လူတွေရဲ့ အသံကို နားထောင်ကြပါ

စိန့် ဂျွန်း လက်တရင် ဘာစီလီကာ ကျောင်းတော်ကြီးတွင် ရောမ သာသနာနယ်မှ ဘုန်းတော်ကြီးများ နှင့် ၂၀၁၉ မေလ ၁၀ ရက်နေက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေဆုံ

လူတွေရဲ့ အသံကို နားထောင်ကြပါ
မေလ ၁၀၊ ၂၀၁၉

စိန့် ဂျွန်း လက်တရင် ဘာစီလီကာ ကျောင်းတော်ကြီးတွင် ရောမ သာသနာနယ်မှ ဘုန်းတော်ကြီးများ နှင့် ၂၀၁၉ မေလ ၁၀ ရက်နေက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေဆုံခဲ့ပါသည်။

ရောမ သာသနာနယ်၏ နှစ်​နှစ်တာကာလ လုပ်ဆောင်ခဲ့မှုများကို ပြန်​လည်သုံးသပ်ခြင်း နှင့် ဆုံးဖြတ်ချက်ချခြင်းများ နှင့် အနာဂတ် စီမာန်ကိန်းများအတွက် စုရုံးရောက်ရှိနေကြသော ရောမသာသနာနယ်မှ ဘုန်းတော်ကြီးများ နှင့် တွေ့ဆုံခြင်းတွင် သာသနာရှေ့လုပ်ငန်းစဉ်များအတွက် အတိတ်မှ အမှားများကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြန်လည်သင်မြတ်ခြင်းအတွက် လမ်းဖွင်ြ့ကဖို့ နှင့် လူတွေရဲ့ အသံကို နားထောင်ကြဖို့ တိုက်တွန်းခဲ့ပါသည်။ အားလုံးကို မိမိလိုခြင်သောပုံစံအတိုင်ဖြစ်အောင် လုပ်တတ်​သော အကျင့်သည် နှောက်ယှက်ခြင်းတစ်မျိုးဖြစ်ပြီး သတိထားရန်ကြဖို့၊ စည်းကမ်းတင်ကြပ်ခြင်း၊ ခွဲခြားသပ်မှတ်ခြင်း များကို သတိထားပြီး သန်းရှင်းသောဝိညာဉ်တော် ဘုရားကို နားထောင်ကြဖို့ တိုက်တွန်းအားပေးခဲ့ပါသည်။

ဘာသာဝင်များ ဘာသာတရားတိုးတက်ဖို့ မင်္ဂလာတရားတော်တွေဟာ အဓိက ဝေမျှပေးရမည့်တရားတော်ဖြစ်ကြောင်း၊ ဘုန်းကြီးဝါဒကြီးစိုးမှု အာဏာပြခြင်းများကို ရှောင်ကျင်ကြဖို့သတိပေးပြီး၊ (လှိူင်းတပိုးကို လှော်ခတ်ဖြတ်ကျော်ဖို့ ကြောက်နေရင်) ဒုက္ခကို ကြောက်နေရင်တော့ သာသနာပြုကောင်း မဖြစ်နိုင်ကြောင်း သတိပေးစကား ပြေားကြားခဲ့ပါသည်။ သာသနာပြုခြင်းသည် ကမ္ဘာကြီးကို အကောင်းဖက်ဦးတည်လာဖို့ပြုပြင်ပေးခြင်းဖြစ်တယ် ဒါကိုမမေ့ပါနဲ့။

နိဂုဏ်းချုပ်အနေ နှင့် မိမိသာသနာနယ်တွင် ဘာသာဝင်များ မည်သို့တွေးခေါ်ကြသည်၊ ခံစားနေကြသည်၊ နေထိုင်နေကြသိများကို သိရှိနားလည်အောင်ကြိုးစားကြဖို့၊ လူတွေရဲ့ဘဝတွေကို ပိုမို နားလည်းခံစားနိုင်အောင်းကြိုးစားကြဖို့ နှင့် မြိုပေါ်တွင် ပြောင်းလည်းလာသည့် ယဉ်ကျေးမှုလေ့အထများ၊ လူငယ်များ၏ ပြောင်းလည်းလာမှုပုံစံများကို သတိထား ကြည်ရှုနားလည် ကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-05/pope-clergy-diocese-rome...

#pope, #meet, #priests, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 2 =