လူငယ်များ၏ ဘဝ နှင့် စိတ်အားထက်သန်မှုကို လေ့လာလိုကြောင်း ဆရာတော် Joseph Pamplany ပြေားကြား

ဆရာတော် Joseph Pamplany
လူငယ်များ၏ ဘဝ နှင့် စိတ်အားထက်သန်မှုကို လေ့လာလိုကြောင်း ဆရာတော် Joseph Pamplany ပြေားကြား
အောက်တိုဘာ ၁၁၊ ၂၀၁၈

"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင်ရောက်လျှက်ရှိသော အိနိယနိုင်ငံ စီရိုမာလာဘာဒေသ Tellicherry ဂိုဏ်ချုပ် သာသနာနယ် ကိုယ်စားပြု လက်ထောက် ဆရာတော် Joseph Pamplany မှ လူငယ်များ၏ ဘဝ နှင့် စိတ်အားထက်သန်မှုကို လေ့လာလိုကြောင်း ပြောကြားခဲ့ပါသည်။
ဒီညီလာခံမှာ အဓိကဆွေးနွေးနေကြတာက အသင်းတော် အနေနဲ့ လူငယ်တွေစီကို ဘယ် လိုနည်းလမ်းအသစ်တွေနဲ့ချည်းကပ်ကြမလဲဆိုတဲ့ အသစ်သော နည်းလမ်းတွေကို ရှာဖွေနေကြတာပါ။ ဒီ ညီလာခံပြုလုပ်ခြင်းအပေါ် ဝမ်းသာကြည်နူးမိတယ်၊ အားလုံးကို စနစ်တကျ စီမံခန့်ခွဲမှုကိုလည်း အရမ်းသဘောကြတယ်။ ဒီညီလာခံထဲမှာ
ကျွန်တော် ဆရာတော်ကြီးတွေပြောတာလည်းနားထောင်တယ်။ လူငယ်တွေပြောတာလည်း နားထောင်တယ်။ အဲ့ဒီမှာ လူငယ်တွေပြောတဲ့အရာတွေက တကယ်ကိုအားတက်စေတယ်။ တကယ်ကို အသင်းတော်အပေါ်မှာ လူငယ်တွေအတွက် ထူးခြားတဲ့အနာဂတ်သာသနာပြုလုပ်ငန်းအတွက် အလင်းပြမှုပါပဲ။
ယျဉ်ကျေးမှု မတူညီတာတွေ တိုးတက်နိုင်ငံက လူငယ်တွေရဲ့အမြင်၊ ဖွံဖြိုးဆဲ နိုင်ငံကလူငယ်တွေရဲ့အမြင် မတူညီမှုတွေတော့ရှိပါတယ်။ အဓိကအပြောင်းအလဲကတော့ ကိုယ်နိုင်ငံဒေသအလိုက် ကြုံတွေနေရတဲ့အခြေအနေတွေကို ဒီနေရာမှာ တစုတစည်းတည်းဖော်ပြနိုင်သော အခွင့်အလမ်းပါပဲ။ ကျွန်တော်စိတ်အဝင်စားဆုံးအားအရဆုံးကတော့ လူငယ်တွေအရေးနဲ့ပတ်သက်ပြီး အသင်းတော်အနေနဲ့ အသစ်သောနည်းလမ်းတွေထွက်ပေါ်လာမှုပါပဲ။
နောက်ဆုံးအနေနဲ့ပြောချင်တာက လူငယ်တွေမကြောက်ကြပါနဲ့ အထူသဖြင့်သင်တို့ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ကြောက်ရွံမှု့မရှိကြဖို့ အသင်းတော်ဟာ သင်တို့နှင့်အတူရှိနေတယ် မကြောက်ကြပါနဲ့။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-interview-synod-father-bishop-tellicherry-india.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 0 =