Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံမှ ဆရာတော်ကြီးများ လူငယ်များ ရောမမြို့ရှိ Regina Coeli ထောင်သို့သွားရောက်လေ့လာ
အောက်တိုဘာ ၂၀၊ ၂၀၁၈
"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင် တက်ရောက်လျှက်ရှိသော ဆရာတော်ကြီးများ လူငယ်များ ရောမမြို့ရှိ Regina Coeli ထောင်သို့ အီတလီ ကက်သလစ် သတင်းစာ အဖွဲ့အစည်း၏ အကူအညီဖြင့် စနေနေ့ ညနေပိုင်းက သွားရောက်လေ့လာခဲ့ကြပါသည်။
Liberi nell'arte (Free in Art) အနုပညာ၌ လွတ်မြောက်ခြင်း အဖွဲ့အစည်းမှ အနုပညာလုပ်ငန်းများဖြင့် လူအဖွဲ့အစည်းတွင် ပြန်လည် ဝင်ဆန့်နိုင်ရန် ထောင်သားများဘဝကို ပြန်လည်မြှင့်တင်ပေးခြင်း ရည်ရွယ်ချက်ဖြင့် ပြသခြင်းဖြစ်ကြောင်း၊
ဆရာတော်ကြီးများညီလာခံ အစည်းအဝေးတွင်လည်း ထောင်သားများ၏ ဘဝအခြေအနေများကို ထည့်သွင်းစဉ်းစား ဆွေးနွေးစေလိုကြောင်း၊ ထောင်တာဝန်ခံအရာရှိမှပြောကြားခဲ့ပါသည်။
ထောင်းသားများ၏ ဘဝကို အနုပညာ၊ သီချင်း၊ ဂီတ၊ သံစဉ်များဖြင့် ပြုပြင်ပေးခြင်းသည် လူဘဝ၏ နှုးညံပျော်ရွှင်မူများဖြင့်ပြုပြင်ပေးမှု့ဖြစ်ပြီး လူအဖွဲ့အစည်းတွင်လည်း နှုးညံသာယာမူများကို ဆက်လက် တွေကြုံစေရန် ပြုပြင်ပေးကြောင်း အနုပညာ၌ ချစ်ခြင်းမေတ္တာ၊ လှပမှု နှင့်ပျော်ရွှင်မူတို့ပေါင်းစပ်ထားကြောင်း၊ အနုပညာရဲ့ လှပမှုသည် သူတစ်ပါးကိုခံစားစေခြင်း သူတစ်ပါးစိတ်ကို နုညံ့ပျော့ပြောင်းစေခြင်များကိုဖြစ်ပေါ်စေကြောင်း လာရောက်လည်ပတ်သူ အဖွဲ့ဝင် ဘုန်းတော်ကြီးတပါမှ မှတ်ချက်ပေးခဲ့ပါသည်။
ဗာတီကန် သတင်းဌာနမကောက်နုတ်ဖော်ပြပါသည်။
https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-fathers-regina-coeli-prison.html
#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment