ဝါတွင်းကာလသည် ရိုးသားခြင်း နှင့် အမှန်တရားအတိုင်းနေထိုင်ရန် အခွင့်အလမ်း

မတ်လ ၈ ရက် သောကြာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား

ဝါတွင်းကာလသည် ရိုးသားခြင်း နှင့် အမှန်တရားအတိုင်းနေထိုင်ရန် အခွင့်အလမ်း
မတ်လ ၈၊ ၂၀၁၉

မတ်လ ၈ ရက် သောကြာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ပရောဖက် အီဇာဧယ ၏ ကျမ်းချက်ကို အခြေခံ၍ မရိုးမသား လုပ်ဆောင်ခြင်း၊ ဟန်ဆောင်ပြုမူနေထိုင်ခြင်းများကို ပြစ်တင်ရှုတ်​​ချပြီး အမှန်တရားအတိုင်းနေထိုင်ကြရန်၊ ရိုးသားစွာ အသက်ရှင်နေထိုင်ကြရန် အပြောနှင့်အလုပ်ကိုက်ညီစွာ ရှင်သန်ကြရန်​ တိုက်တွန်းဟောကြားခဲ့ပါသည်။

♥ အပြစ်ဒဏ်ဆပ်ဖြေခြင်းကို ပျော်ရွှင်စွာပြုလုပ်ပါ
အပြစ်ဒဏ်ဆပ်ဖြေခြင်း၊ ဆုတောင်းခြင်း ပေးကမ်းစွန့်ကြဲခင်းများပြုလုပ်ကြသည့် အခါ ပျော်ရွှင်သော၊ ရိုးသားသောအသွင်အပြင် လက္ခဏာရှိနေပါစေ။ ဖာရီဇေဦးများ၊ ကျမ်းတတ်​ဆရာများကဲ့သို့ သူတပါး ချီးကျူးခံရရန်၊ အထင်ကြီးခံရရန် ပေးကမ်းစွန့်ကြဲခြင်းမျိုးမဖြစ်စေရ၊ မိမိ အတွင်းစိတ်မှ စေတနာ သန့်သန့်ဖြင့် တကယ်လိုအပ်သူကို ရက်ရောစွာ ကူညီပေးခြင်းမျိုးသာ ဖြစ်ရမည်။ ပုံမှန်ဘုရားကျောင်းတက် နေ၍ မိမိကိုယ်ကို တပါးသူထက် ပို၍ကောင်းမွန်သည်ဟု အထင်ကြီးသော စိတ်မျိုးလည်း မဖြစ်ပေါ်စေရ အဘယ့်ကြောင့် ဆိုသော် မိမိကိုယ်ကိုယ် အထင်ကြီး စိတ်ကြီး ဝင်သော သူတို့သည် မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်း မေ့လျော့သွားတတ်​ကြသောကြောင့်ဖြစ်တယ်။ ထို့အတွက်ကြောင့် ဒီဝါတွင်းကာလဟာ မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်း သိမှတ်ဝန်ခံပြီး နောင်တတရားနဲ့အကောင်းကိုဦးတည်၊ ဘုရားကို ဦးတည်ပြီး ရိုးသား မှန်ကန်စွာ အသက်ရှင်ကြရမယ်။ ။

♥ သတိထားရမည့် နေ့စဉ်အသက်တာ ဟန်ဆောင်မှုများ
လူတိုင်းက ဟန်ဆောင်တတ်ြ​ကတယ်၊ ဟန်ဆောင်နေရတဲ့အခြေ အနေဆီကိုလည်း တွန်း​ပို့ခံနေရတတ်​တယ်။ သို့သော်
သခင်ခရစ်တောရှင်ပြန်ထမြောက်ခြင်း ပါစကားပွဲ​တော်ကြီးကို ဦးတည်ပြီးပြင်ဆင်နေသော ဝါတွင်းကာလမှာ ပိုမိုသတိရှိပြီး နေ့စဉ် မိမိအတွင်းစိတ်အမှန်တရားကို ဖုံးကွယ်ပေးထားတဲ့ ဟန်ဆောင်မူ​တွေကို သတိတရားနဲ့ ဖယ်ရှားပစ်ရမည့်ကာလဖြစ်တယ်။
ဘာသာရေးမှာ ဦးဆောင်တာဝန်ယူလုပ်ဆောင်နေသူတွေ သင်တို့ရဲ့ အပေါ်ယံဟန်ဆောင်မူကို လူတွေ အထင်မကြီးကြဘူး။ သင်တို့ရဲ့ အတွင်းစိတ်ရိုးသားမူကိုသာ လူတွေပိုမို လိုလားကြတာကို သတိထားပါ။ မိမိကိုယ်ကို ကက်သလစ်ခရစ်ယာန်လို့ပြောပြီး တပါးသူအပေါ် လိမ်လည်လှဲ့ဖျားပြီး အမြတ်ထုတ် နေသော ခရစ်ယာန်များ အဲ့ဒီအပြစ်ဟာ ကြီးမားသော အပြစ်ဖြစ်တယ်ဆိုတာ သတိထားကြပါ။ ။

♥ ဖြူစင်​ရိုးသားသော နှလုံးသား
မိမိနေ့စဉ်အသက်တာ ဘာသာရေးအလုပ်၊ လူမူရေးအလုပ် တိုင်းမှာ ရိုးသားမူ မှန်ကန်ဖြောင့်မတ်မူများ ဖြင့်​နေထိုင်ကြပါ၊ ဒီဝါတွင်းကာလမှာ မိမိလုပ်ဆောင်နိုင်သမျှအရာ အားလုံးကို နှိမ်ချခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့ ကျေးဇူးတော်တောင်းခံကြပါ။ သင့်ရဲ့ဝိညာဉ်ကို ဟန်ဆောင်မူ​တွေနဲ့ ဖုံးကွယ်မထားပါနဲ့ ။ ဘုရားသခင် သင့်ကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဖြူစင်​ရိုးသားစွာ အသက်ရှင်နေနိုင်ရန် ဒီဝါတွင်းကာလမှ ဘုရားသခင်ထံမှ ကျေးဇူးတော် အထူး​တောင်းခံကြပါ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-03...

#pope, #mass, #recognition, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

3 + 10 =