ဝါတွင်းကာလတွင် မည်သို့ ကျင်ကြံနေထိုင်မည်နည်း

ဝါတွင်းကာလတွင် မည်သို့ ကျင်ကြံနေထိုင်မည်နည်း
ဖေ​ဖေါ်ဝါရီလ ၃၊ ၂၀၁၉

ဖေ​ဖေါ်ဝါရီလ ၃၊ ၂၀၁၉ တနင်္ဂ​ နွေနေ့ နေ့လည်ခင်းတွင် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ရောမမြို့ မြောက်ဘက် ဗီတာဘို အရပ်ရှိ St. Chrispin ဘုရားကျောင်းတည်ရှိရာ သာသနာအုပ်စုလေးသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ယင်းသွားရောက်လည်ပတ်ခြင်းတွင် အိမ်ယာမဲ့များ၊ ဆင်းရဲသားများ၊ ကလေးသူငယ်များ၊ ဘာသာဝင်အုပ်စုများနှင့်တွေ့ဆုံခဲ့ပြီး မကြာခင် ကျ​ရောက်လာတော့မည့် ဝါတွင်းကာလအကြောင်းကို ဝေမျှဟောကြားခဲ့ပါသည်။

မကြာခင်မှာ ဝါတွင်းကာလကို ရောက်ရှိတော့မယ်၊ လူတွေကို ငါဘယ်လိုပြုမှုဆက်ဆံသလဲ။ လူတွေနဲ့ပြုမှုပြောဆိုတဲ့နေရာမှာ ငါရဲ့စိတ်နေစိတ်ထားက ဘယ်လိုဖြစ်နေသလဲ ဆိုတဲ့အချက်ကို ပြန်လည်စမ်းစစ်ကြရင် ဒီဝါတွင်းကာလဟာ ကျွနု်​ပ်တို့ အ​ယောက်တိုင်းစီ အတွက် လှပကြည်နူးစရာကောင်းသော ကာလတစ်ခု ဖြစ်နေပါလိမ့်မယ်၊ ငါဟာ ဟန်ဆောင်ကောင်းသူတစ်ယောက်လား၊ အမြင်မှာတော့ပြုံးပြနေပြီး အတွင်းစိတ်မှာတော့ ဝေဖန်ပြစ်တင်နေမယ်၊ ပျက်စီးရာပျက်စီးကြောင်းတွေကို ငါပြောဆိုပြုမှုနေသလား၊ ဒီအသေအဖွဲ အရာလေးတွေကို ဝါတွင်းကာလကုန်ဆုံးတဲ့အခါမှာ သူတပါးကိုပြစ်တင်ဝေဖန်တာမလုပ်တော့ဘူး လို့ သတိတရားနဲ့ပြုပြင်ထိန်း​သိမ်းနိုင်ခဲ့မယ်ဆိုရင်၊ သခင်ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း (ပါစကားပွဲ) ဟာသင့်အတွက်ပိုမို အဓိပ္ပါယ်ရှိသလို သင့်ဘဝထဲမှာ သခင်ခရစ်တော်ဟာလည်းပိုမို လှပပြီး ထင်ရှာလာမှာဖြစ်​်တယ်။ ကျွန်တော်၊ ကျွန်မ
ကသူများကိုအပြစ်တင်ပြောဆိုတာအကျင့််​ပါနေပြီ အဲ့တာမဖြစ်နိုင်ဘူး မပြင်နိုင်လောက်ဘူး တချို့ကလည်း တပည့်တော်က အကျင့်ပါနေပြီ လို့ သင်တို့ပြောကြမယ်၊ အဲ့ဒီမကောင်းတဲ့အကျင့်က နတ်ဆိုးက ငါတို့နှလုံးသားထဲမှာ ထည့်ပေးနေတာကို သတိရှိရမယ်၊
ဟုတ်ပါတယ် ဒီအရာဟာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး၊
ဒါပေမဲ့ပြုပြင်ကုသပေးနိုင်မယ် အသုံးဝင်တဲ့ နည်းလမ်း နှစ်မျိုးရှိတယ်

♥ ပထမတစ်ခုက ဆုတောင်းခြင်းပါပဲ။ သင်တစ်ပါးသူကို ဝေဖန်ပြစ်တင်တော့မယ်ဆိုရင် ဆုတောင်းပေးလိုက်ပါ ပြီးတော့ ဒီအကျင့် ဒီအပြုအမှုကို ပြုပြင်​နိုင်ဖို့ ကိုယ်နုတ်​ကို သတိနဲ့ထိမ်းချုပ်နိုင်ဖို့ ဘုရားကိုပြောပြပါ၊ အရင်ဆုံးဆုတောင်ပေးပါ ဆုတော
င်း မှု မရှိရင် ငါတို့ဘာမှမလုပ်နိုင်ဘူး၊ အဲ့တာပထမဆေးနည်းပဲ။
♥ ဒုတိယတစ်ခုက ဆုတောင်းခြင်းလိုပဲ လက်တွေ့ကျတဲ့အရာ တစ်ခု
သင်သူတပါးအကြောင်းမကောင်းပြစ်တင်ပြောဆိုချင်တဲ့ စိတ်ဖြစ်ပေါ်လာတဲ့အခါ သင့်ရဲ့လျှာကို နာနာလေး ကိုက်လိုက်ပါ (ရယ် လျှက်) သင့်ရဲ့လျှာ နာသွားတဲ့အချိန်မှာ သင် လျှာနာနေလို့ စကားမပြောနိုင်တော့ဘူး အဲ့ဒီအချိန်မှာ သင် သူတပါးမကောင်းကြောင်းမပြောဖြစ်တော့ဘူး (ရယ်လျှက်) အဲ့တာတကယ့်လက်တွေကျတဲ့ အပြစ်ကို ရှောင်ကျဉ်​တဲ့နည်းလမ်းလေးပါပဲ (အားလုံးရယ်မောလျှှက်) ဟု ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သွန်သင်လမ်းပြခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-visit-paris...

#pope, #sunday, #preach, #peterkm,
Photo credit to vaticannews, catholic news agency
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 5 =