Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူငယ်များကို သတင်းကောင်းစီသို့ ခေါ်ဆောင်ပါ
လူငယ်များကို သတင်းကောင်းစီသို့ ခေါ်ဆောင်ပါ
ဇန်နဝါရီ ၁၁၊ ၂၀၁၉
ရဟန်းမင်းကြီး စာချွန်တော် Evangelii gaudium (သမ္မာကျမ်းစာ ၌ ဝမ်းမြောက်ခြင်း) နှင့် စိန့် ဒွန်ဘော့စကို စာအုပ်အဖွင့်အမှာစကားတွင် စိန့် ဒွန်ဘော့စကိုသည် သမ္မာကျမ်းစာ ကို ကောင်းမွန်စွာ သယ်ဆောင်ဖြန့်ဝေနိုင်သူအဖြစ်ဖော်ပြထားပါသည်။ Evangelii gaudium con don Bosco (Evangelii gaudium with St. John Bosco) သမ္မာကျမ်းစာ ၌ ဝမ်းမြောက်ခြင်း ရဟန်းမင်းကြီး စာချွန်တော် နှင့် စိန့် ဒွန်ဘော့စကို၏ အသက်တာကို ထောက်ရှု့ရေးသားထုတ်ဝေသော စာအုပ်တွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အမှာစာ ထည့်သွင်းရေးသား ဂုဏ်ပြုခဲ့ပါသည်။
သမ္မာကျမ်းစာ ၌ ဝမ်းမြောက်ခြင်း ရဟန်းမင်းကြီး စာချွန်တော် နှင့် စိန့် ဒွန်ဘော့စကို၏ အသက်တာကို ထောက်ရှု့ရေးသားထုတ်ဝေသော စာအုပ်သည် ဆလေးရှင်းအသင်းဂိုဏ်းဝင်များမှ ရေးသားခဲ့သော စာတမ်းတို စာမှုများကို စုစည်းဖော်ပြထားသော စာအုပ်တအုပ်ဖြစ်ပါသည်။ ယင်းစာအုပ်သည် ဆလေးရှင်းအသင်းဂိုဏ်းတွင် ပုံသွင်း ဆောက်တည်ခြင်း အဆင့်အမျိုးမျိုးမှ သူတို့ခံစားရရှိခဲ့သော အတွေ့အကြုံများကို သက်သေခံချက်များ၊ အသေးစိတ် ထောက်ရှု့ထားသော အချက်အလက်များ နှင့် တိုက်တွန်းနိုးဆော်ခြင်း များပါဝင်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
ဆလေးရှင်းအသင်းဂိုဏ်းဝင် များသည် ကြီးမားသောကျေးဇူးတော်ကို ပိုင်ဆိုင်ထားသူများဖြစ်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော သောကြာနေ့ကြီး ထက် ရှင်ပြန်ထမြောက်ခြင်း ဝမ်းသာပျော်ရွှင်မူ အီစတာ တနင်္ဂနွေနေ့ ကို ထောက်ရှု့ဖော်ပြပေးခဲ့သော အသင်းဂိုဏ်း တည်ထောင်သူ စိန့် ဂျွန်ေဘာ့စကို ကိုပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။ စိန့် ဂျွန်ဘော့စကိုသည် ဘဝရဲ့အခက်အခဲပေါင်းမြောက်များစွာကို အမြဲကြိုဆိုတတ်ေသာနှလုံးသား၊ ပျော်ရွင်နေတတ်ေသာ နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဖော်ပြခဲ့ပါသည်။
ဘုန်းတော်ကြီးတွေက လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ခေတ်ကာလမှာ စိန့် ဂျွန်ေဘာ့စကို ရဲ့ အသက်ရှင်နေထိုင်မူ သတင်းစကားတွေဟာ တော်လှန်ရေးပုံစံပေါက်ခဲ့တယ်။ စိန့် ဒွန်ဘော့စကို ရဲ့ ပျော်ရွင်မူနဲ့ ပညာရေးအလေးထားမူတွေဟာ ၁၉ ရာစု တူရင်းမြို့လမ်းပေါ်ကလူငယ် မြောက်များစွာကိုကယ်တင်နိုင်ခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ငယ်စဉ်ဘဝက ဆလေးရှင်းကျောင်းတက်ခဲ့စဉ် ကျောင်းမှာ မိသားစုဘဝနှင့် ပျော်ရွင်မူတွေကိုခံစားခဲ့ရကြောင်းနှင့် သူကို အလှအပတရား၊အလုပ်တန်ဖိုး၊ ပျော်ရွှင်းခြင်းရသာတွေကို တန်ဖိုးထားတတ်ရန်သင်ကြားခဲ့ရသည့်အကြောင်း၊ ဒီအရာတွေကိုတန်ဖိုးထားဖို့ ဘုရားသခင်ခေါ်တော်မူတယ်ဆိုတဲ့အကြောင်းကို လည်းဖော်ပြထားပါသည်။
စိန့် ဂျွန်ဘော့စကို၏ ဖြူစင်ေသာ ချစ်ခြင်းမေတ္တာ
စိန့် ဂျွန်ဘော့စကို ဆလေးရှင်းအသင်းဂိုဏ်းတည်ထောင်သူဆီမှာ ဖြူစင်ေသာအချစ်သုံးခုရှိတယ်၊ စိန့် ဂျွန်ဘော့စကိုဟာ မယ်တော်ကို ချစ်တယ်၊ ကိုယ်တော်မြတ်ကိုချစ်တယ်၊ ပုပ်ရဟန်းမင်းကြီးကို ချစ်တယ်။ ဆလေးရှင်းအသင်းဂိုဏ်းဝင်များ ဒွန်ဘော့စကို၏ စံနမူနာကို အတိအကျလိုက်နာကြပါ၊ လောကပတ်ဝန်းကျင်အခြေအနေကို ကြည့်မြင်တတ်ေသာနှလုံးသားရှိပြီး၊ တွေ့ကြုံနေရသော အခက်အခဲအခြေအနေတွေကို ရင်ဆိုင်ပြီး ရဲရင်သော ခွန်အားဖြစ်စေသောဆုံးဖြတ်ချက်များကိုချကြပါ။
သခင်ခရစ်တော်ရဲ့စစ်မှန်သောရှင်ပြန်ထမြောက်ခြင်း သတင်းကောင်းစီသို့လူငယ်များကို ခေါ်ဆောင်လာကြရမယ်။ ယင်းကဲ့သို့ခေါ်ဆောင်လာခြင်း လုပ်ဆောင်ပေးခြင်းကနေ ဆလေးရှင်းအသင်းဂိုဏ်းဝင် များသည် ကမ္ဘာတဝှမ်း နေရာဒေသအလိုက် ရိုးရာယဉ်ကျေးမှု ကိုအခြေခံပြီး သတင်းကောင်းကိုသက်သေခံနေခြင်း၊ သမ္မာတရားကို သက်သက်ခံနေခြင်းဖြစ်ကြောင်းလည်းရှင်းပြထားပါသည်။ နိဂုံးချုပ် အနေနှင့် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ စာအုပ်ပါအချက်အလက်များသည် ထိရောက်ကောင်းမွန်ကြောင်းနှင့် ကမ္ဘာတဝှမ်း ဆလေးရှင်းအသင်းဂိုဏ်း၏ ပညာရေးအသက်တာလမ်းကြောင်းအဖြစ်ဝေမျှကြဖို တိုက်တွန်းထားပါသည်။
https://www.vaticannews.va/en/pope/news/2019-01/pope-francis-preface-boo...
#pope, #salesian, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment