လူအများကောင်းကျိုး ချမ်းသာအတွက် တပည့်တော်ကြီးများကဲ့သို့ နောက်လိုက်ကောင်းများဖြစ်ကြရန်

အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းတွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း ဘာသာတရားသင်ကြားခြင်း

လူအများကောင်းကျိုး ချမ်းသာအတွက် တပည့်တော်ကြီးများကဲ့သို့ နောက်လိုက်ကောင်းများဖြစ်ကြရန်
သြဂုတ်လ ၇၊ ၂၀၁၉

အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းတွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း ဘာသာတရားသင်ကြားခြင်းတွင် သခင်ခရစ်တော်၌ အပြည့်အဝယုံကြည်ကြဖို့၊ အသက်ရှင်နေထိုင်ကြဖို့ အတွက် တမန်တော်ဝထ္တု ကိူအခြေခံပြီး သွန်သင်ခဲ့ပါသည်။

တမန်တော်ဝထ္တု ၃ း ၃ - ၆ မှာ ပေတရု နှင့် ယောဟန် တို့မှ ကိုယ်လက်သေနေသော တောင်းရမ်းစားသောက်သူ တစ်ယောက်ကို ငါတို့၌ ရွှေလည်းမရှိ ငွေလည်းမရှိ သို့သော် သခင်ခရစ်တော်၏ နာမတော်၌ ထလောဆိုပြီး ကုသပေးခဲ့တယ်။ တပည်တော်ကြီးတွေဟာ နုတ်ကပတ်တော် ကို လက်တွေအသုံးချခဲ့ကြတယ်၊ နုတ်ကပတ်တော် ကို ဟောကြားရုံသက်သက်မဟုတ် တိကျသေခြာသော အမှန်တရားမှထွက်ပေါ်လာသည့် လက်တွေ့ပါသော ကုသပေးမူ့များ နှင့် သက်သေခံခဲ့ကြတယ်။

သခင်ခရစ်တော်၏ နာမတော်၌ တံခိုလက္ခဏာတွေ ဖြစ်ပေါ်စေခဲ့ကြတယ်။ ဒီအချက်ဟာ သခင်ခရစ်တော် အပေါ်မှာပြည့်ဝသောယုံကြည်ခြင်း နှင့် နုတ်ကပတ်တော် ၏ စွမ်းပကားကို ဖော်ပြနေခြင်းဖြစ်တယ်။

ပေတရု က ကိုယ်လက်သေနေသောသူကို လက်ဆွဲထူမပြီး၊ ထပြီးလှမ်းသွားနိုင်အောင် ကူညီပေးခဲ့တယ်။ ပေတရု ဟာ အသင်းတော်ကို ကိုယ်စားပြုတယ် အသင်းတော်က လဲးကျနေသူတွေ၊ ခံစားနေရသူတွေ၊ ဒုက္ခရောက်နေသူတွေကို ထူမပေးနေခြင်ဖြစ်တယ်။ ဒါကြောင့် မျက်လုံးတွေပိတ်မထားကြပါနဲ့ လူတွေရဲ့ခံစားချက်ကို မြင်အောင်ကြည့်ကြပါ။ ဝေးကွာစေတဲ့ တံတိုင်တွေဆောက်ပြီး မာနတွေကို အကာအကွယ်ယူနေကြတဲ့ကမ္ဘာကြီးမှာ စစ်မှန်သော မိတ်ကောင်းဆွေစစ်အဖြစ် ချစ်ခြင်းမေတ္တာ တံတားများဆောက်ကြရမယ်၊ အဓိပ္ပါယ် ရှိသော ခင်မင်မူ့ကိုဖော်ပြသည် ချစ်ခြင်းမေတ္တာ အခြေအနေများဖန်တီးကြရမယ်။

တပည်းတော်ကြီး ပေတရု နဲ့ ယောဟန်က ကိုယ်လက်သေနေသော တောင်းရမ်းစားသောက်သူအား ကျေးဇူးတော် ဝေမျှပေးခြင်သော စေတနာစိတ်နဲ့ ငါတို့ကို ကြည့်ပါ ဆိုပြီး ထိုလူစီထိရောက်အောင်သူတိုရဲလက်ကို ဆန့်ထုတ်ပြီး ထူမပေးခဲ့တယ် ကုသပေးခဲ့တယ်။ ဒီအပြုအမူဟာ သခင်ခရစ်တော်ရဲ့အပြုအမူမျိုးအတိုင် တပည်တော်ကြီးတွေပြုမူခဲ့ကြခြင်းဖြစ်တယ်။

တို့ဘဝမှာ ဒုက္ခရောက် အရောက်ဆုံးအချိန်၊ အားကိုးရာမဲ့ နာကျင်နေရသော အချိန် မှာ သခင်ခရစ်တော်က လက်ကမ်းပေးနေပါတယ်၊ ငါ့ကိုကြည့်ပါ ငါဒီမှာ ရှိနေတယ် လို့ ပြောနေတာကို သိရှိခံစားပြီး သူရဲ့ ကယ်တင်ကုသပေးမူ့ရဖို့ တို့ရဲ့ လက်ကို ဆန့်ထုတ်ပြီး သခင်ခရစ်တော်ရဲ့ လက်ကို ဖမ်းကိုင်နိုင်ရမယ်။

သခင်ခရစ်တော် ၌ အပြည့်အဝ ပေါင်းစပ်ခြင်းဟာ စစ်မှန်သော ကောင်းကျိုး ချမ်းသာဖြစ်တယ်ဆိုတာကို သတိရှိကြရပါမယ်။ တဆက်တည်းမှာပဲ သခင်ခရစ်တော်က ကျွနု်ပ်တို့ကို ထူမပေးဖို့လက်ကမ်းပေးနေသလို ကျွနု်ပ်တို့ကလည်း တပါးသူကို ထူမပေးဖို့ လက်ပြန် ကမ်းပေးနေရမယ် ဆိုတာကို မမေ့ပါနဲ့။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2YQNdm3

 

Add new comment

16 + 1 =