လူအများပြောသောယုံကြည်ခြင်းထက် မိမိကိုယ်တိုင်သိသောယုံကြည်ခြင်း

အပတ်စဉ် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း

လူအများပြောသောယုံကြည်ခြင်းထက် မိမိကိုယ်တိုင်သိသောယုံကြည်ခြင်း
စက်တင်ဘာလ ၁၆၊ ၂၀၁၈
https://www.vaticannews.va/en/pope/news/2018-09/pope-francis-angelus-fai...

#pope, #angelus, #beopened, #help, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေ ခံပြီး သခင်ခရစ်တော်သည် ကျွ်နုပ်တို့အားသူနှင့် ကိုယ်ပိုင်ရင်းမှုရှိရန်ဖိတ်ခေါ်နေကြောင်းကို ဟောကြားခဲ့ပါသည်။
သူ၏ အမှန်တကယ်ဖြစ်တည်မှုကို သူ၏ နောက်လိုက်တပည့်များအား သေချာစွာသိရှိစေ၍ အပြည့်အဝနားလည်စေရန် သခင်ခရစ်တော်သည် မိမိမည်သူဖြစ်ကြောင်း မိမိကို မည်ကဲ့သို့အမြင်ရှိကြောင်း သူ၏ နောက်လိုက်တပည့်များအားမေးခဲ့ပါသည်။
လူအများက သခင်ခရစ်တော်အား ကိုယ်တော်သည် ယောဟန်ဘတ္တိဇံ၊ ဧလိယ၊ ပရောဖက်တစ်ပါပါးဟု ထင်မြင်ကြောင်းဖြေကြားခဲ့ကြပါသည်။ သူတို့၏ အဖြေမပြည့်စုံမှုကြောင့် မိမိအကြောင်းကိုပိုသိစေရန် သင်တို့ကရော ငါမည်သူဖြစ်သည်ထင်သနည်းဟု ဆက်လက်မေခဲ့ပါသည်။ ဤနေရာ၌ ကျွ်နုပ်တို့၏ ယုံကြည်ခြင်းသည် လူတို့ပေးသော ပုံသေနည်း၊ အများလက်ခံထားသော ပုံသက်သေများလောက်သာဖြစ်နေလျှင် မပြည့်စုံသည့်အကြောင်း၊ သခင်ခရစ်တော်ကို ဟိုလူကဒီလိုပြောလို့၊ ဒီလူကဒီလိုပြောလို့ ယုံကြည်ပါသည် ဆိုသောအချက်ထက်သာလွန်၍ သခင်ခရစ်တော်ကို ကျွန်ုပ်ကိုယ်၌က ဘုရားအဖြစ်သိရှိလက်ခံခြင်း၊ သခင်ခရစ်တော်နှင့် ကိုယ်ပိုင်ရင်းနှီး သိကြွမ်းနားလည်ခြင်းသည်သာ စစ်မှန် ပြည့်ဝသော ယုံကြည်ခြင်းဖြစ်ကြောင်း (မိမိနှင့်သခင်ခရစ်တော် သိကြွမ်းမှုကိုယ် အဓိက နားလည်စေခြင်း) ရဟန်းမင်းကြီးမှ ဟောကြားခဲ့ပါသည်။
ယနေ့ကျွနု်ပ်တို့အယောက်တိုင်းစီကို (မင်းငါ့ကို ဘယ်လိုနားလည်သလဲ) (မင်းငါ့ကိုဘယ်လောက်သိလဲ) (ငါဘယ်သူလဲ မင်းသိလား) ဟု သခင်ခရစ်တော်ကမေးနေပါသည်။
ယင်းအခြေအနေတွင် ရှင်ပေတရု ကဲ့သို့ (ကိုတော်သည်ကယ်တင်ရှင်မက်စီးယား) ဖြစ်ပါသည်ဟု မိမိသိကြွမ်းမှုကိုဖော်ပြနိုင်ရပါမည်။
ကြီးမားစွာဒုက္ခခံမည်၊ ငြင်းပယ်ခံရမည်၊ အသေသတ်ခြင်းခံရမည်၊ သုံးရက်မြောက်သောနေ့ တွင်ပြန်လည်ရှင်ပြန်ထမြောက်မည် . . ဤအရာများသည် ဘုရားသခင် စီစဉ်ထားသော သခင်ခရစ်တော်၏ လမ်းစဉ်ဖြစ်ပါသည်။ သို့သော် ရှင်ပေတရု လက်မခံနိုင်ခဲ့ပါ။ ကျွနု်ပ်တို့ ဘဝတွင် ရှင်ပေတရုကဲ့သို့ ဒုက္ခအခက်အခဲပြသနာများကို မလိုခြင်ကြောင်း ဖော်ပြမိတတ်ကြပါသည်။
သခင်ခရစ်တော်ကိူယုံကြည်၍ သူနောက်လိုက်ခြင်းသည် နူတ်ဖျားမှယုံကြည်ရုံနှင့်မရပါ ၊ မိမိ၏ ယုံကြည်မှုကို ဘဝနှင့်သက်သေပြရပါမည်၊ သခင်ခရစ်တော်ကို ကတယ်ယုံကြည်သူသည် မိမိဟန်ဆောင်ဖုံးကွယ်ထားသည့်မာနတရားကို အပြီးတိုင်စွန့်လွတ်နိုင်ရပါမည်၊ ဤအရာသည် မိမိကားတိုင်ကိုထမ်း၍ ခရစ်တော်နောက်လိုက်ခြင်းဖြစ်ပါသည်။
စစ်မှန်သောပျော်ရွင်မှုသည် စစ်မှန်သော ချစ်ခြင်းမေတ္တာ ၌သာရှိကြောင်းဟောကြားခဲ့ပါသည်။

 

Add new comment

9 + 6 =