လူငယ်များ အမိမယ်တော်မာရီယား၏ ပုံစံနမူနာကို အတုယူလိုက်လျှောက်ရန် (၂၀၁၉ ဇန်နဝါရီလ အတွက် ရဟန်းမင်းကြီး၏ ဆုတောင်းရာ ရည်ရွယ်ချက်)

လူငယ်များ အမိမယ်တော်မာရီယား၏ ပုံစံနမူနာကို အတုယူလိုက်လျှောက်ရန်
(၂၀၁၉ ဇန်နဝါရီလ အတွက် ရဟန်းမင်းကြီး၏ ဆုတောင်းရာ ရည်ရွယ်ချက်)
ဇန်နဝါရီ ၈၊ ၂၀၁၉

၂၀၁၉ ဇန်နဝါရီလ အတွက် ရဟန်းမင်းကြီး၏ ဆုတောင်းရာ ရည်ရွယ်ချက်တွင် လူငယ်များ အမိမယ်တော်မာရီယား၏ ပုံစံနမူနာကို အတုယူ၍ ဘုရားသခင်လူသားတို့အားပေးချင်သော သမ္မာတရား၏ ဝမ်းမြောက်မူအကြောင်းကို ဝေမျှကြရန် ဗွီဒီယို ရုပ်သံဖြင့် ဇန်နဝါရီ်လ ၈၊ ၂၀၁၉ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါသည်။

ရဟန်းမင်းကြီး၏ ဆုတောင်း

လူငယ်များ သင်တို့သည် မယ်တော်သခင်မ၌ အလင်းပေးခံရခြင်း၊ ပျော်ရွှင်ရခြင်းအကြောင်းအရင်ရှိပါသည်။ မယ်တော်သခင်မနှင့်အတူ သခင်ခရစ်တော်ကို နှလုံးသွင်းထောက်ရှုကြရန် ပနားမားတွင်ပြုလုပ်မည့် ကမ္ဘာလူငယ်များနေမှ အခွင့်အရေးများရယူကြပါ။ တို့အတူတကွ ကိုယ်​့ရဲ့ဘာသာစကားအားဖြင့် စိတ်ပုတီးစိတ်ခြင်းပြုလုပ်ကြမည်။ စိတ်ကူးအကြံညာဏ်များရရှိဖို့ ငြိမ်းချမ်းရေးလုပ်ငန်းများလုပ်ဆောင်းနိုင်ဖို့ ခွန်အားများတောင်းခံကြမည်။ လူငယ်များအားလုံးအတွက် နှင့် အထူးသဖြင့် လက်တင်အမေရိကမှာရှိသော လူငယ်များ အမိမယ်တော်မာရီယား၏ ပုံစံနမူနာကို အတုယူ၍ ဘုရားသခင်လူသားတို့အားပေးချင်သော သမ္မာတရား၏ ဝမ်းမြောက်မူအကြောင်းကို ဝေမျှနိုင်စေရန် ဆုတောင်းပေးကြ ပါစို့။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-january-pra...

#monthlyprayerintention, #pope, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 2 =