လူအဖွဲ့အစည်း၏ ဒဏ်ရာများကို အသစ်သောသာသနာပြုခြင်းဖြင့်ကုသကြရန် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ စီစီလီရှိသာသနာတော်ကို ​တောင်းဆို

လူအဖွဲ့အစည်း၏ ဒဏ်ရာများကို အသစ်သောသာသနာပြုခြင်းဖြင့်ကုသကြရန် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ စီစီလီရှိသာသနာတော်ကို ​တောင်းဆို
စက်တင်ဘာ ၁၅၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-piazza-arme...
g#pope, #sicily, #italy, #help, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာ ၁၅၊ ၂၀၁၈ စနေနေ့တွင် အီတလီနိုင်ငံတောင်ပိုင်း စီစီလီကျွန်းသို့ တစ်​ရက်တာသွားရောက်လည်ပတ်ခဲ့ပြီး ပထဦးစွာ Piazza Armerina မြို့တွင် ခရီးတထောက်နားပြီး စီစီလီကျွန်းမြို့​တော် Palermo တွင် အသင်းတော်အတွက် မာဖီးယာဂိုဏ်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသူ ဘုန်းတော်ကြီး Pino Pugliesi ၏ သာသနာတော်အတွက်အသက်ပေးသွားခြင်း ၂၅ နှစ်ပြည့်အခန်းအနားပြုသာသနာတော်အတွက်အသသို့ခရီးဆက်ခဲ့ပါသည်။
Piazza Armerina မြို့တွင် ခရီးတထောက်နားစဉ်တွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ Piazza Armerina မြို့ ရှိ ယုံကြည်သူ ဘာသာဝင်များတွေ့ကြုံခံစားနေရသည့် ပြသနာပေါင်းစုံနှင့် ဒဏ်ရာဒဏ်ချက်များဖြစ်သော လူအဖွဲ့အစည်း၊ ရိုးရာယဉ်ကျေးမှု မတိုးတက်ခြင်း၊ အလုပ်သမားများခေါင်ပုံဖြတ်ခံနေရခြင်း၊ မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်ခြင်း၊ ငွေတိုးပေးစားခြင်းကြောင့်ဒုက္ခရောက်ကြရသူများ၊ အရက်စွဲ ​လောင်းကစားစွဲခြင်း၊ မိသားစုကတောက်ကဆဖြစ်ခြင်းနှင့် လူငယ်များအတွက် သင့်​လျော်သော အလုပ်အကိုင် မရှိခြင်း စသည့်အခက်အခဲများကို အသိအမှတ်ပြုပေးခဲ့ပါသည်။
ယင်းဒုက္ခအခက်များကြားတွင်ရှင်သန်ကြရသောသူများအတွက် သနားကြင်နာမူကိုပေးစွမ်းနိုင်ရန် နှင့် ​နည်းလမ်းသစ်များဖြင့်ရှာဖွေကူညီနိုင်ရန် သာသနာအတွင် အဖွဲ့အစည်းများဖွဲ့၍ ကူညီကြရန် ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။ လူတွေရဲ့ဒုက္ခအခက်ခဲများမှတဆင့် ဘုရားရှင်၏ ဒဏ်ရာတော်များကိုမြင်အောင် ​ကြည့်​ရှုနိုင်မှုသည် ကျွနု်​ပ်တို့၏ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေပါသည်။ အသင်းတော်သည် သနားကြင်နာသော အဖွဲ့အစည်း လူသားတို့၏ အတွင်းဒဏ်ရာများကိုသက်သာစေရာဌာန၊ ဘုရားသခင်၏ သနားကြင်နာမှုကို ခံစားစေရာ နေရာဖြစ်ရန် တိုက်တွန်းခဲ့ပါသည်။
အသင်းတော်သည် အဖွဲ့အစည်းအပေါ်ယံ ကူညီပေးခြင်​း မဟုတ်​ဘဲ လူသားတို့ခံနေရသော ဒုက္ခအရင်းအမြစ်များထိရောက်အောင်း ရှာဖွေကူညီပေးကြရန် သတိပေးခဲ့ပါသည်။ လူငယ်များ အရေးနှင့်ပတ်သက်ပြီး မိမိဘဝကို မိမိလက်ရာမြောက်စွာဖန်တီးယူကြရန် သခင်ခရစ်တော်ကိုနမူနာယူတတ်ရ​န် သခင်ခရစ်တော်သည် သင်တို့အတွက် ရိုးသားဖြောင့်မတ်ပြီး သစ္စာရှိသော မိတ်ဆွေကောင်းတစ်​ဦးဖြစ်ကြောင်း လူငယ်များကို တိုက်တွန်းခဲ့ပါသည်။
ကိုယ်တော်မြတ် စက္ကရမင်းတူး မှ ချစ်ခြင်းမေတ္တာ ကိုယူဆောင်ပြီးလောကလမ်းပေါ်ရှိညီကိုမောင်နှမများကို ဝေမျှခံစားစေရန် လုပ်ဆောင်ကြခြင်းဖြင့် ​​တဆက်တည်းမှာပဲ ရဟန်းဘုန်းတော်ကြီးများ ဆရာတော်များကို ပိုမိုစည်းလုံးပြီး မိမိဘာသာဝင်များကို ပိုမိုလွတ်လပ်ခိုင်မာသော ဘဝများဖန်းတီးပေးကြရန် တိုက်တွန်းခဲ့ပါသည်။

 

Add new comment

8 + 0 =