လေလိုင်းမှလူများထံအရောက်ပို့ပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ ဩ၀ါဒ

လေလိုင်းမှလူများထံအရောက်ပို့ပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ ဩ၀ါဒ

ငါသည်ဧဝံဂေလိသတင်းကောင်းကိုမဟောပြောလျှင်ငါ၌အမင်္ဂလာရှိ၏။ (ပ ကော်ရိန့်သု ၉:၁၆) 

၁၅.၄.၂၀၂၀

၀ါတွင်းကာလပဉ္စမပတ်မြောက်မှစ၍မြန်မာနိုင်ငံရှိကက်သလစ်ဘုရားကျောင်းများ၌လူစုလူဝေးဖြင့်ဆုတောင်း၀တ်ပြုရန်မြန်မာနိုင်ငံတော်ဆရာတော်ကြီးများအဖွဲ့ချုပ်မှဒေသ၏လိုအပ်ချက်ကြောင့်ကြေ     ညာခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ကိုဗစ် (၁၉) ရောဂါပိုးသည်မြန်မာပြည်သို့လည်းစတင် ကူးစက် လာ သော ကြောင့်ဖြစ်ပါသည်။ သို့သော်ဥရောပနှင့်အမေရိကားနိုင်ငံများတွင်ထိုထက်များစွာစော ၍ကြေငြာ ချက်ထုတ်ပြန်ပိတ်ထားခဲ့ပြီဖြစ်သည်။

ထိုထုတ်ပြန်ချက်ကြောင့်လည်းဗုဒ္ဓဟူးနေ့တိုင်းရဟန်းမင်းကြီးသည်ဘုရားဖူးများနှင့်ယခင်ကကဲ့သို့လူချင်းရင်းရင်းနှီးနှီးမတွေ့နိုင်တော့သည်မှာလနှင့်ချီပြီဖြစ်သည်။ လူချင်းမတွေ့၊ မဆုံနိုင်သော်လည်း ရဟန်း မင်းကြီး သည်ထိုဆုံဆည်းမူကိုရပ်တန့်မထား။ ခေတ်မှီနည်းပညာ၏အကူအညီဖြင့်ကမ္ဘာတစ် ဝှမ်းရှိ သူ၏ ဩ၀ါဒ၊ သူ၏အားပေးနှစ်သိမ့်စကားများကိုစောင့်စားနေကြသောလူထုပရိသတ်များနှင့် ပုံမှန်ထိ တွေ့ လျှက် ရှိသည်။ အဘယ်ကြောင့်ဆိုသော်ရှင်ပေါလုကဲ့သို့ဧ၀ဂေလိတရားကိုဟောကြားရန်သူ ၌တာ ၀န်ရှိ သည်။ မဟောလျှင်သူ၌အမင်္ဂလာရှိသည်။ ထို့ကြောင့်စိန့်ပီတာရင်ပြင်၌လူသူကင်းမဲ့တိတ် ဆိတ်နေ သော် လည်း ရင်ပြင်ကြီး၌ယခင်သာမန်အချိန်ကကဲ့သို့လူများကျိတ်ကျိတ်တိုးပြည့်လျှံနေသည့် အလား ဧဝံဂေလိ ကျမ်းဟောပြောရန်မမောမပန်းနိုင်ရှာပေ။ ယမန်နေ့သည်လည်းဗုဒ္ဓဟူးနေ့ဖြစ်သည်။ ထို့ကြောင့် ရဟန်း မင်းကြီးပုံမှန် အတိုင်းပင်သူ၏ ဩဝါဒကို လေလိုင်းမှလူများထံအရောက်ပို့ပေးခဲ့သည်။ ၄င်း၏ဩ၀ါဒမှာ

ချစ်လှစွာသောချစ်ကိုမောင်နှမအပေါင်းတို့

မင်္ဂလာတရားတော်လာအကြောင်းအရာကိုထောက်ရူခဲ့သည်မှာယခုဆိုလျှင်ခုနှစ်ပါးမြောက်လာခဲ့ပြီဖြစ်သည်။ ထိုခုနှစ်ပါးမြောက်မင်္ဂလာတရားမှာ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သောသူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည်ဘုရားသခင်၏သားများဟုအခေါ်ခံကြရလိမ့်မည် ဖြစ် သည်။ (ရှင်မာတေဦး ၅:၉) အသွင်မတူသောငြိမ်ချမ်းရေးများစွာရှိသည့်အနက်တစ်မျိုးကိုသမ္မာ ကျမ်းစာ တွင်တွေ့နိုင်ပါသည်။ ထိုငြိမ်းချမ်းခြင်းကို Shalom ဟုအမည်တပ်နိုင်ပြီး၊ ဆိုလိုရင်းမှာကြွယ်၀၊ ပြည့်လျှံ သောအသက်တာဟုဆိုလိုပါသည်။ ဒုတိယ အနက်ကား ခေတ်သစ် အတွေးအမြင် ဖြစ်သည့် အ တွင်းစိတ်ကြည်လင်တည်ငြိမ်ခြင်းဖြစ်သည်။ ဒုတိယအမျိုးအစားသည်မစုံလင်လှပေ။ အဘယ်ကြောင့် ဆိုသော်ကျွန်ုပ်တို့၏အတွင်းစိတ်အနှောက်အယှက်ဖြစ်သွားလျှင်ထိုငြိမ်သက်ခြင်းမရှိတော့ပေ။

ယခုပါစကားကာလ၌ယေဇူးသခင်သည်သူ၏ငြိမ်သက်ခြင်းကိုယူဆောင်လာပေးသည်။ ထိုငြိမ် သက်ခြင်း သည်သူ ၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း၏အသီးအပွင့်ဖြစ်သည်။ ယေဇူးသခင် ဆောင် ယူလာသော ငြိမ်သက်ခြင်း သည်လောကပေးသောငြိမ်သက်ခြင်းနှင့်မတူပေ။ အဘယ်ကြောင့်ဆိုသော် လောကပေး သောငြိမ် သက်ခြင်းသည်တစ်ပါးသူအားထိခိုက်နစ်နာစေခြင်းမှရယူကြသည်။ စစ်မှန်သော ငြိမ်းချမ်း ရေး မှာပိုင်းခြားထားသောရန်လိုမုန်းတီးမူတံတိုင်းကိုဖြိုချခြင်းဖြစ်ရမည်။ (ဧဖက် ၂:၁၄)

 ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သောသူသည် ဘုရားသခင်၏ကျေး ဇူးတော်ဖြင့် ယေဇူးသခင် အားစံပြု အတုယူသူဖြစ်ရမည်။ သူသည်လူမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေးဘဲ မိမိကိုယ်ကို ထိခိုက် အ နစ်နာ ခံကာသူတစ်ပါးနှင့်ကြေအေးခြင်းကိုပြုလုပ်သူဖြစ်သည်။ ဤသို့ပြုလုပ်သောသူများ သည်ဘုရား သ ခင်၏သား သမီးအစစ်အမှန်ဖြစ်သည်။ ကျွန်ုပ်တို့အား လည်းစစ်မှန် သောပျော်ရွှင် မူပေးသော လမ်းစဉ် ကို မီးမောင်းထိုးပြပေးနေသည်။ သေခြင်းမှရှင်ပြန်သောခရစ္ဆငတူး၏ငြိမ်းသက်ခြင်း၌ သင်တို့ အားလုံးကို ပျော်ရွှင် သောပါစကားဖြစ်ပါစေဟုထပ်မံဆုတောင်းပြုနှုတ်ဆက်ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့် အားတယ်

https://bit.ly/2XHrfoy

 

 

Add new comment

2 + 1 =