"လူသားတို့၏ နှလုံးသားကို ဆွဲဆောင်ပြီး ပြောင်းလဲပစ်နိုင်သော စွမ်းအားကို အချစ်တစ်ခုတည်းကသာ ပိုင်ဆိုင်" ကြောင်းပုပ်ဖရန်စစ်မြွက်ကြား

"လူသားတို့၏ နှလုံးသားကို ဆွဲဆောင်ပြီး ပြောင်းလဲပစ်နိုင်သော စွမ်းအားကို အချစ်တစ်ခုတည်းကသာ ပိုင်ဆိုင်" ကြောင်းပုပ်ဖရန်စစ်မြွက်ကြား

"လူသားတို့၏ နှလုံးသားကို ဆွဲဆောင်ပြီး ပြောင်းလဲပစ်နိုင်သော စွမ်းအားကို အချစ်တစ်ခုတည်းကသာ ပိုင်ဆိုင်" ကြောင်းပုပ်ဖရန်စစ်မြွက်ကြား

"ကယ်တင်ခြင်းနှင့် ယုံကြည်ခြင်း၏ ဗဟိုချက်မသည် သခင်ဘုရား၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်" ဟု စိန့်ပေါလ်က ဂလာတိမြို့သားများနှင့် ကျွန်ုပ်တို့အား သတိပေးကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့၏ လူထုပရိသတ်တွေ့ဆုံခြင်း၌ မိန့်ကြားခဲ့သည်။

"ယနေ့ခေတ်တွင် အသက်ရှင်၍ စစ်မှန်သောဘုရားသခင်ထက် သာသနာ့လုံခြုံရေးကို ရှာနေကြဆဲလူများစွာရှိနေကြောင်း၊ ထိုသူတို့သည် ဘုရားသခင်၏ မေတ္တာတော်ကို မိမိတို့ဘဝနှင့် လုံးလုံးလျားလျား ထွေးပွေ့ရမည့်အစား၊ထုံးတမ်းစဉ်လာများနှင့် ပညတ်တော်များကို အာရုံပြုလျက်ရှိကြောင်း" ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က သတိပေးခဲ့ပါသည်။

"ထို့ကြောင့် စိန့်ပေါလုက ဂလာတိမြို့သူမြို့သားများအား လက်ဝါးကပ်တိုင်၌ အသေခံတော်မူသော သခင်ခရစ်တော်၌ ကျွန်ုပ်တို့အား အသက် ပေးတော်မူသော ဘုရားသခင်ထံသို့ အရေးကြီးသည့် အရာများကို ပြန်ပေး၍သွားကြရန်” တောင်းဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ဘုရားနှင့်ဆက်နွယ်လျက်ရှိသည့် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာ ကြိုးပြတ်သွားသည်ဟု ခံစားရသောအခါ ကိုယ်တော်မြတ်စက္ကရမင်တူး ကိုးကွယ်ကြည်ညိုခြင်းအပါအဝင်၊ လက်ဝါးကပ်တိုင်ထက်ရှိ သခင်ခရစ်တော်၏ ခြေတော်ရင်း၌ မိမိကိုယ်ကို အပ်နှံရန် တိုက်တွန်းခဲ့‌သည်။

ယင်းက နောက်ထပ်ခြေလှမ်းတစ်ခုဆီသို့ ကျွန်ုပ်တို့အား ခေါ်ဆောင်သွားသည်– “လက်ဝါးကပ်တိုင်၌ အသေခံတော်မူသော ခရစ်တော်ကို ကျွန်ုပ်တို့တွေ့ဆုံသည့်အခါ၊ ယေဇူးသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ပြောင်းလဲစေကာ ဧဝံဂေလိတရားတော်သည် အခွင့်ထူးခံလူနည်းစုအတွက်သာမဟုတ်ဘဲ လူတိုင်းအတွက် ရည်ရွယ်ကြောင်း နားလည်လာစေသည်” ဟု မိန့်ကြားခဲ့ပါသည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးက “လူ့အဖွဲ့အစည်း၏အသက်တာသည် ပြန်လည်အသက်ဝင်လာသည်” ဟုဆိုကာ “ဝိညာဉ်တော်အားဖြင့်၊ ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့၏အသက်တာသည် အသစ်ပြန်လည်ဖြစ်လာပြီး သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခရစ်ယာန်တည်းဟူသော ကျွန်ုပ်တို့၏ ဘဝအသက်တာကို ပြန်လည်သစ်လွင်စေပြီး ကျွန်ုပ်တို့၏ ဝိညာဉ်ရေးတိုက်ပွဲတွင် ဆက်လက်ပါဝင်နိုင်ရန် ခွန်အားပေးသည်” ဟု မိန့်ကြားခဲ့သည်။

ဤတွင် စိန့် ပေါလုသည် “ဇာတိပကတိ၏အကျင့်” နှင့် “ဝိညာဉ်တော်၏ အသီးအပွင့်” အကြား ခြားနားချက်ကို တင်ပြထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “ဇာတိပကတိ အကျင့်များသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆန့်ကျင်သော အပြုအမူများ ဖြစ်သည်”။ စိန့် ပေါလုက “ဇာတိပကတိသည် သူ့အလိုလို ဆိုးယုတ်ကြောင်း မရည်ရွယ်ဘဲ၊ မိမိကိုယ်ကို၊ ဝိညာဉ်တော်ဘုရားရှင် ကြွလာရန် တံခါးကိုပိတ်လျက် မိမိအလိုသာလိုက်၍ ပြုမူဆောင်ရွက်ခြင်း၏ အခြေအနေကို ညွှန်ပြခြင်းဖြစ်ပြီး ဝိညာဉ်တော်သည် အသက်ကိုပေး‌နေစဉ်၊ လောကီအရာများ ဟောင်းနွမ်း၍ ပျောက်ကွယ်သွားသည်” ကို သတိပေးသည်။

ဝိညာဉ်တော်၏ အသီးအပွင့်များဆီသို့ ဦးတည်သည့် ယုံကြည်သူ ခရစ်ယာန်များသည် မိမိတို့ဗတ္တိဇံခံယူခဲ့စဥ်တွင် ရရှိထားသည့် ခေါ်တော်မူခြင်းအတိုင်း ရှင်သန်ရန် ဖိတ်ခေါ်ခြင်းခံကြရသည်။ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသီးအပွင့်များဖြစ်ကြသည့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တည်းခြင်း” တို့ကို ပိုင်ဆိုင်နိုင်ရန် လမ်းညွှန်ပေးသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်ယာန်များအား စိန့် ပေါလု၏ စာစောင်ကို ဖတ်ကာ ထောက်ရှ ဖိတ်ခေါ်ပြီး မိမိတို့အပြု၌ ၎င်းအသီးအပွင့်များ ရှိ၊မရှိ ထောက်ရှုရန် ဖိတ်‌ခေါ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “တမန်တော်ကြီး၏ သွန်သင်ဆုံးမမှုသည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့သည်။ “ယေဇူးသခင်၌ ယုံကြည်ခြင်း၏ အလှတရားသည် များစွာသောပညတ်တော်များ၏အခြေခံ သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ရွှင်လန်းသောသက်သေခံခြင်းမှ ရရှိလာသော မေတ္တာတရား၏ မူလအသီးအနှံများကို မေ့လျော့သွားစေနိုင်သည့် အလွှာများစွာထဲမှ ထွက်ပေါ်လာသည့် ကိုယ်ကျင့်တရားဆိုင်ရာရူပါရုံကိုအခြေခံ၍ ဆုပ်ကိုင်မရနိုင်ကြောင်း မိန့်ကြားခဲ့သည်”။

“စိတ်နှလုံး၏ ပြောင်းလဲခြင်းစတင်ရာ ဝိညာဉ်တော်၏ ကျေးဇူးတော်ကို ရရှိရန် အဟန့်အတားဖြစ်စေသော ဗျူရိုကရေစီသည် ဝိညာဉ်တော်ဘုရား၏ အသက်တာကို ငြိမ်းသတ်၍မရနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “လက်ဝါးကပ်တိုင်ပေါ်၌ အသေခံပြီး ရှင်ပြန်ထမြောက်သော ယေဇူးသခင်အကြောင်းကို ကြေငြာရန် ကျွန်ုပ်တို့တွင် ကြီးမားသောတာဝန်ရှိသည်၊ ချစ်ခြင်းမေတ္တာဝိညာဉ်တော်၏ ထွက်သက်ဝင်သက်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားတို့၏ နှလုံးသားကို ဆွဲဆောင်ပြီး ပြောင်းလဲပစ်နိုင်သော စွမ်းအားကို အချစ်တစ်ခုတည်းကသာ ပိုင်ဆိုင်သောကြောင့် ဖြစ်သည်” ဟူ၍ မိန့်ကြားခဲ့ပါသည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

https://bit.ly/3pZqqWj

Add new comment

1 + 12 =