လေးစားမှု ကင်းမဲ့ခြင်းသည် လူမဆန်သော လုပ်ရပ်ဖြစ်၏

လေးစားမှု ကင်းမဲ့ခြင်းသည် လူမဆန်သော လုပ်ရပ်ဖြစ်၏

လေးစားမှု ကင်းမဲ့ခြင်းသည် လူမဆန်သော လုပ်ရပ်ဖြစ်၏

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်းတည်ထောင်ခြင်း နှစ် (၇၀) ပြည့်အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့ကာ ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများ၏ မျက်နှာကို ထောက်ထား၍ ကာကွယ်စောင့် ရှောက်မှုများပြုလုပ်ရန် လိုအပ်ကြောင်း ၄င်းသ၀ဏ်လွှာ၌ သတိပေး မိန့်မှာတော်မူခဲ့သည်။

ကမ္ဘာတလွှားမှ ထောင်သောင်း မကသော ရွှေ့ပြောင်းနေထိုင်သူများအား ယနေ့ခေတ်၏ လစ်လျူရှုခံ လူတန်းစားသာသာ သတ်မှတ်ခံနေရသည်ကို ၀မ်းနည်းဖွယ်တွေ့ရကြောင်း ပြောကြားခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် ကုန်စည် ပစ္စည်းများကဲ့သို့ တစ်ဖုံ၊ ချက်စ် ကစားပွဲက နယ်ရုပ်လေးများကဲ့သို့ ထိုးကျွေးလဲလှယ်ခြင်းခံရသည့် နိုင်ငံရေးတင်းမာမှုများကြားက မြေစာပင်အဖြစ်လည်း မြင်နေကြရသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်နေထိုင်သူများအဖွဲ့အစည်း (IOM) သည် ရွှေ့ပြောင်းဒုက္ခသည်များနှင့်ဆိုင်ရာ ကိစ္စများအတွက် ရပ်တည်ပေးနေသော ဂျီနီဗာမြို့အခြေစိုက် အဖွဲ့စည်းတစ်ခုဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် သည် အဆိုပါ အဖွဲ့စည်း၌ အဖွဲ့ဝင်တစ်ဦးအဖြစ် (၁၀) နှစ်ခန့် နေခဲ့ဖူးသည်။ အရှင်သူမြတ်၏ သ၀ဏ်လွှာတွင် ပုပ်ရဟန်း မင်းကြီးက "အတိဒုက္ခအခက်ခဲကြုံတွေ့ရတဲ့ ဒုက္ခသည် တစ်ယောက်ကို ဘယ်လိုအကြောင်းမျိုးနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ဖို့ လုပ်ချင်ကြတာလဲ။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုတောင် မငဲ့ကွက်ဘဲ နိုင်ငံတစ်ခုရဲ့ တိုးတက်အောင် မြင်မှုကို ဘယ်လိုများ စဉ်းစားနေကြလဲ။ အခြေခံကျတဲ့ လူ့ဂုဏ်သိက္ခာဆိုတာကို ထည့်သွင်းမစဉ်းစားသရွေ့ ဘယ်လိုမှ လူသားမဆန်နိုင်ပါဘူး။ ဒီလိုရွှေ့ပြောင်းနေထိုင်နေရခြင်းသည် သူတို့ဟာ သူတို့ ဖြစ်တည်လာရတာထက် မညီမျှခြင်းတွေ မမျှတခြင်းတွေ၊ ဘ၀အခွင့်လမ်းတွေ၊ လုံခြုံစိတ်ချရခြင်းတွေ၊ အကျိုးခံစားခွင့်ရှိခြင်းတွေကို လိုလားတောင့်တရာကနေ တဖြေးဖြေး တွန်းပို့စေခဲ့ခြင်းပဲ ဖြစ်ပါတယ်" ဟု အရှင်သူမြတ်က မိန့်ခဲ့သည်။

ဆက်လက်၍ "ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြသနာဟာ သူတို့နဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ ကျွန်ုပ်တို့ တစ်ဦးချင်း စီနဲ့လည်း သက်ဆိုင်တယ်။ ကျွန်ုပ်တို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် လူ့အဖွဲ့စည်းအတွက် သက်ရောက်မှုတွေ ရှိနိုင်တယ်။ ရွေ့ပြောင်းနေထိုင်သူတွေ များလာတာ အံ့သြစရာတော့ မဟုတ်ဘူး။ သူတို့ကို လူသား တစ်ယောက်လိုပဲ မြင်တတ်ရမယ်။ သူတို့ရဲ့ ဘ၀ဇာတ်လမ်းတွေကို နားထောင်ပေးပါ။ တစ်ဦးချင်းစီနှင့် မိသားစုအလိုက် အတတ်နိုင်ဆုံး တုန့်ပြန်ဖြည့်ဆည်း မှုတွေ လုပ်ကြပါ။ ဒါဟာ လူသားချင်း စာနာမှု၊ တရားမျှတမှုနှင့် မိသားစုစိတ်ဓါတ်ကို ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်က ဒုက္ခရောက်သူဆို အလွယ်လေး လစ်လျူရှုပစ်လိုက်တာပဲ။ ကူကယ်ရမယ့်အစား လူကိုပယ်နေကြတဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြရမယ်။ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ဖို့ သိက္ခာရှိတဲ့ လုပ်ရပ်တွေ နည်းလမ်း အသစ်တွေနှင့် ရှာဖွေဆောင်ရွက်ဖို့ လိုတယ်။ လူသားထုတစ်ရပ်လုံးအား မိသားစုသဖွယ် ချည်နှောင်ပေးမယ့် လုပ်ရပ် တွေကို ဆောင်ရွက် ကြရပါမယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ သက်မဲ့အရုပ်တွေမဟုတ်ဘူး။ လူ့ဂုဏ်သိက္ခာ အပြည့်အ၀ရှိတဲ့ လူသားတွေ ဖြစ်ပါတယ်။ ဒါကို သတိမူပြီး ကာကွယ်စောင့်ရှောက်ခြင်း၊ ကြိုဆိုလက်ခံခြင်းများကို ပြုလုပ် ကြဖို့ မမေ့ကြပါနဲ့" ဟု အရှင်သူမြတ်က သတိပေး မိန့်မှာတော်မူခဲ့ပါသည်။

ဘာသာပြန် - သီကိုရှင်း

https://bit.ly/3dn5n8v

Add new comment

1 + 5 =