လာဆဲလ် ကက်သလစ်သာသနာပြု အသင်းဂိုဏ်း၏ ဦးစီးမှုဖြင့် တောင် ဆူဒန် နိုင်ငံတွင် အထက်​တန်​း​ကျောင်​းနှင်​့ အလယ်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့

လာဆဲလ် ကက်သလစ်သာသနာပြု အသင်းဂိုဏ်း၏ ဦးစီးမှုဖြင့် တောင် ဆူဒန် နိုင်ငံတွင် အထက်​တန်​း​ကျောင်​းနှင်​့ အလယ်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့
ဇန်နဝါရီ ၉၊ ၂၀၁၉

အတန်းပညာဆက်လက် သင်ကြားခြင်းမရှိတော့သော တောင်ဆူဒန်နိုင်ငံမှ ၇၀ ရာခိုင်နုန်းသော ယောကျ်ား လေးများအား အဆင့်မြင့်ပညာရေး သင်ကြားပေးနိုင်ရန် ရည်ရွယ်ပြီး လာဆဲလ်သာသနာပြုများဦးစီးလုပ်ကိုင်နေသော Runbek ဒေသတွင် အထက်တန်းကျောင်း နှင့် အလယ်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးနေပါသည်။

 

တောင်နှင့်မြောက် ဆူဒန် နိုင်ငံ၏ ဆိုးဝါးခဲ့သော စစ်ပွဲ​ကြောင့် ကျောင်းသူ/သား လူငယ် ၈၀၀၀၀ ခန့်၊ နိုင်ငံ၏ ၇၀ ရာခိုင်နုန်း သည် ပညာရေး ရပ်တန့်ခဲ့ကြရပါသည်။ ယင်းအချက်သည် နုနယ်သေးသည့် နိုင်ငံတည်ဆောက်မူကို ဆိုးဝါးစွာ ထိခိုက်နေသော အချက်ဖြစ်ပါသည်။ တောင်ဆူဒန်နိုင်ငံသည် ၂၀၁၁ တွင် လွတ်လပ်ရေးရခဲ့သော်လည်း ၂၀၁၃ တွင်ပြည်တွင်းစစ်များပြန်လည်ပေါ်ပေါက်လာမူ​ကြောင့် ပညာရေးချွတ်ခြုံကြနေရပြီး၊ ပညာသင်ကြားရေးအတွက် လိုအပ်သောပစ္စည်းများ မလုံလောက်ခြင်း၊ အရည်အချင်းရှိသော ဆရာဆရာမများ မလုံလောက်ခြင်းတို့နှင့်ရင်ဆိုင်နေရပါသည်၊ လက်ရှိအခြေအနေတွင် နိုင်ငံလူဦးရေ၏ ၂၇ ရာခိုင်နုန်း​သာ ပညာသင်ကြားနိုင်ကြပြီး၊ ၁၆ ရာခိုင်နုန်းသော အမျိုးသမီး ကြီးငယ် လောက်သာ စာရေးတတ်​ဖတ်တတ်​ကြပါသည်။

 

ယင်းအခြေအနေများကို ကူညီဖြေရှင်းပေးရန်နှင့် တဆက်တည်းမှာပဲ လာဆဲလ်အသင်းဂိုဏ်းတည်ထောင်သူ စိန့် ယောဟန်ဘတ္တိဇ် ဒီ လာဆဲလ်​နှစ်​သုံးရာပြည့် ဂျူဘီလီ အထိမ်းအမှတ်အဖြစ် ယင်း ​​​​စာသင်ကျောင်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။ ယခုအခါ လာဆဲလ်သာသနာပြုများဦးစီးလုပ်ကိုင်နေသော Runbek ဒေသတွင် အထက်တန်းကျောင်း နှင့် အလယ်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးနေပြီး၊ Western Lakes ဒေသတွင် အမျိုးသမီးများအတွက် ပညာသင်ကြားရေးကို လောရေးတို စစ္စတာများမှ ၂၀၀၆ ခုနှစ်ကတည်းက သင်ကြားပေးနေကြောင်း နှင့် ယနေ့တွင် ဆူဒန် ကျောင်းသူ/သား လူငယ် ၃၀၀ ကို သင်ကြားပေးနေကြောင်း ဗာတီကန်သတင်းထာမှကောက်နုတ်​ေ​ဖာ်ပြပေးပါသည်။

 

https://www.vaticannews.va/en/church/news/2019-01/south-sudan-lasallian-...

#southsudan, #lasallianschool, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 17 =