"လူသားတိုင်း၌ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုကြပါ။"

"လူသားတိုင်း၌ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုကြပါ။"

"လူသားတိုင်း၌ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုကြပါ။"

ပရိတ်သတ်ကြီးအား တွေ့ဆုံသည့်နေရာမှ "ပုပ်ရဟန်းမင်းကြီးဖရန့်စစ်"သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကိုတုန့်ပြန်ရာတွင် ခရစ်ယာန်များသည် ဧဝံဂေလိတရား‌တော်နှင့် ဆန့်ကျင်သော လူ့ဂုဏ်သိက္ခာချိုးဖောက်မှုများကို တိုက်ဖျက်ရန်နှင့် လူသားမျိုးနွယ်တစ်ခုလုံးနှင့် ကျွန်ုပ်တို့ဘုံနေအိမ်၏ သာယာဝပြောရေးအတွက်အလုပ်လုပ်ရန် ခေါ်‌တော်မူခြင်းခံရ‌ကြောင်း မိန့်ကြားခဲ့သည်။ ဗာတီကန်သတင်းအရ "ပုပ်ရဟန်းမင်းကြီးဖရန့်စစ်"သည် အသင်းတော်၏ လူမှုရေးအယူဝါဒ၏အလင်းတော်၌ လက်ရှိကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှုများအပေါ် ဆက်လက်မြွက်ကြားရာ၌ "ကိုဗစ်-၁၉"သည် "လူတိုင်းသည် မည်မျှအားနည်းကြောင်းနှင့် အပြန်အလှန်ဆက်နွယ်နေ‌ကြောင်း မီးမောင်းထိုးပြခဲ့သည်။" ဟူ၍ မှတ်ချက်ချခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် “ကျွန်တော်တို့သည် အငယ်ဆုံးမှအစ၊ ဖန်ဆင်းခြင်းအပါအ၀င် ထိခိုက်မှုအရှိဆုံးသူများနှင့် တစ်ဦးကိုတစ်ဦး ဂရုမစိုက်လျှင် ကမ္ဘာကြီးအား ကုစား၍ရနိုင်မည်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ကူးစက်ရောဂါများကြားတွင် အိမ်နီးချင်းများ၏ ခရစ်ယာန် ချစ်ခြင်းမေတ္တာ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် တမန်တော်များ၏ စာကြည့်တိုက်မှ အမှာစကားပြောကြားသောအခါ များစွာသောလူတို့၏ “လူသားချင်းအ‌ပေါ်နှင့် အိမ်နီးချင်းများအပေါ် ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာကို သက်သေပြကာ မိမိတို့၏ ကျန်းမာရေးအန္တရာယ်ရှိသည်အထိ မကျန်းမာသူများအတွက် မိမိတို့ကိုယ်ကို အပ်နှံသူများ” ၏ ကြိုးစားအားထုတ်မှုကို ချီးမြှင့်ခဲ့သည်။ သို့သော် ရဟန်းမင်းကြီးအရှင်သူမြတ်ကထောက်ပြသည်မှာ “ကိုရိုနာဗိုင်းရပ်စ်သည်တိုက်ခိုက်ရမည့် တစ်ခုတည်းသောရောဂါမဟုတ်ဘဲ ကူးစက်ရောဂါသည် လူမှုရေးပြဿနာများကို ကျယ်ပြန့်စွာ သိရှိစေသည်” ၎င်းတို့ထဲမှ တစ်ခုကိုဆက်လက်၍ မိန့်ကြားထားသည်မှာ “လူတစ်ဦး၏ ပျက်ပြားစေသောအမြင်၊ သူ (သို့မဟုတ်) သူမ၏ ဂုဏ်သိက္ခာနှင့် ဆွေမျိုးသွင်ပြင်လက္ခဏာကိုလျစ်လျူရှုသောအကြည့်” ဖြစ်သည်။

စွန့်ပစ်ခြင်း ဓလေ့ယဉ်ကျေးမှု "ပုပ်ရဟန်းမင်းကြီးဖရန့်စစ်"သည် အချိန်သည်အခြားသူကို အသုံးပြုပြီး စွန့်ပစ်ရမည့်အရာများကဲ့သို့" တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။ အမှန်မှာ “ဤကဲ့သို့‌သော အကြည့်သည် လူသားသည်အသုံးချစရာပစ္စည်းအဖြစ် ပြောင်းလဲစေသော တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် တက်ကြွထက်သန်သော စွန့်ပစ်ခြင်းဓလေ့ယဉ်ကျေးမှုကို လူမြင်ကွင်းမှ ကွယ်ဝှက်စေသည်” ဟု မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးမှ မှတ်ချက်ပြုထားသည်မှာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လမ်းညွှန်မှုခံရပါက ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကို အရာဝတ္ထုများအဖြစ်မဟုတ်ဘဲ၊ လူသားသည် သူ၏ပုံသဏ္ဌာန်‌နှင့်အညီ ချစ်စရာကောင်းသော၊ ချစ်တတ်သောသူများဖြစ်ကြောင်းအသိအမှတ်ပြုနိုင်သည်။

လူသားတို့၏ လူ့ဂုဏ်သိက္ခာ "ပုပ်ရဟန်းမင်းကြီးဖရန့်စစ်"က သခင်ယေဇူးသည် အစေခံသော ဘဝအသက်တာနှင့် အခြားသူများအတွက် မိမိဘဝကို ပေးဆပ်ဆက်ကပ်ရန် ကမ်းလှမ်းခြင်းဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။ "မျက်မမြင်သူနှစ်ယောက်ကို ပြန်မြင်နိုင်စွမ်း ချက်ချင်းပေး၍ ထိုသူတို့အား သူ၏တပည့်ဖြစ်စေခြင်းအားဖြင့် ၎င်းကို အတည်ပြုခဲ့သည်" လူသားတိုင်းတွင် မည်သည့်မျိုးနွယ်ဖြစ်စေ၊ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုစေချင်‌ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ မှာကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ဤအကြောင်းအရာနှင့် စပ်လျှင်း၍ ဆက်လက်မြွက်ကြားထားသည်မှာ "ဒုတိယဗာတီကန်ကောင်စီ"သည်လည်း လူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်‌တော်နှင့်အညီ ဖန်ဆင်းထားသည်ဖြစ်၍ ဤဂုဏ်သိက္ခာကို မပြောင်းလဲနိုင်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ခေတ်သစ်ယဉ်ကျေးမှုတွင် လူသား၏မပြောင်းလဲနိုင်သော လူ့ဂုဏ်သိက္ခာနိယာမနှင့် အနီးစပ်ဆုံး ကိုးကားချက်သည် "စိန့် ဂျွန်ပေါလ်ဒုတိယမြောက်"က "လူသားမျိုးနွယ်၏ ရှည်လျား၍ ခက်ခဲသောလမ်းကြောင်းပေါ်မှ သမိုင်းမှတ်တိုင်" အဖြစ်သတ်မှတ်ခဲ့သည်။ ယုံကြည်ခြင်း၏တန်ခိုးစွမ်းအား "ပုပ်ရဟန်းမင်းကြီးဖရန့်စစ်"က ကမ္ဘာကြီးသည် ကိုရိုနာဗိုင်းရပ်စ် ပပျောက်ရေးကို စောင့်ဆိုင်းနေချိန်တွင် ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား “လူ့ဂုဏ်သိက္ခာကို ချိုးဖောက်ခြင်း၌ လျစ်လျူရှုခြင်းကို တိုက်ဖျက်ရန် လေးလေးနက်နက်နှင့် တက်ကြွစွာပါဝင်ရန် တိုက်တွန်းထားသည်။

ယုံကြည်ခြင်းသည် ကျွန်ုပ်အား မိမိကိုယ်ကိုကုသရန်နှင့် ပုဂ္ဂိုလ်ရေးအရရော၊ စုပေါင်းလုပ်ငန်းအတွက်ပါ တစ်သီးတစ်ခြားဖြစ်နေခြင်းမှ ပြောင်းလဲစေကြောင်း လေးနက်စွာ မှာကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးက "လူ့အသိုင်းအဝိုင်း၏ အသင်းဝင်ဖြစ်ခြင်းသည် မည်သည့်အဓိပ္ပါယ်ကို ဆိုလိုကြောင်း ရှာဖွေတွေ့ရှိနိုင်ရန် ဘုရားရှင်သည် ကျွန်ုပ်တို့အား သိမြင်နိုင်သော အလင်းကျေးဇူးကို ပေးသနားတော်မူပါစေ" ဟု ဆုတောင်းပြီး နိဂုံးချုပ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo courtesy of : ANSA

https://bit.ly/2CG2GQT

Add new comment

3 + 3 =