လူငယ်များအတွက် ထုတ်ဝေသော စာချွန်တော် အနှစ်ချုပ်

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်

လူငယ်များအတွက် ထုတ်ဝေသော စာချွန်တော် အနှစ်ချုပ်

မတ်လ ၂၊ ၂၀၁၉

၂၀၁၈ ခုနှစ် အောက်တိုဘာလ ကပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများ ညီလာခံမှထွက်ပေါ်လာသော"အသက်ရှင်တော်မူသောသခင်ခရစ်တော်" ဟု အဓိပ္ပါယ် ရသော ကမ္ဘာပေါ်ရှိ လူငယ်များကို ရည်ရွယ် ပြီး ထုတ်ဝေသော ရဟန်းမင်းကြီး၏ စာချွန်တော်ကို အီတလီနိုင်ငံ လောရေးတို မြို့ရှိ အပျိုကညာစင် မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုယ် အားကိုးဆုတောင်းရာနေရာ ဘုရားကျောင်းတော်ကြီးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းစာချွန်တော်ကို ဗာတီကန် ရဟန်းမင်းကြီး ရုံးတော် သတင်းထုတ်ပြန်ရေးဌာန မှ စာချွန်တော်ပါ အချက်များကို အခြေခံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ အသက်ရှင်တော်မူသော ခရစ်တော်သည် သင်တို့ကိုလည်း ရှင်သန်ရန် အလိုရှိကြောင်း ဖြင့် စာချွန်တော်ကို အစပြုထားပြီး အသင်းတော်သည် သင်တို့၏ ပြင်းပြသော ယုံကြည်ခြင်း၊ မိမိအသိစိတ်ဖြင့်ပါဝင်လုပ်ဆောင်ခြင်းနှင့် သင်တို့၏ သစ်လွင်သော အရှိန်အဟုန်ကို အလိုရှိကြောင်းနှင့် အဆုံးသတ်ထားပါသည်။ ယင်းစာချွန်တော်တွင် အပိုဒ် ကိုးပိုဒ်​ခွဲထားပြီး အပိုဒ်​ငယ် ၂၉၉ ပိုဒ်ပါဝင်၍ ယင်းစာချွန်တော်သည် လူငယ်များအတွက်သာမက ကမ္ဘာပေါ်ရှိ ယုံကြည်သူ ဘာသာဝင်အားလုံးကိုရည်ရွယ် ထားကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဖော်ပြထားပါသည်။ လူငယ်များ၏ ခေါ်တော်မူခြင်း နှင့် မိမိယုံကြည်ခြင်းကို စမ်းစစ်ရန် အပိုဒ်ကိုးပိုဒ် အနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါသည်။

အခန်း ၁။ ။ လူငယ်နှင့် နုတ်​ကပတ်တော်

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်မှ တချိန်တစ်ခါက လူငယ်တွေရဲ့ကဏ္ဍဟာအသိအမှတ်အပြုမခံခဲ့ရတဲ့အချိန်တွေရှိခဲ့သလို့ တစ်ချို့​သော ကျမ်းပိုဒ်တွေမှာ လူငယ်တွေကို ဘုရားသခင်က အမြင်တစ်မျိုးနဲ့မြင်ကြောင်း ဓမ္မဟောင်းကျမ်းကို အခြေခံပြီး ဖော်ပြထားပါသည်။ သို့သော် ဓမ္မသစ်ကျမ်းစာမှာ သခင်ခရစ်တော်က (အသက်ငယ်လို တန်ဖိုးမရှိ ဂုဏ်မရှိတာ မဟုတ်သလို အသက်ကြီးလို့ အခွင့်ထူးခံလည်း မဟုတ်ကြောင်း) လူငယ်တွေ အပေါ်မှာထားတဲ့စိတ်နေစိတ်ထားဟာ ကျွနု်​ပ်တို့ကို သတိပေးနေတယ်။

အခန်း ၂။ ။ အမြဲတမ်း ငယ်ရွယ်သော ယေဇူးခရစ်တော်

အမြဲတမ်း ငယ်ရွယ်သော ယေဇူးခရစ်တော် အသင်းတော်ရဲ့ စံနမူနာအဖြစ်ထားပြီး အသင်းတော်ဟာ အမြဲတမ်းငယ်ရွယ် သစ်လွင်နေတယ်၊ ငယ်ရွယ်သူတွေလို မတူကွဲပြား မူ​တွေကိုလည်း ပြုလုပ်ရဲတယ် ဟူသော အချက်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ထောက်ပြပြီး၊ တခြားတဖက်မှာလည်း လူငယ်တွေက အသင်းတော်ကို ငြီးငွေ့စရာကောင်းတယ်၊ စိတ်ကသိကအောက်ဖြစ်စရာလို့ ရှု့မြင်ကြတယ်၊ ဘာဖြစ်လို့လည်းဆို​တော့ သခင်ခရစ်တော်ရဲ့ အနှစ်သာရကို ကျွနု်​ပ်တို့ ​ဖော်​ပြတဲ့နေရာမှာ သခင်ခရစ်တော်အပေါ် စွဲ​ဆောင်မှ ု၊ထိရောက်မူအားနည်​းစေခဲ့တာကို ကျွနု်​ပ်တို့ဝန်ခံပါတယ်။ လူငယ်တွေက အသင်းတော်ကို စီရင်ဆုံးဖြတ်သော အရာအဖြစ်မမြင်စေဘဲ နားထောင်ပေးသော၊ နားလည်ပေး သော အသင်းတော်အဖြစ်အလိုရှိကြတယ်။

အခန်း ၃။ ။ ဘုရားသခင်၏ ယခု အချိန်

လူငယ်တွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ် ဆိုတာထက် ကမ္ဘာကြီးကို ပိုမိုတိုးတက်ကောင်းမွန်အောင်ယခုကို လုပ်ဆောင်နေကြသူတွေဖြစ်တယ်၊ အဲ့ဒါကြောင့် လူငယ်တွေက အဆင်သင့်ပြင်ဆင်ပြုလုပ်ထားတဲ့အဖြေတွေ၊ အလွယ်တကူ အဖြေရနိုင်တာမျိုးတွေကို မနှစ်မြို့ကြတော့ဘူး။ ဆက်လက်ပြီး ဒီအခန်း ၃ မှာ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ်မှ ဒီဂျစ်တယ် ခေတ်မှာရှင်သန်နေသူတွေရဲ့ အကျိုးအမြတ်နှင့် ဆုတ်ယုတ်မူ​တွေအကြောင်း၊ လိင်မူကိစ္စများ၊ အစီအစဉ်အလိုက်ဖြစ်ပေါ်နေတဲ့ မတရားခေါင်းပုံဖြတ်မူများ၊ ရွေ့့ပြောင်းနေထိုင်သူတို့ရဲ့ဘဝများအကြောင်း စသည့်စိန်ခေါ်မူများကို ထည့်သွင်းဖော်ပြထားပါသည်။ ဒီခေတ်ပျက် အမှောင်ကြီးကို လူငယ်တို့ရဲ့အကူအညီနဲ့ သစ်လွင်သောခေတ်သစ် တစ်ခုအဖြစ်ပြောင်းလဲနိုင်သော အခွင်အရေးတစ်ခု အဖြစ်ပြုလုပ်ကြဖို့ အကြံပြုထားပါသည်။

အခန်း ၄။ ။ ကြီးမားသော အမှန်တရားသုံးခု

စာချွန်တော်အခန်းလေး မှာ ကြီးမားသော အမှန်တရားသုံးခု အကြောင်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ထောက်ပြထားပါသည်။ ပထမအချက် အတိတ်ကထက် အနာဂတ်မှာ၊ တားမြစ်ပိတ်ပင်ခြင်းထက် ပြန်လည်သင့်မြတ်ခြင်းတို့ထက်ကို ပိုသော ချစ်ခြင်းမေတ္တာဖြင့် ဘုရားသခင် သင့်ကိုချစ်တယ်။ ဒုတိယအချက် သခင်ခရစ်တော်က သူရဲ့ပုခုံးပေါ်မှာငါတို့ကိုတင်ဆောင်ပြီး အပြစ်ခွင့်လွတ်ပေးသော ကယ်တင်ရှင်ဖြစ်တယ်။ တတိယအချက် ခရစ်တော်ဟာ အသက်ရှင်သောဘုရားဖြစ်တယ် ဒါကြောင့် အပြစ်တင်ဝေဖန်နေတာတွေကိုရပ်ပြီး အနာဂတ်ကိုဦးတည်လျှောက်လှမ်းပါ။

အခန်း ၅။ ။ ရွေးချယ်ရမည့် အသက်တာ

ဒီအခန်းငါးမှာ ခွန်းအားပြည့်ဝသော စိတ်အားထက်သန်သော သာသနပြုများဖြစ်ဖို့၊ အပြောင်းအလဲကို ရဲဝံစွာလုပ်ဆောင်နိုင်သူများဖြစ်ဖို့၊ လက်ရှိဘဝ (ယခု) အချိန်ကို အသက်ရှင်ပြီး အများကောင်းကျိုး လုပ်ဆောင်နေသူများဖြစ်ဖို့၊ အခွင့်အရေးကို အရယူဖို့ အမှားတွေပြုလုပ်မိတာကို မကြောက်ဖို့ ရွေးချယ်ရမည့် အသက်တာ အချိန်ကာလအဖြစ်လူငယ်တွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ရည်ညွန်းအကြံပေးထားပါသည်။

အခန်း ၆။ ။ လူငယ်များနှင့် လူကြီးများ

အခန်း ခြောက်မှာ လူကြီးတွေရဲ့ အနာဂတ်မျှော်မှန်းချက်နဲ့ လူငယ်တွေရဲ့အမြင်၊ လူကြီးတွေရဲ့ မျှော်မှန်းချက်ထဲကို လူငယ်တွေ စိမ့်ဝင်နိုင်ခဲ့ရင် အနာဂတ်ကို လူငယ်တွေ ပြိုင်ဖက်ကင်းစွာ ပိုမိုထိုးဖောက်နိုင်လိမ့်မယ်။ လူငယ်တွေ လူကြီးတွေရဲ့ အတွေ့အကြုံတွေကနေ အကျိုးအမြတ်တွေရယူရမယ်၊ အဲ့ဒါကြောင့် လူကြီးတွေနဲ့ လူငယ်တွေရဲ့ပေါင်းသင်းဆက်ဆံရေးဟာ အရေးကြီးတယ် ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ လူငယ်များကို ထောက်ပြထားပါသည်။

အခန်း ၇။ ။ လူငယ်များ၏ အခန်ကဏ္ဍ

အခန်း ခွန်တွင် လူငယ်များကို အတူကွ ခရီးဆက်နိုင်သူများအဖြစ် လက်တွဲ​ခေါ်ဆောင်သော အခွင့်အရေး နှင့် လူငယ်များ၏ လုပ်ငန်းတာဝန်ကို အတင်းအကြပ်မဟုတ်ဘဲ ပြုပြင်ပြောင်းလဲလွယ်သော အရာဖြစ်ဖို့၊ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ သုံးသပ်ဖော်ပြထားပါသည်။ လူငယ်တွေဟာ ဟေားကြားပို့ချပေးသော စနစ်ကြောင့်မဟုတ်၊ စနစ်ကျ​သော ချစ်ခြင်း​မေတ္တာ ဖြင့်သာ ပါဝင်လှုပ်ရှားလာကြခြင်းဖြစ်တယ် ဒါကြောင့် အသစ်သော နည်းလမ်းဖြင့် လူငယ်တွေစိတ်ဝင်စားအောင် ရဲဝံ့စွာဖော်ဆောင်ပေးရမယ်။ အနုပညာ၊ အားကစား၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဒီကဏ္ဍတွေဟာ ကောင်းမွန်သော သိုးထိန်း​လုပ်ငန်းစဉ်တွေဖြစ်တယ် ဟု ဖော်ပြထားပါသည်။

 

အခန်း ၈။ ။ ဘုရာရှင်ခေါ်တော်မူခြင်း

ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုတုန့်ပြန်တဲ့နေရာမှာ ငါတို့မှာ ရှိတဲ့ အစွမ်းအစ အားလုံးကိုတိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်တယ် ဟု အခန်းရှစ်တွင် ဖော်ပြထားပါသည်။ သန့်ရှင်းသော လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး မှာ လည်း သင်တို့ရဲ့ခေါ်တော်မူခြင်းတိုတွေ့နိုင်မယ် ဒီနေရာမှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဟာ ကရုဏာမေတ္တာကို အခြေခံပြီး ပေးဆပ်ခြင်းဖြစ်တယ်၊ လင်မယား နှစ်ဦးပေါင်းစပ်ခြင်း လိင်မူကိစ္စဟာ ချစ်ခြင်း​မေတ္တာ ခိုင်မြဲဖို့နဲ့ လူသားမျိုးဆက်သစ်ဖန်တီးဖို့ဖြစ်တယ်။ သို့​သော် လူငယ်များအနေနဲ့ ဘုရားသခင်အတွက် မိမိဘဝတစ်ခုလုံးကိုပေးဆပ် သော သူတော်စင်​အသက်တာကိုလည်း ထည့်သွင်းစဉ်းစားရမယ်။

 

အခန်း ၉။ ။ စမ်းစစ်ခြင်း

စာချွန်တော် အခန်းကိုးမှာ မိမိကိုယ်ကို ကဝိပညာရှိကဲ့သို့ စမ်းစစ်သော ဘဝ အသက်တာမရှိလျှင် ခေတ်ရေစီးကြောင်း၏ ခေါ်ဆောင်ရာနောက်ကို အလွယ်တကူပါသွားမှာ ဖြစ်တယ်ဆိုသော အချက် ကို ထောက်ပြထားပါသည်။ ခေါ်တော်မူခြင်းဟာ ကျေးဇူးတော်ဖြစ်တယ် သို့သော ပြင်းထန်သော တောင်ဆိုမူတစ်ခုဆိုတာကိုလည်းမမေ့ပါနဲ့။ ဘုရားသခင်ပေးသနားသော လက်ဆောင်တွေကို ခံစားဖို့ ငါတို့စွန့်စားမူတွေကိုလုပ်ဆောင်ဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်။

 

ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော် နိဂုံးတွင် ချစ်လှစွာသော လူငယ်တို့ သင်တို့၏ နှေးကွေးလေးလံစေသော၊ ကြောက်ရွံ့စေသော အရာတွေကို ဖြတ်ကျော်တိုးထွက်ပြီး သင်တိုရှေ့မှာရှိသောပြိုင်ပွဲမှာ ပြေးနေတာကို မြင်တွေရခြင်းသည် ကျွနု်​ပ်အတွက်ဝမ်းသာကြည်းနူးသော မျှော်လင့်ချက်ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

 

အပြည့်အစုံဖတ်ရန် Website Link ကို အောက်မှာ ဖော်ပြပေးထားပါသည်။ ။

https://bit.ly/2FTrmUI

https://bit.ly/2OGCVkY

#pope, #exportation, #youth, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 8 =