လူငယ်တွေဟာ အသင်းတော်ရဲ့ အင်အား မို့ ရှေ့ခရီးဆက်ကြပါ

ချစ်လှစွာသော လူငယ်အပေါင်းတို့…

သင်တို့ဟာ ကမ္ဘာ့လူငယ်များနေ့ အတွက် အဆင်သင့်ဖြစ်နေကြပါတယ်။ ကမ္ဘာ့ လူငယ်များပွဲနေ့ ကျင်းပဖို့ (၃)လလောက်ပဲ လိုပါတော့တယ်။

သင့်တို့ရဲ့စိတ်ထဲ ဘယ်လို ခံစား နေကြမလဲဆိုတာ ကျွန်ုပ် မြင်ယောင်ကြည့်နိုင်ပါတယ်။ အလုပ် ဒါမှမဟုတ် ပညာသင်စသဖြင့်လျှောက်လွှာတွေတင်ပြီး ဘယ်လို အဆင်ပြေအောင်သွားနိုင်မလဲ။

ကမ္ဘာ့လူငယ်ပွဲသွားနိုင်ဖို့ လမ်းခရီးအတွက်လိုအပ်တာတွေ ဘယ်လိုရအောင်လုပ်မလဲ။ သင်တို့ရဲ့ စိုးရိမ်မှုတွေကြားမှာ အိမ်မက်နဲ့ အရှေ့ဘက်မိုးကုတ်စက်ဝိုင်းဆီကို အမြဲမျှော်ကြည့်ကြပါ။ ဒီလိုကမ္ဘာ့ လူငယ်များနေ့မှာ ပါဝင်ဆင်နွှဲဖို့ ဆိုတာတကယ်ကို လှပတဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်ဆင်နွှဲ ချင်တဲ့ အိမ်မက် ဆန္ဒတစ်ခုကို စိတ်ထဲမှာ ခံစား ကြည့်လိုက်ပါ။

အဲဒီလို စိတ်အားတက်ကြွခြင်းနဲ့ သင့်ကိုသင် ပြင်ဆင်ဖို့ အားပေးချင်ပါတယ်အဲဒီမှာလည်း မျှော်လင့်ချက်ကြီးထားပါ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့လူငယ်များ နေ့လိုမျိုး ပွဲနေ့ကနေ ဗဟုသုတတွေ အများကြီး ရစေတယ်။ သေချာသတိမချပ်မိ ရင်တောင်မှ ကျွန်ုပ်တို့ရဲ့ အတွင်းထဲမှာ ထင်ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်ကနေ ပြန်ရှာတွေ့ခဲ့တဲ့ ပါရမီတွေ ထင်ကျန်ခဲ့သလို တခြားနိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံရင်းနှီး သိကျွမ်းခဲ့တဲ့အရာတွေ ထင်ကျန်ခဲ့ပါတယ်။

အဲဒီလိုအရာတွေ ကျွန်ုပ်တို့နှလုံးသားထဲမှာ စွဲထင်ကျန်ခဲ့ပြီးလူငယ်တွေကို ခွန်အားဖြစ်စေပါတယ်။ လူငယ်တွေဟာ အသင်းတော်ရဲ့ အင်အားဖြစ်တာကြောင့် လူငယ်တွေ ရှေ့ခရီးဆက်ကြပါ။

✍️ထန်းဟာ SJ

Video Courtesy of Vatican Media

Add new comment

14 + 4 =