လူတိုင်း၌လူ့ဂုဏ်သိက္ခာကိုအစဉ်သိမှတ်ပါဟုရဟန်းမင်းကြီးမိန့်ကြား

လူတိုင်း၌လူ့ဂုဏ်သိက္ခာကိုအစဉ်သိမှတ်ပါဟုရဟန်းမင်းကြီးမိန့်ကြား

လူတိုင်း၌လူ့ဂုဏ်သိက္ခာကိုအစဉ်သိမှတ်ပါဟုရဟန်းမင်းကြီးမိန့်ကြား

ရဟန်းမင်းကြီးသည်ပြီးခဲ့သောအပတ်ကစ၍ ဗုဒ္ဓဟူးနေ့နံနက်ပိုင်း၌ ကမ္ဘာအရပ်ရပ်မှစိန့်ပီတာရင်ပြင်သို့ရောက်ရှိ လာသောဘုရားဖူးများနှင့်တွေ့ဆုံသည့်အစီအစဉ်ကိုပြန်လည်စတင်ခဲ့သည်။ ဤအစီအစဉ်ကိုယခုနှစ်၌ကိုဗစ် (၁၉) ကြောင့်ခါတိုင်းနှစ်ထက်ရပ်နားခဲ့ရသည်။ ခါတိုင်းနှစ်၌ဇူလိုင်လတစ်လတည်းသာရပ်နားလေ့ရှိသည်။ ဤတွေ့ဆုံခြင်း၌ရ ဟန်းမင်းကြီးကခရစ်ယာန်များသည်မည်သည့်ရည်ရွယ်ချက်အတွက်ခရစ်ယာန်ဟုအခေါ်ခံရသည်ကိုပြန်လည်ဆင်ခြင်ရန် မိန့်ကြားပြီး၊ ယခင်အပတ်၏သွန်သင်ချက်ကိုပြန်ဆက်လက်သွန်သင်ခဲ့သည်။ ဤကူးစက်ရောဂါဆိုးသည်အဘယ်မျှဆိုး ရွားကြောင်းနှင့်မိမိနှင့်မဆိုင်သကဲ့သို့နေ၍မရဘဲ၊ လူတိုင်းပူးပေါင်းပါ၀င်ကာကွယ်နေရသည့်အကြောင်း၊ အကယ်၍အချင်း ချင်း၊ အထူးသဖြင့်အသိမ်ငယ်ဆုံးသောသူ၊ အသိုင်းအ၀ိုင်းကလစ်လျှူရူထားသောသူများ၊ ကမ္ဘာကြီး ဂရုစိုက်စောင့် ရှောက်ခြင်းမပြုပါလျှင်ကမ္ဘာကြီးအားကုစားရန်လုံး၀မဖြစ်နိုင်ကြောင်း၊
ကူးစက်ရောဂါပျံ့နှံ့နေသော်လည်းခရစ်ယာန်များအနေဖြင့်မိမိတို့၏နီးစပ်သူများကိုချစ်ရမည်။

ဤကူးစက်ရောဂါအရေးပေါ်ကာလ၌ လူသားချင်းစာနာစိတ်ဖြင့်သော်လည်းကောင်း၊ ခရစ်ယာန်စိတ်ဓာတ်ဖြင့် လည်းကောင်းအကူအညီလိုအပ်သူများကိုမျက်စိပိတ်၊ နားပိတ်မနေဘဲတတ်နိုင်သလောက်ကူညီပံ့ပိုးပေးခဲ့ကြသည်။ မိမိ တို့၏အသက်ကိုပင်မထောက်။ မိမိအားကူးစက်မည်ကိုလည်းမကြောက်ဘဲ ရောဂါကူးစက်ခံစားနေရသောလူနာများအား အနီးကပ်ကုသစောင့်ရှောက်ခဲ့ကြသည်။ သို့သော်ဤရောဂါကပ်ဆိုးကြီးတစ်ခုကိုသာအသည်းအသန်တိုက်ထုတ်ရန်ရှိ သည်မဟုတ်။ ဤကပ်ဆိုးကြီးသည်လူမူအသိုင်းအ၀ိုင်းပျံ့နှံ့စွဲကပ်နေသောလူမူရေးကပ်ရောဂါဆိုးများကိုလည်းမီး မောင်းထိုးပြလိုက်ပါသည်။

ထိုလူမူရေးကပ်ဆိုးကြီးများအနက်တစ်ခုကားလူကိုလူကဲ့သို့မမြင်ခြင်း၊ တစ်နည်းအားဖြင့် တစ်ဦးတစ်ယောက်၏လူ့ဂုဏ်သိက္ခာကိုလည်းကောင်း၊ လူတစ်ဦးတစ်ယောက်နှင့်နွယ်ဆက်သော အမူအကျင့်များကို လည်းကောင်းလစ်လျူရူနေကြသည့်ရောဂါဖြစ်ကြောင်း၊ယဉ်ကျေးမူကိုချန်လှပ်ထားကြသည်။

မကြာခဏ လူကိုအသုံးခံအရာများ၊ အပိုပစ္စည်းများကဲ့သို့သဘောထားနေကြသည်။ ဤစိတ်နေစရိုက်သည်မျက် စိနှစ်ကွင်းရှိလျှက်နှင့်ကန်းနေခြင်း၊ အခြားသူများနှင့်ရောနှောခြင်းမပြုဘဲသီးခြားနေလိုခြင်းကိုအားပေးအားမြောက်ပြု ခြင်း၊ ယဉ်ကျေးမူကိုပစ်ပစ်ခါခါငြင်းဆန်ခြင်းသည့်အုပ်စုဖြစ်သည်။ ဤစိတ်နေသဘောထားမျိုးသည်လူတို့ကိုရောင်းကုန် ကဲ့သို့သတ်မှတ်သောအသိုင်းအ၀ိုင်းအဖြစ်သို့အသွင်ပြောင်းလာစေသည်။ သို့သော်ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၏ထိန်း ကျောင်းမူကိုရယူမည်ဆိုပါက အမျိုးသား၊ အမျိုးသမီးတို့ကိုဘုရားသခင်ဖန်ဆင်းထားသည်။ ၄င်းတို့သည်အရာ၀တ္ထု လည်းမဟုတ်သကဲ့သို့၊ ရောင်းကုန်လည်းမဟုတ်။ ၄င်းတို့ကိုချစ်ရလိုအပ်ပြီး၊ ၄င်းတို့လည်းပြန် လည်ချစ်တတ်တုန့်ပြန် တတ်သည်။ ဘုရားသခင်သည်လူတို့ကိုသူ၏ရွှေပုံသဣာန်အတိုင်းဖန်ဆင်းထားခြင်းဖြစ်သည်ကိုအမှတ်ရနေပေမည်။

လူ့ဂုဏ်သိက္ခာ

ယေဇူးသခင်သည်အစေခံခြင်းအသက်တာ၊ မိမိ၏အသက်တာကိုပေးဆပ်ခြင်းအသက်တာကိုဖော်ပြခဲ့သည်။ ဤ အခြေအနေကိုမျက်မမြင်သူအားချက်ချင်းမျက်စိမြင်အောင်ကုသပေးလိုက်ခြင်းဖြင့်သက်သေပြကာ၊ ၄င်းတို့အားသူ၏တ ပည့်တော်များအဖြစ်အသုံးပြုခဲ့သည်။ လူဂုဏ်သိက္ခာလူတိုင်း၌ရှိကြောင်းအသိရှိစေလိုသည်။ ဤလူ့ဂုဏ်သိက္ခာသည်လူ မျိုးနှင့်မဆိုင်ပေ။ ဗာတီကန်ဒုတီယအစည်းအ‌ေ၀းကြီး၏လမ်းညွှန်ချက်ထဲ၌လူ့ဂုဏ်သိက္ခာသည်ဘယ်တော့မျှလစ်လျူ ရူထား၍မရ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏ပုံသဣာန်တော်နှင့်အညီခတ်နှိပ်ထားသောကြောင့်ဖြစ်သည်ဟုဆို ထားသည်။ မျက်မှောက်ခေတ်သမယ၏လူဂုဏ်သိက္ခာကိုလစ်လျူရူမရ၊ ချိုးဖောက်၍မရသည့်ပြယုဂ်မှာ ‘အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးကြေငြာချက်’ ဖြစ်သည်။ လူ့ဂုဏ်သိက္ခာနှင့်ပတ်သက်၍ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) က ‘လူ့ ဂုဏ်သိက္ခာသည်လူသားတို့၏ရှည်လျှားပြီး၊ ခက်ခဲသောလျှောက်လှမ်း၏မှတ်တိုင်ဖြစ်သည်’ ဟုအဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

ယုံကြည်ခြင်း၏အစွမ်းပကား

ကမ္ဘာကြီးသည်ကိုဗစ် (၁၉) ကပ်ဆိုးကြီးဘေးမှလုံး၀ဥသုန်ကင်းပျောက်ရန်ကြိုးစားစောင့်ဆိုင်းနေစဉ် ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းကားကျွန်ုပ်တို့၏ကမ္ဘာကြီး၌ဖြစ်ပျက်နေသောလူ့အခွင့်အရေးချိုးဖောက်မူများကိုမပူမအေး၊ မဆီမဆိုင်၊ မသိသကဲ့သို့မနေရန်၊ မကျင့်ရန်၊ လေးနက်တက်ကြွစွာတိုက်ပွဲဆင်နွှဲရန်၊ ယုံကြည်ခြင်းသည်ကျွန်ုပ်တို့အားဦးစွာကုသမူကို ခံယူရန်တိုက်တွန်းနေသည်။ သို့မှသာကျွန်ုပ်တို့ကိုယ်တိုင်သည်လည်းကောင်း၊ အသိုင်းအ၀ိုင်းသည်လည်းကောင်းမပူမ အေး၊ မဆီမဆိုင်၊ မသိ၊ မမြင်သကဲ့သို့ပြုမူကျင့်ကြံတတ်သောညဉ်ဆိုးမှကင်းလွှတ်ကြမည်ဖြစ်သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့အားလုံး၏စက္ခုအာရုံကိုပြန်မြင်လာအောင်ကုစားပေးပါစေ။ သို့ဖြင့်လူသားမိသားစု၏မိသားစု၀င၏အဓိပ္ပါယ်ကို ပြန်လည်ဖွေရှာတွေ့ရှိနားလည်လာမည်ဖြစ်သည်ဟုဆန္ဒပြုဆုတောင်းရင်းသူသင်သွန်သင်ချက်ကိုနိဂုံးချုပ်လိုက်သည်။

ဘာသာပြန်-ဖာသာရ် ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/31LOoXn

Add new comment

3 + 0 =