကြရမည်ဖြစ်ကြောင်း ဂိုဏ်ချုပ် ဆရာတော်ကြီး စေဗက်စတင်း ရှေား မှ ပြောကြားခဲ့ပါသည်။

 

ပါကစ္စတန် နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မူများမှ ကာကွယ်ရန် ဘုရားကျောင်းအတွင် အထူးသဖြင့် ဘာသာရေးအခမ်း​အနားပွဲများတွင် ဖုန်းပြောခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီရိုရိုက်ခြင်းများကို တားမြစ်ထားပါသည်။ သတင်းအချက်အလက်ရယူရေးအတွက် လက်ကိုင် စမတ်ဖုန်းများဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ်သောလည်း အလွန်အကျွန်သုံးစွဲ
မှု့ပြုခြင်းသည် လည်း အန္တရာယ်တစ်ခုဖြစ်လာနေကြောင်း Hyderabad မှ ဆရာတော် Samson Shukardin မှ ပြောကြားခဲ့ပါသည်။ လက်ကိုင်စမတ်ဖုန်း​များအသုံးပြုခြင်းကို မကောင်းသောဖက်မှ တဖက်သတ်​မကြည့်ဘဲ ကောင်းမွန်သော နည်းလမ်းများဖြင့် ထိန်း​ချုပ် အကြံပေးမူများ ပြုလုပ်လျှင် သာ၍ကောင်းမွန်မည်ဖြစ်ကြောင်း လူငယ်တချို့မှ အကြံပြုမူများရှိကြောင်းလည်းဖော်ပြထားပါသည်။

 

ဗာတီကန် သတင်းဌာနမှ တဆင်ဖော်ပြသော အာရှသတင်းကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

https://www.vaticannews.va/en/church/news/2019-03/pakistani-bishop-urges...

#pakistan, #lent, #phone, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 2 =