လပ်ထ်ဗီယာ တွင် ရဟန်းမင်းကြီး ဟေားကြားသော သြဝါဒ

လပ်ထ်ဗီယာ တွင် ရဟန်းမင်းကြီး ဟေားကြားသော သြဝါဒ

လပ်ထ်ဗီယာ တွင် ရဟန်းမင်းကြီး ဟေားကြားသော သြဝါဒ
စက်တင်ဘာ ၂၄၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/apostolic-journey-latvia...

#pope, #baltics, #Latvia, #greetings, #visit, #peace, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

လပ်ထ်ဗီယာ နိုင်ငံ Aglona တရက်တာခရီးစဉ် စက်တင်ဘာလ ၂၄ ရက် တနင်္လာနေ့ ညနေပိုင်းတွင် ဟောကြားသော မစ္ဆားတရား ၌ မယ်တော်သခင်မသည် ရင်းနှီးကျွမ်းဝင်မှု့နှင့် ဂရုစိုက်မှု့အကြောင်းကို ဟောကြားခဲ့ပါသည်။
ကားတိုင်ခြေရင်းတွင် ရှိနေသော မယ်တော် သခင်မ၊ ကာနန်မြို့ လက်ထပ်ပွဲတွင်ရှိသော မယ်တော်သခင်မအခြေအနေသည် လိုအပ်နေသူကို အမြဲကူညီရန် အသင့်ဖြစ်နေသူဖြစ်ကြောင်း မိခင်စိတ်ဓာတ် အပြည့်အဝဖြင့် ကြည့်ရှုတတ်သော မယ်တော်၏ စိတ်ဓာတ်ကိုရှင်းပြပြီး လပ်ထ်ဗီယာ နိုင်ငံသူနိုင်ငံသားများကို မယ်တော်ကဲ့သို့မိခင်စိတ်ဓာတ်ပြကြဖို့တိုက်တွန်းခဲ့ပါသည်။
ကားတိုင်ခြေရင်းတွင်ရှိနေသောမယ်တော်သခင်မ ၏ပုံသက်သေသည် သားတော်၏ ဒုက္ခဝေဒနာများကို အတူတကွခံစားပေးခြင်း၊ ဒုက္ခအခက်ခဲရောက်နေသူ၊ ဝမ်းနည်းပူဆွေးနေသူများ၊ နှင့်အတူရှိနေကြောင်းဖော်ပြနေပါသည်။ ယင်းကဲ့သို့ အမိမယ်တော်၏ စိတ်ဓာတ်ဖြင့် အတိဒုက္ခရောက်နေကြသူများ၊ ဝမ်းနည်းပူဆွေးနေသူများ၊ ခိုးကိုးရာမဲ့ဘဝများနှင့် သူတို့ကိုသူတို့ ကားတိုင်တင်ခံရသူအဖြစ်ခံစားနေကြရသူများနှင့်အတူ ရှိပေးကြရန် ကူညီပေးကြရန် ဟောကြားခဲ့ပါသည်။
ကာနန်မြို့လက်ထပ်ပွဲတွင် မယ်တော်သခင်မသည် နာခံသော နောက်လိုက်ကောင်းတယောက်အဖြစ် ပြသခဲ့ပြီး တပါးသူ၏ အခက်အခဲကို မိမိအခက်အခဲကဲ့သို့ခံစားကူညီပေးပုံ၊ ငြိမ်းချမ်းမှု့ မရှိသော အခြေအနေတွင် ငြိမ်းချမ်းမှု့ရရန်၊ သဟဇာတမဖြစ်သော အခြေအနေတွင် လိုက်လျောညီထွေမှုရှိရန်၊အကူအညီလိုအပ်သူကို ကူညီချင်သောစိတ်အပြည့်အဝ နှင့် ကူညီပေးသော စိတ် တို့ကို မယ်တော်ကဲ့သို့မွေးမြူကြရန် ဟောကြားခဲ့ပါသည်။

 

Add new comment

3 + 1 =