လူငယ်များနှင့် ရဟန်းမင်ကြီးများကြာ သမိုင်းအစဉ်အလာရှိခဲ့သော အီတလီနိုင်ငံ လောရေးတို မြို့

လူငယ်များနှင့် ရဟန်းမင်ကြီးများကြာ သမိုင်းအစဉ်အလာရှိခဲ့သော အီတလီနိုင်ငံ လောရေးတို မြို့

လူငယ်များနှင့် ရဟန်းမင်ကြီးများကြာ သမိုင်းအစဉ်အလာရှိခဲ့သော အီတလီနိုင်ငံ လောရေးတို မြို့
မတ်လ ၂၅၊ ၂၀၁၉

 

မတ်လ ၂၅၊ ၂၀၁၉ တနင်္လာနေ့ တွင် လူငယ်များနှင့် ရဟန်းမင်ကြီးများကြာ သမိုင်းအစဉ်အလာရှိခဲ့သော အီတလီနိုင်ငံ လောရေးတို မြို့ သို့ သိုးထိန်း​ခရီးစဉ်အဖြစ် လာရောက်ခဲ့ပါသည်။ ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်၊ တစ်​ဆယ်ခြောက်ပါး​မြောက် ဘက်နဒက် တို့ လက်ထက်တွင် လည် လောရေးတို မြို့တွင် လူငယ်များ နှင့် တွေ့ဆုံခဲ့သော သမိုင်းအစဉ်အလာများ၊ ထို့အပြင် လောရေးတို့ မြို့ သည် တချိန်က ရဟန်းမင်းကြီး နှစ်ဆယ်သုံးပါး​မြောက် ဂျွန်၊ ဒုတိယမြောက် ပါးရပ်စ်၊ တတိယမြောက် ပေါလ်၊ ခြောက်ပါးမြောက် ပါးရပ်စ်၊ ခုနှစ်ပါးမြောက် ပါးရပ်စ်၊ ကိုးပါးမြောက် ပါးရပ်စ် နှင့် တဆယ်ခြောက်ပါး ​မြောက် ဂရေဂရီ တို့မှ မယ်တော်ထံ ဆုတောင်းရန် ဘုရားဖူး နေရာအဖြစ် ရွေးချယ်သွားရောက်ခဲ့သော နေရာ ဖြစ်ကြောင်းလည်း သမိုင်းမှာဖော်ပြထားပါသည်။

 

သိကြားတမန် က မယ်တော်မာရီယား အားအမိန့်​တော်ပြန်သော ပွဲ​နေ့တွင် လူငယ်များနှင့် ရဟန်းမင်ကြီးများကြား သမိုင်းအစဉ်အလာရှိခဲ့သော အီတလီနိုင်ငံ လောရေးတို မြို့ရှိ အပျိုကညာစင် ​မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုယ် အားကိုးဆုတောင်းရာနေရာ လောရေးတို မြို့၏ သန့်ရှင်းသောအိမ်တော် နေရာတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မစ္ဆားတရားပူဇော်ရန် နှင့် ၂၀၁၈ အောက်တိုဘာလ ကပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများ ညီလာခံမှ ထွက်ပေါ်လာသော စာချွန်တော်ကို အတည်ပြုလက်မှတ်ထိုး ရန် ရည်ရွယ်လာရောက်ခဲ့ခြင်းဖြစ်ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/popes-pastoral-visit-lor...

#pope, #Loreto, #angelus, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 1 =