လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံမှ ထွက်ရှိလာမည့်အချက်အလက်များအပေါ် အသင်းတော်မှ နည်းလမ်းရှာ၍ လက်တွေ့အကောင်အထည်​ဖော်ရန် လူငယ်များမျှော်လင့်

လူငယ်ကိုယ်စလှယ်တဦးဖြစ်သူ သြစတြေလျှ နိုင်ငံသား Sebastian Duhau
လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံမှ ထွက်ရှိလာမည့်အချက်အလက်များအပေါ် အသင်းတော်မှ နည်းလမ်းရှာ၍ လက်တွေ့အကောင်အထည်​ဖော်ရန် လူငယ်များမျှော်လင့်
အောက်တိုဘာ ၁၉၊ ၂၀၁၈

"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင် တက်ရောက်လျှက်ရှိသော လူငယ်များထဲမှ လူငယ်ကိုယ်စလှယ်တဦးဖြစ်သူ သြစတြေလျှ နိုင်ငံသား Sebastian Duhau မှ လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံမှ ထွက်ရှိလာမည့်အချက်အလက်များအပေါ် အသင်းတော်မှ လက်တွေ့အကောင်အထည်​ဖော်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ဆရာတော်ကြီးတွေနဲ့လူငယ်တွေကြားမှာ မတူညီတဲ့ အမှန်တရားတွေရှိနေတယ်။ ဒါပေမဲ့ ပွင်ပွင့်လင်းလင်းဆွေနွေးခွင့်ရကြတယ်၊ ဆရာတော်ကြီးတွေကလည်းလူ ငယ်တွေကိုနားလည်နိုင်အောင်ကြိုးစားနားထောင်ပေးကြတယ်၊ လူငယ်တွေကလည်း ရှင်းပြပေးခဲ့ကြတယ်၊
အဲ့ဒါဟာ လူငယ်တွေအတွက်ကြီးမားတဲ့ အခွင့်အရေးပါပဲ။
ကျွန်တော်တို့လူငယ်တွေအနေနဲ့ တခြားလူငယ်တွေကိုလမ်းညွန်ပေးမယ့်​တာဝန်ရှိတယ်။ အထူးသဖြင့် အသင်းတော်က လူငယ်တွေအတွက် ဘာမှ လမ်းခင်းမပေးနိုင်ဘူး လုပ်ပေးနိုင်တာမရှိဘူးလို့ခံစားနေတဲ့လူငယ်တွေကို ထုတ်ပြနိုင်စရာ တခုခု ရချင်တယ်။ အဲ့ဒါမှ အသင်းတော်က လူငယ်တွေနဲ့ အတူ လက်တွဲ သာသနာပြုနေတယ်ဆိုတာ သိလာကြမယ်။
အသင်းတော်ရဲ့သဘာဝကိုက အတူတကွဖေးမလက်တွဲသွားခြင်းပါ၊ သခင်ခရစ်တော်နဲ့လူတွေလို အသင်းတော်နဲ့လူတွေ အပေါင်းအသင်းမိတ်ဆွေဖွဲ့ရင်း၊ အပြန်အလှန် ချစ်ခင်ကြဖို့ပါပဲ၊
အသင်းတော်အနေနဲ့လူငယ်တွေအပေါ် အပြန်အလှန်နားလည်မှု့ပေးပြီး အတူတကွလက်တွဲသွားဖို့ပါပဲ ဟု သြစတြေလျှ နိုင်ငံသား Sebastian Duhau မှ သူရဲ့ အမြင်ကို ပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောင်နုတ်ေ​ဖ်ာပြပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-interview-young-auditor-australia.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 14 =