လစ်လျူရှုခြင်း၊ ကိုယ်နှင့်မဆိုင်သလိုနေသော အကျင့်များကို အမြစ်လှန် ဖယ်ရှားခြင်း

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုးတက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သားများမတ်လ ၁၀ ရက် နေ့မှ ၁၅ ရက်နေ့ထိ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်း

လစ်လျူရှုခြင်း၊ ကိုယ်နှင့်မဆိုင်သလိုနေသော အကျင့်များကို အမြစ်လှန် ဖယ်ရှားခြင်း

မတ်လ ၁၂၊ ၂၀၁၉

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုးတက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သားများမတ်လ ၁၀ ရက် နေ့မှ ၁၅ ရက်နေ့ထိ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုကို San Miniato al Monte ၏ Olivetan ရသေ့အကြီးအကဲ Bernardo Francesco Maria Gianni ဦးဆောင်လမ်းညွန်မှုဖြင့် စတုတ္ထမြောက်ထောက်ရှုချက် အဖြစ် ဒဏ်ရာများ မတရားမှုများနှင့်ပြည့်နှက်နေသောလူ့အဖွဲ့အစည်းအတွက် ချစ်ခြင်းမေတ္တာ နှင့် ငြိမ်းချမ်းခြင်း​များ ပြန်လည်​ ရယူရန်​ လစ်လှုရှုခြင်း၊ ကိုယ်နှင့်မဆိုင်သလိုနေသော အကျင့်များကို အမြစ်လှန် ဖယ်ရှားခြင်း အချက်ကို ဆက်လက်ထောက်ရှုခဲ့ကြပါသည်။

♥ လစ်လျူရှုခြင်း၊ ကိုယ်နှင့်မဆိုင်သလိုနေခြင်း

လစ်လျူရှုခြင်း၊ ကိုယ်နှင့်မဆိုင်သလိုနေသော စိတ်ဓာတ်သည် ကျွနု်​ပ်တို့၏ ကူညီတတ်​ေ​သာ ပင်ကို စိတ်ကို မှုန်​ဝါးသွားစေရုံမက၊ နှလုံးသားကိုပါ ခံစားမှုကင်းမဲ့သူကဲ့သို့ အနယ်ထိုင်သွားစေကြောင်း၊ တပါးသူအပေါ် ထားရှိရမည့်၊ ကူညီရမည့် ပင်ကိုစိတ်ရင်းကို ဖုံးကွယ်ပြစ်လိုက်ခြင်းဖြစ်ကြောင်း၊ စည်းလုံးခြင်း ငြိမ်းချမ်းခြင်းကို ဖော်ဆောင်ရန် နိုးဆော်ပေးသော သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကျေးဇူးတော်​ကို မသိကျိုးကျွန်ုပြုမူလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိကိုယ်ကို ခရစ်ယာန်ဟု သတ်မှတ်ထားပြီး နုတ်ကပါတ်တော်ကိုကြားနာနေသော်​လည်း အသီးမသီးသော သစ်ပင်ကဲ့သို့သာဖြစ်နေကြောင်း၊ ယင်းအခြေအနေမျိုးတွင် ယုံကြည်သူဘာသာဝင်များအနေနှင့် ဘုရားသခင်၏ နုတ်ကပတ်တော်ကို မိမိတို့ဘဝထဲ၌ လက်တွေ့ အသက်ရှင်ခြင်းအားဖြင့် အမှောင်ဖုံးလွှမ်းနေသော လောကကို မျှော်လင့်ချက်အလင်း​ရောင် ထွန်းလင်းဖို့လိုအပ်နေကြောင်း တရားပေးသူရသေ့မှ ထောက်ပြခဲ့ပါသည်။

♥ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းကို မိမိကဏ္ဍအလိုက် ပြန်ွအသက်သွင်းပေးခြင်း

အမှောင်ဖုံးလွှမ်းနေသော လောကကို မျှော်လင့်ချက်အလင်း​ရောင် ထွန်းလင်းပေးနိုင်ရန် မိမိကိုယ်ကိုသာ ကြည့်တတ်​ေ​သာစိတ်ကို လျှော့ချပြီး ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသော အခြေအနေကို စစ်မှန်သော ချစ်ခြင်းမေတ္တာ မျက်စိဖြင့်ကြည့်ရှုခြင်း၊ နားဖြင့် နားထောင်ခြင်း၊ ကူညီခြင်းတို့ဖြင့် ထင်ယောင်ထင်မှားဖြစ်စေသော တကိုယ်ကောင်းစိတ်ကို လျော့ချရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကိုသာ အဓိကထားသောစိတ်ကိုပယ်ဖျက်ပြီး ခရစ်တော်ကို အဓိကထားသောစိတ်ဖြင့် ပတ်ဝန်းကျင်ကို​ ကူညီပြုပြင်ထိမ်းသိမ်းကြဖို့၊ ဒီဝါတွင်းကာလတွင် ပျောက်ကွယ် ပျက်ဆီးလုနီးပါဖြစ်နေသော အခြေအနေကို ဘုရားသခင်၏ အကူအညီဖြင့်ပြန်လည်အသက်သွင်းရန် ဘုရားသခင်ထံမှ ကျေးဇူးတော် တောင်းခံကြဖို့ တရားပေးသူ ရသေ့ Gianni မှ ထောက်ရှု ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-lent-spirit...

#pope, #lent, #retreat, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

3 + 8 =