လူတိုင်းညီမျှသောကျန်းမာရေးစောင့်ရှောက် ရရှိရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တိုက်တွန်း

အီတလီ ကလေးအထူးကု ဆရာဝန်ကြီးများ အဖွဲ့ချုပ် နှင့်တွေ့ဆုံခြင်း

လူတိုင်းညီမျှသောကျန်းမာရေးစောင့်ရှောက် ရရှိရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တိုက်တွန်း
မတ်လ ၂၁၊ ၂၀၁၉

 

၂၀၁၉ မတ်လ ၂၁ ကြာသပတေးနေ့ အီတလီ ကလေးအထူးကု ဆရာဝန်ကြီးများ အဖွဲ့ချုပ် နှင့်တွေ့ဆုံခြင်းတွင် လူခန္ဓာကိုတန်ဖိုးထား လေးစားသောစိတ်နှင့် လူတိုင်းညီမျှသောကျန်းမာရေးစောင့်ရှောက်မူရရှိစေရန် လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တိုက်တွန်းခဲ့ပါသည်။

 

အီတလီ ကလေးအထူးကု ဆရာဝန်ကြီးများ အဖွဲ့ချုပ်သည် နှစ်ပေါင်းလေးဆယ်ကျော်ကြာ မိသားစုပေါင်း ၅၅၀၀ ကျော်ကို မိမိတိုတတ်​စွမ်းသမျှ ကျန်းမာရေး၊ ကိုယ်ကျင့်တရားရေး၊ မိသားစုအရေးများပါကူညီပေးခဲ့သော အဖွဲ့ဖြစ်ပြီး နိုင်ငံတော်မှ လူမူကျန်းမာရေး ကူညီပေးခြင်းကြောင့် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းလည်းဖြစ်ပါသည်။

 

ကျန်းမာရေး အသုံးစရိတ်များသည် လူတို့တတ်​နိုင်သော အခြေအနေတစ်ခုတွင်ရှိသင့်ကြောင်း၊ ထို့အတွက်ကြောင့် နွမ်းပါးသောသူများလည်း ကျန်းမာရေးစောင့်ရှောက်ကာကွယ်ပေးမူများ ကောင်းမွန်စွာရစေလိုကြောင်း၊ လူနာများကို အထူးသဖြင့် လူငယ် လူနာများကို မိသားစုကဲ့သို့ပြုစုပေးစေလိုကြောင်း၊ သင်တို့လူနာကို ကုသပေးကြတဲ့နေရာမှာ သခင်ခရစ်တော်ကဲ့သို့ စိတ်ထားထားကြဖို့ ယင်းစိတ်ထားမျိုးထားနိုင်ခြင်းသည် သင်တို့လုပ်ရပ်၏ တန်ဖိုးကို ပိုမိုတိုးတက်စေကြောင်း၊ သင်တိုတတ်​စွမ်းသမျှ အစွမ်းကုန်ကူညီပေးစေလိုကြောင်း၊ သင်တို့လုပ်နေသော အလုပ်သည် စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်နေသော တကယ်​့ သာသနာပြု လုပ်ငန်းဖြစ်နေတယ်ဆိုတာမမေ့ပါနဲ့။

သင်တို့စိတ်ရောကိုယ်ပါ ပြုစုလုပ်ကိုင်ပေးခြင်းသည် သမ္မာကျမ်းစာ ကို လက်တွေ ဘဝဖြင့်အသက်ရှင်သာသနာပြုနေခြင်းဖြစ်ကြောင်း၊ သင်တို့ထံရောက်လာသော သူများကို သင်တို့တတ်​စွမ်းသမျှ အသိပညာများ ဖြင်သာမက နှိမ့်ချသော စိတ်နေစိတ်ထားဖြင့်လုပ်ဆောင်ပေးခြင်းသည် အနာဂတ်လူဘောင် ဆေးပညာလောကကို တိုးတက်စေသောအရာဖြစ်ကြောင်း အားပေးပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-to-pediatricians-en...

#healthcare, # pediatricians, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 2 =