"လူသားဖြစ်ခြင်း၏ ထောက် ရှု စဉ်းစားမှု ရှုထောင့်သည် လူ့ဘဝကိုအရသာဖြည့်ဆည်းပေးသည်။"

"လူသားဖြစ်ခြင်း၏ ထောက် ရှု စဉ်းစားမှု ရှုထောင့်သည် လူ့ဘဝကိုအရသာဖြည့်ဆည်းပေးသည်။"

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဗုဒ္ဓဟူးနေ့၌ လူထုပရိ သတ်ကြီးအား တွေ့ဆုံရာတွင် ဆုတောင်းခြင်းနှင့် သူတို့၏ နေ့စဉ်ဘ၀အသက်တာ၌ လူ သားဖြစ်ခြင်း၏ ထောက်ရှုစဉ်းစားမှုရှုထောင့်ကို လက်ခံကျင့်သုံးကြရန် မြွက်ကြားခဲ့သည်။ ၎င်းသည် ထောက်ရှု စဉ်းစား၍ ဆုတောင်းခြင်းမျိုးမဟုတ်ဘဲ ဘဝကို အရသာဖြစ်စေရန် နေ့စဉ် ထည့်စားကြသည့် ဆားကဲ့သို့ အနည်းငယ်တူနေသည်။

“နံနက်အချိန်တွင် ထွက်လာသော နေမင်းကြီးကို ကြည့်၍ ထောက်ရှုခြင်း (သို့မဟုတ်) နွေဦး ရာသီ၌ အပင်များသည် အစိမ်းရောင်အရွက်များဖြင့် အလှတန်ဆာ ဆင်နေပုံကို ကြည့်ခြင်း၊ တေးဂီတကို နားဆင်ခြင်း၊ ငှက်ကလေးများ၏ တွန်သံကို နားဆင်ခြင်း၊ စာ အုပ်ဖတ်ခြင်းနှင့် လူ၏ မျက် နှာပြင်ကို ပန်းချီလက်ရာဖြင့် ခြယ်သကာ ရေးဆွဲထားသည်ကို ကြည့်ရှုခြင်းအားဖြင့် ထောက်ရှုစဉ်းစားနိုင်သည်။

ပုပ်ရဟန်းမင်းကြီးက ဆက် လက်၍ ပြောကြားထားသည်မှာ မြို့ ကြီးပြကြီးများတွင် နေ ထိုင်သူများအဖို့ အရာအားလုံးသည် လူတို့၏လက်ဖြင့် လက် တွေ့ကျကျ လုပ်ဆောင်မှုများကြောင့် တစ်ခါတစ်ရံ ထောက် ရှုစဉ်းစားနိုင်စွမ်း ပျောက်ကွယ်သွားတတ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ထောက်ရှုစဉ်းစား၍ ဆု တောင်းခြင်းကို အကြံပြုလျက် “ဘုရား သခင်နှင့် ကျွန်ုပ်တို့ဆက်ဆံရေး၏ အသက်တာသည် ကျွန်ုပ်တို့၏ အမြင်ကို ကြည်လင်စေပြီး နှလုံးသားကို သန့်ရှင်းဖြူစင်စေသည်။” ကက်သလစ်အ သင်းတော်၏ သွန်သင်ချက်ကို ကိုးကား၍ “‌ထောက်ရှု စဉ်းစားခြင်းသည် ယေဇူးသခင်ကို ယုံကြည်ခြင်းဖြင့် ကြည့်သော အကြည့်တစ်မျိုးဖြစ်သည်” ဟူ၍ ရဟန်း မင်း ကြီးအရှင်သူမြတ်က မိန့်ကြားခဲ့သည်။

ပုံဥပမာအနေဖြင့် ဆက်လက်ဟောကြားထားသည်မှာ "Ars" တွင်နေထိုင်ကြသော တောင်သူဦးကြီး လင်မယား‌ နှစ်ယောက်က ပလ္လင်‌ရှေ့တွင် "စိန့် ဂျွန် ဗီယာနီ" ဆုတောင်းပဋ္ဌနာပြုနေစဉ် ပြောခဲ့သည်မှာ - "ကျွန်ုပ်သည် သူ့ကို ကြည့်၍ သူသည်လည်း ကျွန်ုပ်အား ကြည့်၏" ဟူသည့် အချက်ကို သုံးသပ်ခဲ့သည်။

“သခင်ယေဇူး၏ မျက်နှာတော်အလင်းသည်ကျွန်ုပ်တို့၏ နှလုံး သားကို လင်းစေပြီး အရာအားလုံးကို သူ၏ အမှန်တရားနှင့် လူသားအား လုံးအပေါ်ထားရှိသော သနားခြင်းကရုဏာတော်ကိုမြင်တွေ့ရန် သင်ကြားပေးသည်။” ဟူ၍ မိန့်ကြားခဲ့သည်။

“အရာအားလုံးသည် (နှလုံး သားထဲမှ ချစ်ခြင်းမေတ္တာဖြင့် ကြည့်နေသည်ဟု ခံစားရသော နှလုံးသားထဲမှ) ဤနေရာမှ လာခြင်းဖြစ်သည်။ ထိုနောက် မှ အဖြစ်မှန်ကို အမျိုးမျိုးသော မျက်စိနှင့် ထောက်ရှုစဉ်းစားရသည်။ "ကျွန်ုပ်သည် သူ့ကိုကြည့်၍ သူသည်လည်း ကျွန်ုပ်အား ကြည့်၏" ဟူသည့် နှစ်မြို့ဖွယ်ကောင်းသော ထောက်ရှုစဉ်းစားခြင်းသည် လေးနက်သော ဆုတောင်းမေတ္တာပြုခြင်း၏ အဓိက အ ချက်ဖြစ်ပြီး၊ စကားလုံးများစွာ စီခြယ်အသုံးပြုရန် မလိုအပ်ပေ။” ဧဝံဂေလိကျမ်းစာတော်မြတ်ထဲတွင်လည်း ထောက်ရှုစဉ်းစားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အကြား ဆန့်ကျင်မှုမျိုးမရှိခဲ့ပေ။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် သည် "ကိုရိုနာဗိုင်းရပ်စ် (coronavirus)" ကူးစက်ပြန့် ပွားမှု ကန့်သတ်ချက်များကြောင့် တမန်တော်များ၏ နန်းတော် စာကြည့်တိုက်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ဤမိန့်ခွန်းသည် ဆု‌ တောင်းမေတ္တာပြုခြင်းအပေါ် တရားတော် သွန်သင်ချက်၏ ၃၂ ကြိမ်မြောက် ထောက်ရှုချက်ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မေလတွင် စတင်ခဲ့ပြီး ကမ္ဘာတစ်ခွင် ရောဂါကုသပြီးနောက် လိပ်စာကိုးခုအောက်၌အောက် တိုဘာလတွင် ပြန်လည်စတင်ခဲ့သည်။

ပရိသတ်များအား မိန့်ခွန်းပေးသည့် အဆုံး၌ ပုပ်ရဟန်း မင်း ကြီးက ကက်သလစ်ဘာသာဝင်များအား မေလတစ် လျှောက် လုံး ပုတီးစိပ်ဆု တောင်းကြဖို့ သတိပေးခဲ့သည်။ ယခုလတွင် ကမ္ဘာတဝှမ်းရှိ ကက်သလစ်ဘုရားကျောင်းများသည် နေ့စဉ်ပုတီးစိပ်၍ "ကိုရိုနာဗိုင်းရပ်စ် (coronavirus)" ကူးစက်ပျံ့နှံ့မှု အဆုံးသတ်ရန်၊ အလုပ် အ ကိုင်နှင့် လူမှုရေးလှုပ်ရှားမှုများပြန်လည်စတင်ရန်အ တွက် ဆုတောင်းနေကြသည်။

“ဧဝံဂေလိတရားတော်၌ ခေါ်ဆိုမှုတစ်ခုတည်းသာရှိသည်။ ၎င်းမှာ ချစ်ခြင်းမေတ္တာဖြင့် သခင်ယေဇူးနောက်တော်သို့ လိုက်ခြင်းဖြစ်သည်။ ဤသည် မှာ အရာအားလုံး၏ အထွဋ်အထိပ်နှင့် ဗဟိုချက်ဖြစ် သည်” ဟူ၍ ပုပ်ရဟန်းမင်း ကြီးဖရန်စစ်က မိန့်ကြားခဲ့သည်။

“ဒီသဘောနဲ့ ချစ်ခြင်းမေတ္တာနဲ့ ထောက်ရှုစဉ်းစားခြင်းသည် တစ်ထပ်တည်းကျသည်။ လက်ဝါး ကပ်တိုင်၏ "စိန့် ဂျွန်" က ချစ်ခြင်းမေတ္တာသည်သေးငယ်သော အပြုအမူသည်ဘုရားရှိခိုးကျောင်းအတွက် အခြားအရာများ ပေါင်းစည်းခြင်းထက် ပိုမိုအသုံးဝင်မည်ဟုယုံကြည်သည်။

“ခရစ်ယာန်တစ်ဦး လုပ် ဆောင်နိုင်သည့် အကြီးမားဆုံးသော အံ့ဖွယ်အမှုသည် ကျွန်ုပ်တို့ အတ္တ၏ ယူဆချက်မှ ပေါက်ဖွားလာခြင်း မဟုတ်ဘဲ နှိမ့်ချခြင်းအားဖြင့်သန့်ရှင်း ဖြူစင်စေ၍ ဖုံးကွယ်၍ ငြိမ်သက်‌နေသော ချစ်ခြင်းမေ တ္တာ၏ လုပ်ဆောင်မှုဖြစ်စေကာမူ ဆုတောင်းခြင်းမှ မွေးဖွားလာခြင်းဖြစ်သည်။ ဤသည်မှာ "ကျွန်ုပ်သည် သူ့ကို ကြည့်၍ သူသည်လည်း ကျွန်ုပ်အား ကြည့်၏" ဟူသော ထောက်ရှုစဉ်းစားခြင်းဆု တောင်းမေတ္တာ၏ လမ်းစဉ်ဖြစ်သည်။ ဤအရာသည် အသင်းတော်အတွက် ကောင်း ကျိုးပြုနိုင်သော သခင်ယေဇူးနှင့် တိတ်ဆိတ်စွာစကားပြောခြင်း၌ ချစ်ခြင်းမေတ္တာတရား ၏ လုပ်ဆောင်မှုဖြစ်သည်။

ဘာသာပြန်- Sr.Lucy Lal Nai Ciang, SJA

https://bit.ly/3nSkZ8s

Add new comment

1 + 0 =