လှိုင်းကြီးလေထန်မုန်တိုင်းကျလာစဉ်၌ ကျွန်ုပ်ခရစ္စတူးနှင့်အတူတွယ်ကပ်နေပါသလော’

ရဟန်းမင်းကြီးဖရန်စစ်က ‘လှိုင်းကြီးလေထန်မုန်တိုင်းကျလာစဉ်၌ ကျွန်ုပ်ခရစ္စတူးနှင့်အတူတွယ်ကပ်နေပါသလော’ ဟုစဉ်းစားရန်မိန့်ကြား

ရဟန်းမင်းကြီးသည် အပတ်စဉ်တနင်္ဂနွေနေ့မွန်းတည့်အချိန်၌ အန်ဂျေလုစ်မေတ္တာကို သူ၏ကျောင်းတော်ရှေ့၌ရှိသော စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်အတူဆုတောင်းလေ့ရှိသည်။ မဆုတောင်းမီ အဆိုပါတနင်္ဂနွေနေ့၌ဖတ်ကြားရသောဧ၀ံဂေလိကျမ်းစာကို ဘုရားဖူးများအားထောက်ရူဆင်ခြင်ချက်ကိုမျှ‌ေ၀ပေးလေ့ရှိသည်။

ယခုတစ်ပတ်သည် အမိသာသနာ၏ တစ်နှစ်တာ၀တ်ပြုခြင်း၏ (၁၂) ကြိမ်မြောက်သာမန်ကာလတနင်္ဂနွေနေ့ဖြစ်သည်။ ဖတ်ကြားရသောဧ၀ံဂေလိကျမ်းစာမှာ သံမာကု၏ကျမ်းမှဖြစ်သည်။ အဖြစ်အပျက်မှာ ယေဇူးသခင်နှင့်တပည့်တော်ကြီးတို့ကမ်းတစ်ဖက်သို့ကူးသွားစဉ်၌ မုန်တိုင်းမိသွား၍လှေနစ်လုလုဖြစ်သွားသည့်အကြောင်းဖြစ်သည်။

ထိုသမ္မာကျမ်းလာအဖြစ်အပျက်နှင့်စပ်လျင်း၍ရဟန်းမင်းကြီးက ‘အနှောက်အယှက်နှင့်စုံစမ်းမှုများနှင့်ကြုံရသော် လည်း ကျွန်ုပ်တို့သည် ယေဇူးသခင်ကိုသာအားကိုးယုံကြည်ရမည်’ ဟုအစပျိုးမိန့်ကြားခဲ့သည်။

ဘေးဒုက္ခ၊ အနှောက်အယှက်များနှင့်ကြုံရလျှင်လည်း ယေဇူးသခင်ကိုယုံကြည်ပါ (Trusting the Lord amid turmoil) မည်ကဲ့သို့ သော ဘေးဆိုးများနှင့်ကြုံရစေကာမူ ယေဇူးသခင်ကိုအားကိုးယုံကြည်ပါက နောက်ဆုံးတွင်သူဖြေရှင်းပေးနိုင်သည်။ ယေဇူးသခင်သည် တပည့်တော်ကြီးတို့၏သူ့အပေါ်အားကိုးယုံ ကြည်မှုကိုစမ်းသပ်လို၍ ဖြစ်ပေါ်နေသောအခြေအနေကိုလစ်လျူရူအိပ်မောကျနေခဲ့ဟန်တူပါသည်။ အခြေ အနေအလွန်ဆိုး၀ါးလာသော အခါ ယေဇူးသခင်ကလေနှင့်ပင်လယ်ကိုအမိန့်ပေးလိုက်ရာချက်ချင်းငြိမ်ကျသွားခဲ့သည်။ တပည့်တော်ကြီးတို့သည် ယေဇူးသခင်နှင့်အတူရှိနေခြင်းနှင့်အာဏာကိုကိုယ်တွေ့ကြုံတွေ့ခံစားခဲ့ကြရသည်။

၄င်းတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်သည် ကြောက်ရွံ့စိုးရိမ်နေခဲ့သောတပည့်တော်ကြီးတို့အား ကြုံတွေ့ရင်ဆိုင်နေရသောဒုက္ခသည် မည်မျှပင်အင်အားပြင်းထန်နေစေကာမူ ထိုအခက်အခဲကိုရင်ဆိုင် ကျော်လွှာပြီးနောက်ပိုင်း အခက်အခဲများ၊ အနှောက်အယှက်များကိုရင်ဆိုင်ရန်အသင့်ဖြစ်လာပြန်သည်။ ထို့ အတူပင် ဧ၀ံဂေလိတရားကိုဟော ပြောရန်ကြောက်ရွံ့နေခဲ့သော်လည်း စွန့်စားရဲ၀ံ့လာသည်။ အဘယ်ကြောင့် ယေဇူးသခင်သည် ဤအဖြစ်အခြေ အနေမျိုးကိုကြုံတွေ့ရန်ဖန်ရသနည်းဟုမူ တပည့်တော်ကြီးတို့အားယုံကြည်ခြင်းအရာ၌ပို၍ခိုင်မြဲလာစေရန်နှင့်သတ္တိဗျတ္တိများတိုးလာစေရန်ဖြစ်သည်။ ယခုကဲ့သို့သော အခက်အခဲအနှောက်အယှက်ကို တပည့်တော်ကြီးတို့သည် ယေဇူးသခင်နှင့်အတူကျော်ဖြတ်ပြီးနောက်နောင်ကြုံလာမည့်အခက်အခဲ၊ အနှောက်အယှက်များဖြစ်ကြသည် လက်၀ါးကပ်တိုင်ကိုပွေ့ဖက်ခြင်း၊ တရားတော်အတွက် မိမိတို့အသက်တာကိုအပ်နှံ၀ံ့ခြင်း၊ ဧ၀ံဂေလိတရားကိုလူမျိုးတကာတို့ထံသယ်ဆောင်ရာ၌တွေ့ကြုံရမည့်အတားအဆီးများအားလုံးကိုအဘယ်သို့ရင်ဆိုင်ကျော်ဖြတ်ရမည်ကိုသိလာမည်။

ကျွန်ုပ်တို့၏အသက်တာနှင့်ယှဉ်ကြည့်ကြပါစို့ (Applies to us) ယေဇူး သခင်သည် တပည့်တော်ကြီးတို့အားပြုမူခဲ့သကဲ့သို့ ကျွန်ုပ်တို့၏ဘ၀၌လည်းထို့အတူပင်လုပ်ဆောင်ပေးလျှက်ရှိသည်။ အထူးသဖြင့် ကိုယ်တော်မြတ်
စက္ကရာမင်တူး၌ ယေဇူးသခင်သည် ကျွန်ုပ်တို့အား သူ၏အနီးအပါးသို့ခေါ်ယူစုရုံးသည်။ သူ၏နှုတ်တော်မြွတ်စကားကိုပေးမျှသည်။ ယေဇူးသခင်၏ သွေးတော်၊ အသားတော်ဖြင့်အင်အားတိုးပွားလာစေသည်။

ရဟန်းမင်းကြီးသည် သူ၏အတွေအကြုံနှင့်စပ်လျင်း၍ ယေဇူးသခင်သည်ကျွန်ုပ်တို့အားစတင်ရွက်လွှင့်ရန်၊ ကျွန်ုပ်ကြားသိခဲ့သမျှကိုပြန်လည်လက်ဆင့်ကမ်းရန်၊ ကျွန်ုပ်တို့ရရှိခဲ့သည်များကို‌လူတိုင်းနှင့်‌ေ၀မျှရန် နေ့စဉ်ခေါ်ဖိတ်နေသည်။ ဤသို့ပြုလုပ်ရာ၌ စံချိန်၊ သာချိန်၌သာမဟုတ်။ အချိန်တိုင်း၊ အခြေအနေတိုင်း၌ပြုလုပ်ရမည်။

ယေဇူးသခင်သည် ကျွန်ုပ်တို့အကြပ်အတည်းတွေ့ကြုံနေချိန်၌ မမြင်၊ မကြားသကဲ့သို့လစ်လျူမရူနိုင်ပေ။ မစွန့်ပစ်။ အခက်အခဲများကိုအကျိုးရှိစွာရင်ဆိုင်ရန်ကူညီပေးကြောင်း၊ မည်သို့သောအခက် အခဲမျိုးကိုမဆိုယေဇူးသခင်၏ အကူအညီဖြင့်ကျော်လွှားရန်၊ သူ၏ အစွမ်းတန်ခိုး၌ယုံကြည်ရန်၊ သူ့ထံမှပိုမိုသင်ယူတတ်ရန်၊ သူ့အားဖက်တွယ်ထားရန်၊ သူသည်လူတို့၏အစွမ်းထက်များစွာကျော်လွန်သည့်အစွမ်းရှိကြောင်း၊ ယေဇူးသခင်၌လုံး၀ဥသုန်အပ်နှံယုံကြည်ခြင်းသည် မသေချမရေရာသော၊ ချီတုံချတုံအဖြစ်မျိုးများမှလည်း သတ္တိ၊ စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းစွာဖြင့်ကျော်လွှားနိုင်စေကြောင်း၊ ကောင်းကင်နိုင်ငံတော်သည် ဤနေရာရှိကြောင်း၊ ယေဇူးသခင်သည်ကျွန်ုပ်တို့ဖက်၌ရှိနေကြောင်း၊ အခက် အခဲများအားလုံးကိုကျော်လွှားပြီး အတူတကွကြီးထွာအောင်လုပ်ဆောင်နိုင်ကြောင်းအကြံပေးခဲ့သည်။

မည်သို့လှိုင်လေခတ်ထန်စေကာမူ ကျွန်ုပ်၏အစဉ်ကူညီပေးမှုရှိနေမည် (My constant help amid any storm)
ဩ၀ါဒ၏အဆုံးပိုင်း၌ ရဟန်းမင်းကြီးက ဘုရားဖူးများအားဆင်ခြင်ထောက်ရူရန်မေးခွန်းများကိုပေးခဲ့သည်။

ဘ၀မိုးမှောင်ကျချိန်၌ ယေဇူးသခင်ကျွန်ုပ်နှင့်အတူရှိသည်။ ကျွန်ုပ်ကိုကူညီပေးခဲ့သည်ဟုခံစားခဲ့သောအချိန်ကိုပြန်လည်အမှတ်ရနိုင်ပါသလော။ မုန်းတိုင်းကျရောက်လာသောအခါ ထိုဘ၀မုန်တိုင်းကြား၌ပိတ်မိနေခဲ့သလော။ သို့မဟုတ် ငြိမ်သက်ခြင်း၊ တည်ငြိမ်ခြင်းများရရှိလာရန် ဆု တောင်းခြင်း၊ တိတ်ဆိတ်စွာနေခြင်း၊ ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုနားစွင့်ထောင်ခြင်း၊ ကိုယ်တော်မြတ်ကိုးကွယ်ခြင်း၊ မိမိ၏ညီအစ်ကိုများနှင့်ယုံကြည်ခြင်းအသက်တာဆိုင်ရာရင်းနှီးစွာ မျှ ‌ေ၀ခြင်းများကိုပြုလုပ်၍သူ့ကိုအားကိုးဖက်တွယ်ခဲ့သလောဟုမိန့်ကြားရင်း ဘုရားသခင်၏အလိုတော်ကိုနှိမ့်ချခြင်း၊ ရဲစွမ်းသတ္တိအပြည့်ဖြင့်လက်ခံရှင်သန်ကျော်ဖြတ်ခဲ့သော အမိမယ်တော်၏ကူညီဆုတောင်းပေးခြင်းကိုခံယူ၍ ဘ၀၏မည်သည့်အခက်အခဲမျိုး၊ စုံစမ်းမှုမျိုးကိုကြုံတွေရပါစေဘုရားသခင်၌လုံး၀ဥသုန်အပ်နှံရှင်သန်ကြပါစို့ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/10O2

 

Add new comment

1 + 1 =