ဝါကြီးဝင်သည့်နေ့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟောကြားသော သြဝါဒ

ဝါတွင်းကာလ မိမိဘဝ ဦးတည်ရာကို ပြန်လည်ရှာဖွေခြင်း

ဝါကြီးဝင်သည့်နေ့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟောကြားသော သြဝါဒ
မတ်လ ၆၊ ၂၀၁၉

အရေးကြီးသောအရာကို ဦးစားပေး လုပ်ဆောင်ကြဖို့ ဘုရားသခင်ရဲ့စကားကို မိမိတိုရဲ့ဘဝထဲမှာ ပြန်လည်နိုးထ အသက်ရှင်စေကြဖို့၊ ဘုရားသခင်ထံပြန်လှည့်လာကြဖို့ သတိပေးဟောကြားခဲ့ပါသည်။

♥ ဝါတွင်းကာလ မိမိဘဝ ဦးတည်ရာကို ပြန်လည်ရှာဖွေခြင်း

ဝါတွင်းကာလ မိမိဘဝ ဦးတည်ရာကို ပြန်လည်ရှာဖွေရတဲ့ကာလဖြစ်တယ် ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာ ခရီးတစ်ခုကိုသွားနေခြင်းဖြစ်တယ် ဘယ်ခရီးမှာ မဆို ဦးတည်ရာမပျောက်ဖို့အရေးကြီးတယ်၊ မိမိဘဝမှာ ကြုံလာတဲ့ပြသနာလေးတွေဖြေရှင်းလိုက် စိတ်ပျော်ရွင်ရာလေးတွေလုပ်လိုက်နဲ့၊ အလိုဆန္ဒလေးတွေနောက်လိုက်နဲ့ပဲ နေထိုင်သလား၊ သို့မဟုတ် တကယ့် ​အသက်အစစ်အမှန်ကိုရမယ်​့ အရာနောက်ကိုလိုက်နေသလားဆိုတာ ယုံကြည်သူတွေအနေနဲ့ စမ်းစစ်ဖို့လိုတယ်။ သင့်ဘဝလမ်းကြောင်းကဘယ်လိုလဲ၊၊ ဘာဖြစ်နေလဲ၊ ဘဝမှာ အဆင်ပြေပြေနေနိုင်ဖို့အတွက်လား၊ ပစ္စည်းဥစ္စာ ပိုင်ဆိုဖို့အတွက်ပဲလား၊ ဒါမှမဟုတ် လူတွေပြောနေတဲ့ ကျန်းမာ​ရေးကပထမဆိုတာနောက်ပဲလိုက်နေလား၊ သင့်ဘဝအတွက် (ယုံကြည်သူတွေအတွက်) တကယ်အရေးအကြီးဆုံးအရာကဘာလဲ စမ်းစစ်ရမယ်။

♥ ဘုရားသခင်သည် ကျွနု်​ပ်တို့၏ပန်းတိုင်

ကျွန်တော်တို့ဟာ ဒီကမ္ဘာကြီးမှာ ထာဝရနေထိုင်ရဖို့မဟုတ်၊ ဒီကမ္ဘာထဲမှာ အသက်ရှင်နေတဲ့ကျွနုပ်တို့အတွက် ဘုရားသခင်သည်သာလျှင်ကျွန်တော်တို့ရဲ့ပန်းတိုင်၊ ကျွန်ုပ်တို့သွားနေတဲ့လမ်းက သူစီကို ဦးတည်နေရမယ်။ ပြာခံယူခြင်းအမှတ်အသားဟာ ဘဝရဲ့ရှုပ်တွေးလှတဲ့အတွေးတွေ၊ နေ့စဉ်စိုးရိမ်စိတ်တွေ၊ လိုအပ်ချက်တွေကနေ ရုန်း​ထွက်ပြီး ဘဝရဲ့ဦးတည်ရာ (ဘုရားသခင်စီသို)ကို ပြန်လည်စမ်းစစ်ရှာဖွေရမည့် သတိပေးအမှတ်အသားဖြစ်တယ်။ လောကအရာအားလုံးဟာ သင်ဘယ်​ေ​လာက်ပဲ ကြိုးစားရုန်း​ကန်ခဲ့ပါစေ၊ အောင်မြင်ခဲ့ပါစေ၊ ရာထူးအာဏာကြီးထွားခဲ့ပါစေ လေတိုက်တဲ့အခါ လွင့်သွားတဲ့ ဖုန်​ေ​တွလို အချိန်တန်ရင် လွင့်ပြယ်​ပျောက်ကွယ်သွားကြမှာပါ ဒါကို သတိရှိရမယ်။ ဒါကြောင့်အဲ့ဒီဖုန်​မုန့်လိုပျောက်ကွယ်သွားမယ့်​​အရာတွေနောက်ကိုလိုက်နေတဲ့ လူသားတွေ ထာဝရတည်ရှိမဲ့ ကိုယ်ရဲ့မူလရင်းဖြစ်တဲ့ ဘုရားသခင်စီပြန်လှည့်နိုင်ဖို့ ဝါတွင်းကာလက သတိပေးနေခြင်းဖြစ်တယ်။ လောကအရာဝတ္ထုပစ္စည်တွေရဲ့ ကျေးကျွန်ဘဝကလွတ်မြောက်ပြီး လွတ်လပ်သော ဘုရားသာသမီးဘဝကို ခံစားဖို့၊ လောကအနှောက်အယှက်ဆွဲ​ဆောင်မူ​တွေကို ရှောင်ရှားပြီး မိမိတို့၏ ဖန်ဆင်းရှင်ထာဝရ ဘုရားထံပြန်လှည့်ကြဖို့ ဒီနေ့ကိုယ့်ကိုကို မေးခွန်းမေးကြရမယ် ငါ ဘယ်မှာရောက်နေလဲ ငါအသက်ကိုရှာဖွေနေလား(ဘုရားလမ်းစဉ်နဲ့ ဘုရားသခင်ထံသွားနေလား) ဒါမှမဟုတ် ပျက်စီပျောက်ကွယ်သွားမယ့်​အရာတွေနောက်လိုက်နေလား။ မေးကြရမယ်။ ။
ဝါတွင်းကာလ အဓိကလုပ်ဆောင်ရမည့် အချက်သုံးချက်ဖြစ်တဲ့ ဆုတောင်းခြင်း၊ အစာရှောင်ခြိုးခြံခြူပ်တည်းခြင်း နှင့် ပေးကမ်းစွန့်ကြဲခင်းတွေကို တကယ်စိတ်ပါကိုယ်ရောက်လုပ်ဆောင်ကြဖို့လိုတယ် ဟန်ဆောင်လုပ်ဆောင်လို့မရဘူး။ ဆုတောင်းခြင်းဟာ ကျွနု်​ပ်တို့ကို ဘုရားနဲ့ပေါင်းစပ်စေတယ်၊ ပေးကမ်းစွန့်ကြဲခြင်းဟာ မိမိပတ်ဝန်းကျင်နဲ့ ပေါင်းစပ်ခြင်းဖြစ်တယ်၊ ချိုးခြံချုပ်တည်းခြင်းဟာ မိမိကိုယ်ကိုယ်ပေါင်းစပ် ထိန်း​သိမ်းခြင်ဖြစ်တယ်။ ။

♥ ဘုရားသခင်သည် ကျွနု်​ပ်၏ မိတ်ဆွေ၊ ကျွနု်​ပ်၏ အသက်

ဘုရားသခင်ဟာ ဘယ်တော့မှ မပျောက်ပျက်သွားနိုင်မယ်​့ အမှန်တရားအားကိုးရာဌာနဖြစ်တယ်၊ အဲ့ဒီမှာ ကျွနု်​ပ်တို့ရင်နှီးမြုပ်နှံရမယ်။ ဆုတောင်းခြင်းဟာ ဘုရားနဲ့ပေါင်းစပ်ပြီး ကိုယ်အလိုအတွက်မဟုတ် ဘုရားသခင်အတွက်သာဆိုတဲ့ စိတ်ကို တိုးပွးစေတယ် ပေးကမ်းစွန့်ကြဲခြင်း တနည်းအားဖြင့် ကရုဏာလုပ်ငန်းလုပ်ဆောင်ခြင်းက မိမိအတ္တ၊ တကိုယ်ကောင်းစိတ်ကို ချိုးနှိမ်ပြီး တစ်ပါးသူအတွက် ပေးဆပ်ခြင်းဖြစ်တယ်။ ချိုးခြံချုပ်တည်းခြင်းဟာ မိမိအတွင်းစိတ် အတွင်းအလိုဆန္ဒကို ပြန်လည်စမ်းစစ်ပြီး လောကတပ်မက်မူအရာတွေကနေရှောင်ကျဉ်ြ​ပီး လွတ်မြောက်စေခြင်းဖြစ်တယ်။ ဒီ အချက်သုံးချက်ဟာ ထာဝရတည်မည့် ရင်နှီးမြုပ်နှံမှုဖြစ်​်တယ်။ ။

♥ ဝါတွင်းကာလသည် ကျေးဇူးတော်ခံစားရာကာလ
~ ဝါတွင်းကာလဟာ ကျေးဇူးတော်ခံစားရာကာလဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အချည်းနှီး ပျက်စီသွားမယ့်​ရာတွေကို တပ်မက်နေတဲ့ တို့နှလုံးသားတွေကို အဲ့ဒီအရာတွေကနေလွတ်မြောက်စေတဲ့အတွက်ကြောင့်ဖြစ်တယ်။
~ တို့ကိုဖျားယောင်းသွေး​ဆောင်နေတဲ့ အစွဲအလမ်းတွေကနေ လွတ်မြောက်ပျောက်ကင်းအောင်း ကုသပေးလို့ဖြစ်တယ်။
~ တို့အာရုံတွေကို ချုပ်တည်းထိမ်းချုပ်ထားနိုင်လို့ဖြစ်တယ်။
သခင်ခရစ်တော်ကားတိုင်ပေါ်မှာ အသေခံခြင်း​​ဟာ တစ်ပါးသူအတွက် အရာအားလုံး ပေးဆပ်ခြင်း ဖြစ်တယ်။ အဲ့တာချစ်ခြင်းမေတ္တာအလုပ်ပဲ တို့လိုက်လုပ်ရမယ်။ မဖြစ်နိုင်ပေမဲ့လည်း အဲဒီချစ်ခြင်းမေတ္တာလုပ်ငန်းမှာပါဝင်မှသာ ထာဝရပျော်ရွှင်မူနဲ့ ထာဝရအသက်ကိုရမယ်။

https://www.vaticannews.va/en/pope/news/2019-03/pope-ash-wednesday-mass-...

#lent, #pope, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

20 + 0 =