လူငယ်များအရေး ညီလာခံ စတင်ခြင်း

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ
လူငယ်များအရေး ညီလာခံ စတင်ခြင်း
အောက်တိုဘာ ၃၊ ၂၀၁၈

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-overview.html

#bishops, #synod, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံကို ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပသွားမည်ဖြစ်သည်။ ၄င်း ညီလာခံကို "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်။ လူငယ်များအရေး ဆရာတော်ကြီးများညီလာခံကို ၂၀၁၆ အောက်တိုဘာ လကတည်းက စတင်အစီစဉ်ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၇ တွင် စတင်ပြင်ဆင်ကြကာ အချက်အလက်များစုဆောင်း၍ ကြိုတင်ပြင်ဆင်ခဲ့သော အရာဖြစ်ပြီး ဆွေးနွေး ပြောဆိုတင်ပြရန် အချက်အလက်များကို အင်တာနက်ချိတ်ဆက် ရယူခြင်းဖြင့်၎င်း၊ တိုင်းပြည်တိုင်ရှိသာသနာနယ်အသီးသီးမှ စုဆောင်းပေးခြင်စအားဖြင့်၎င်း စုဆောင်းခဲ့ကြပါသည်၊ အင်တာနက်ချိတ်ဆက် ရယူခြင်းတွင် လူငယ်နှစ်သိန်း ကျော်မှ မေးချင်သောအရာများ၊ အကြံပြုချက်များ ပေးပို့ခဲ့ကြပါသည်။
ယင်းညီလာခံတွင် လူငယ်များ၏ အသံ၊ ခံစားချက်၊ ယုံကြည်ချက်၊ ယုံမှားသံသယများ နှင့် ဝေဖန်မှု့များကို အသင်းတော်မှ သိရှိလိုကြောင်း။ လူငယ်များကို နားထောင်ပေးရန်လိုအပ်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။
ကက်သလစ်လူငယ်များ၊ ကက်သလစ်မဟုတ်သော ခရစ်ယာန်လူငယ်များ၊ မယုံကြည်သူလူငယ်များ၊ မှ လူငယ်များအရေး လိုအပ်ချက်များကို ရေးသားပြင်ဆင်ထားသော စားတမ်းတစ်စောင်ကိုလည် ပြီးခဲ့သော မေတ္တာပန်း တနင်္ဂနွေ နေက ရဟန်းမင်းကြီးအားပေးအပ်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံသာသနာနယ် အသီးသီးသို့ပေးပိုထားသော ဆွေးနွေးကြမည့်အချက်အလက်များကိုလည်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါသည်။ ညီလာခံကို ဘုရားဝတ်ပြုခြင်းနှင့်အစပြု၊ ဘုရားဝတ်ပြုခြင်းနှင့် အဆုံးသတ်တို့ဖြင့် အောက်တိုဘာလ ၂၈ ရက်နေထိနေ့စဉ်ပြုလုပ်မှာဖြစ်ကြောင်း၊ ဆရာတော်အပါး ၂၅၀၊ လူငယ် ၄၀၊ အခြားသော ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည်သည်များမှ ဆွေးနွေးတင်ပြကြမည်ဖြစ်ပါသည်။ ညီလာခံ တဝက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ယင်းညီလာခံကို ၁၉၆၇ ကစတင်တင်ခဲ့သော ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါ်လ် ကို ရဟန္တာ အဖြစ်တင်မြောက်မည်ဖြစ်သည်။
ညီလာခံတက်ရောက်ခဲ့ကြသော ဆရာတော်ကြီးများမှ ညီလာခံအနစ်ချုပ်ကို ညီလခံအဆုံးတွင်တင်ပြနိုင်ရန် မျှော်လင့်ကြောင်း
ယင်းအနှစ်ကိုအခြေခံ ပြီး အနာဂတ်မှာ ထွက်ရှိလာမည့် ရဟန်းမင်းကြီး စာချွန်တော်သည် ညီလာခံ ခေါင်စဉ်ကို အခြေခံရန် မျော်လင့်ထားကြောင်း ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။

Add new comment

11 + 1 =