လူငယ်များအတွက် ရည်ရွယ်ထုတ်ဝေသော စာချွန်တော်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အတည်ပြုလက်မှတ်ထိုး

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အတည်ပြုလက်မှတ်ရေးထိုး

လူငယ်များအတွက် ရည်ရွယ်ထုတ်ဝေသော စာချွန်တော်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အတည်ပြုလက်မှတ်ထိုး

မတ်လ ၂၅၊ ၂၀၁၉

 

၂၀၁၈ ခုနှစ် အောက်တိုဘာလ ကပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများ ညီလာခံမှအဓိပ္ပါယ်လာသော်*သခင်ခရစ်တော် ကျွုပ်တို့၏ အသက်နှင့် မျှော်လင့်ခြင်း* ဟု အဓိပ္ပါယ် ရသော ကမ္ဘာပေါ်ရှိ လူငယ်များကို ရည်ရွယ် ပြီး ထုတ်ဝေသော ရဟန်းမင်းကြီး၏ စာချွန်တော်ကို အီတလီနိုင်ငံ လောရေးတို မြို့ရှိ အပျိုကညာစင်​ မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုယ် အားကိုးဆုတောင်းရာနေရာ ဘုရားကျောင်းတော်ကြီးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းစာချွန်တော်ကို ဗာတီကန် ရဟန်းမင်းကြီး ရုံးတော် မှ မကြာမီ ထုတ်ဝေပေးသွားမှာဖြစ်ပါသည်။ ယင်း စာချွန်တော် လက်မှတ်ထိုးခြင်း သိုးထိန်း​ခရီးစဉ်တွင် စာချွန်တော်တွင် ပါဝင်သော အဓိက အချက်သုံးချက်ဖြစ်သည့် နားထောင်ခြင်း၊ စမ်းစစ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အချက်သုံးချက်ကို

 

♥ နားထောင်ခြင်း

နားထောင်ခြင်း ရဲ့ အစကို သိကြားတမန်က မာရီယား အား ကြောက်ရွံခြင်းမရှိနှင့် သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည် ထိုသားကို ယေဇူးဟု အမည်နာမည် မှည့်​​ခါ်ရမည် ဟုသော အမိန့်တော်ပြန်ခြင်း မှာ စတင်ခဲ့တယ် ၊ လူတွေကို ခေါ်ယူအသုံးချဖို့ ဘုရားသခင်က အမြဲတမ်​း အစပြု ခေါ်ဆောင်သူဖြစ်တယ်။ သို့​သော် ယနေ့ခေတ်လူငယ်တွေ သတိပြုရမှာ က ဘုရားသခင်ရဲ့ခေါ်သံကို တိတ်ဆိတ်ငြိမ်သက်မူမှာ သာလျှင် ကြားနိုင်မယ် ဆူညံနေတဲ့လောက အရာတွေထဲမှာ ဘုရားသခင်ရဲ့ အသံကိုကြားနိုင်မှာ မဟုတ်ဘူး။ အပေါ်ယံ ပေါ့ပျက်ပျက်ပြုလုပ်ရန် မဟုတ်ဘဲ အဲ့ဒီတိတ်ဆိတ် ငြိမ်သက်ခြင်းထဲမှာပဲ ဝိညာဉ်ခွန်အားနှင့် ကိုယ်ကျင့်တရားတို့ကို အခြေခံ ပြီး အများအကျိုးအတွက် ကိုယ်တော်တပည့်တော်ကို ဘာလုပ်စေချင်​သလဲဆိုတာ လေးလေးနက်နက် စမ်းစစ်ရမယ်။။ အဲ့ဒီနေရာမှာ မယ်တော်က လူငယ်တွေကို ဘုရားလုပ်ငန်းစဉ်ထဲမှာ နှိမ့်ချခြင်းနဲ့ ပါဝင်လာဖို့ ဖိတ်ခေါ်နေတယ်။

 

♥ စမ်းစစ်ခြင်း

စမ်းစစ်ခြင်းဆိုတဲ့နေရာမှာ မယ်တော်သခင်မကို သိကြားတမန်က အမိန်တော်ပြန်ခဲ့တဲ့ အရာပေါ်မှာ ဒီကိစ္စကဘယ်လိုဖြစ်နိုင်မှာလဲ ကျွန်မယောကျ်​ာ​းကို မသိပါ လို့ မယ်တော်ပြန်ဖြေခဲ့တဲ့အရာက ဘုရားသခင်အပေါ်မှာ ယုံကြည်မူအားနည်းလို့ သံသယ ရှိလို့မေးခြင်းမဟုတ် သူမကို ကယ်တင်ရှင် ခရစ်တော်ယေဇူး၏မယ်တော်အဖြစ်ရွေးချယ်ခဲ့မူ့အပေါ် အံ့သြခဲ့ရခြင်းအတွက် သိချင်သော သူမဆန္ဒကို ဖော်ထုတ်ခြင်းသာဖြစ်တယ်။ ဘုရားသခင်ရဲ့ အလိုဆန္ဒကို ပိုမိုသိရှိရန်မေးမြန်းခြင်း ဟာ ဘုရားသခင်ရဲ့အလိုဆန္ဒ၊ စီမံကိန်းကို ပိုမိုပါဝင်လုပ်ဆောင်ပေးနိုင်ရန်၊ ဘုရားအလိုတော်ကို အပြည့်အစုံဖြည့်ဆည်းပေးရန် တာဝန်ခံနိုင်ဖို့ မေးမြန်းခဲ့ခြင်းဖြစ်တယ်။ ယင်း စိတ်နေစိတ်ထားဟာ အတုယူသင်တဲ့စိတ်နေစိတ်ထားဖြစ်တယ် မိမိဘဝထဲမှာ ဘုရားသခင်ရဲ့ အလိုတော်က ဘာလဲဆိုတာရှာဖွေရုံသာမက ဘုရားပေးသော ကျေးဇူးတော်အားဖြင့် သူအလိုတော်ကို အပြည့်အဝလိုက်နာနိုင်ရန် မိမိတတ်​စွမ်းနိုင်မူများ အစွမ်းသတ္တိ များကို တိုးတက်စေရန် စမ်းစစ်ခြင်းဖြစ်တယ်။

 

♥ ဆုံးဖြတ်ချက်ချခြင်း

ဆုံးဖြတ်ချက်ချခြင်းဟာ ခရစ်ယာန် အသက်တာ ခေါ်တော်မူခြင်းအတွက် အရေးကြီးတဲ့အရာဖြစ်တယ်၊ သိကြားတမန်က မယ်တော်ကို အမိန့်​တော်ပြန်ပြီးချိန်မှာ မယ်တော်က ကျွနု်​ပ်ကဘုရားသခင်၏ ကျွန်မတည်း ကျွန်မ၌ အလိုတော်အတိုင်းဖြစ်ပါစေ ဟု ပြောဆိုခဲ့ခြင်းဟာ ဘုရားသခင်ရဲ့အလိုတော်ကို အပြည်အဝ လက်ခံဖို့ ဆုံဖြတ်ချက်ချလိုက်ခြင်းပါပဲ။ ဒီစကားဟာ သား​တော်ဘုရားလောကကြလာ လူ့အဖြစ်ယူပြီး လူသားအားလုံးကယ်တင်ဖို့ ဘုရားရဲ့စီမံကိန်း​ေ​တာ်ကို သူမဘဝတစ်ခုလုံး ပေးဆပ်လိုက်ခံလိုက်ခြင်းပဲဖစ်တယ်။ ဘုရား သခင်အပေါ်အပြည့်အဝယုံကြည်ခြင်းကို ဖွင့်လှစ်ပြသလိုက်တဲ့မယ်တော်ရဲ့ စကားပဲဖြစ်တယ်။ ဘုရားသခင်ရဲ့နောက်လိုက်တို့၏ စံနမူနာဖြစ်သော အမိမယ်တော်ကဲ့သို့ ယနေ့ခေတ်လူငယ်တွေ သူတို့ရဲ့ဘဝထဲမှာ ရှာဖွေပြီး လက်ခံနိုင်ဖို့ အတုယူရမယ်။ မယ်တော်ဟာ သူမိဘတွေအတွက် ဘုရားသခင်ရဲ့အလိုတော်ကိုသမီးတစ်ယောက်၊ ရှင်ဂျိုးဇက်အတွက် ချစ်ခင်ရသူတစ်ယောက်၊ သခင်ယေဇူးအတွက် မိခင်တစ်ယောက်အဖြစ် တာဝန်ကျေခဲ့တယ်။ အဲ့ဒိမယ်တော်ရဲ့ပုံစံနမူနာကိုယူပြီး ယနေ့ခေတ် လူငယ်တွေ မိမိကျရာ အခန်းကဏ္ဍ ကနေ ဘုရားသခင်ရဲ့ခေါ်သံကို နားထောင်နိုင်ဖို့မယ်တော်ရဲ့ လမ်းပြမူနဲ့စံနမူနာကို အတုယူကြပါ ဟု ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-signs-synod...

#pope, #Loreto, #maria, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 8 =