လက်ရှိအကြပ်အတည်းကိုလွန်မြောက်ရန်မှာအတူတကွရုန်းကန်ရမည်။

လက်ရှိအကြပ်အတည်းကိုလွန်မြောက်ရန်မှာအတူတကွရုန်းကန်ရမည်။

လက်ရှိအကြပ်အတည်းကိုလွန်မြောက်ရန်မှာအတူတကွရုန်းကန်ရမည်။

ကျွန်ုပ်တို့အားလုံးသည်အနာဂါတ်အတွက်လုပ်ဆောင်ရာ၌ မိမိတို့နှင့်ဆိုင်သောလူမူရေးရာအပိုင်းများကိုဖြည့်စွပ်ရ မည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည်တစ်ဦးစီ၏ဂုဏ်သိက္ခာနှင့်လက်ဆောင်များလည်းဖြစ်ပြီး၊ မိမိတို့ကိုယ်စားပြုသောအ သင်းအဖွဲ့၏ဂုဏ်ကိုမြှင့်တင်ပေးရာလည်းဖြစ်သည်ဟုကိုဗစ် (၁၉) ကပ်ဆိုးကြီးနှင့်စပ်လျင်း၍ခရစ်ယာန်စိတ်နေသဘော ထားဖြင့်အဘယ်သို့ကူညီရမည်ကိုရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။

ထိပ်မှအောက်ဆုံး၊ အောက်ဆုံးမှထိပ်ဆုံးသို့

အထက်ပါသွန်သင်ချက်ကိုရှင်းလင်းစွာနားလည်စေရန်အတွက် ရဟန်းမင်းကြီးက (၁၉၂၉) ခုနှစ်ရဟန်းမင်းကြီး ပီဦး (၁၁) ဦးဆောင်စဉ်အခါကကြုံတွေ့ခဲ့သောစီးပွားရေးကပ်ဆိုက်မူကြီးကိုပမာပြခဲ့သည်။ အထက်မှအောက်ခြေ၊ အောက် ခြေမှအထက်သို့ဟူသည့်စနစ်သည်တစ်ဖက်တည်း၊ တစ်ဖွဲ့တည်းလှုပ်ရှားမူမဟုတ်ဘဲနှစ်ဖွဲ့၊ နှစ်ဖက်လှုပ်ရှားမူကြီးဖြစ် သည်။ အကြပ်အတည်းမှရုန်းထွက်ရန်ပိုမိုကောင်းသောနည်းလမ်းမှာ ကိုယ်တိုင်လုပ်ကိုင်နိုင်မူနှင့်ကိုယ်စွမ်းကိုယ်စများဖြင့် တီထွင်နိုင်မူကိုထောက်၍ကူညီထောက်ပံ့ပေးသည့်နည်းလမ်းဖြစ်သည်။ အထူးသဖြင့်အခွင့်အရေးနည်းပါးသူများအားဖော် ထုတ်ပေးခြင်းဖြစ်သည်။ ဤချဉ်းကပ်မူသည်လူတိုင်းအားမိမိတို့၏တာ၀န်နှင့်၀တ္တရားများကိုဖော်ဆောင်ခြင်းဖြင့်မိမိတို့အ သင်းအဖွဲ့၏ကုစားမူနှင့်ဦးတည်းချက်ဆီသို့ရောက်အောင်တွန်းပို့ပေးသည်။ သို့သော်လက်ရှိ၌ လူအတော်များများသည်အများကောင်းကျိုးအတွက်လုပ်ဆောင်ရာ၌ပါ၀င်ခွင့်ဆုံးရှုံးနေကြသည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့သည်အပယ်ခံ၊ အကျင်ခံ၊ မေ့လျော့ခံသူများဖြစ်နေကြသည်။ လူမူအသင်းအဖွဲ့အတော်များ များလည်းထိုသူတို့အားလက်တွဲခေါ်ရန်အားမထုတ်ကြ။ အဘယ်ကြောင့်ဆိုသော်စီးပွားရေး၊ လူမူရေးအရ၄င်းတို့လည်းကူ ညီနိုင်ချေအားနည်းကြောင်းမသိ၊ မရှိ၊ မကြား၊ မမြင်ယောင်ဆောင်နေကြသည်။ အချို့သောအဖွဲ့အစည်း၌လူအတော်များ များသည် မိမိတို့၏ယုံကြည်ချက်နှင့်ထားရှိသောတန်ဖိုးများအကြောင်းထုတ်ဖော်ပြောခွင့်မရှိ။ ထို့အတူအနောက်နိုင်ငံများ ၌မူမိမိတို့၏လူမူကျင့်၀တ်နှင့်ဘာသာရေးခံယူချက်များကိုဖိနှိပ်နေကြသည်။ ဤသို့ပြုလုပ်ပါက အခက်အခဲအကြပ်တည်းမှ ပိုမိုကောင်းမွန်သောလွှတ်မြောက်ရန်လမ်းစမရှိပေ။ လူမူရေး၌နေရာမြင့်မြင့်မားမားယူထားကြသောပြည်နယ်အဆင့်၌ရှိသူ များအနေဖြင့်ဤအနေအထားမျိုးကိုလိုအပ်သည့်ပံ့ပိုးမူများပေး၍ပြုပြင်ပြောင်းလဲစေသင့်သည်။ အများပြည်သူနှင့်ဆိုင် သောအသင်းအဖွဲ့များသည်နည်းလမ်းတကျ၀င်ရောက်ကူညီရန်ကြိုးစားနေသည်ကိုလည်းသတိပြုမိသည်။ သို့သော်အသင်း အဖွဲ့များ၏ခေါင်းဆောင်များသည်ထိုလုပ်ရန်ကိုတိုက်ရိုက်ဖြစ်စေ၊ မသိမသာဖြစ်စေလေးစားပြီး၊ ပံ့ပိုးမြှင့်တင်ပေးရမည်။

တိကျပြတ်သားသောဆုံးဖြတ်ချက်ဖြင့်အားလုံးပါ၀င်လုပ်ဆောင်ခြင်း

တစ်ဦးစီ၊ မိသားစု၊ အသင်းအဖွဲ့၊ စီးပွားရေး၊ တဆင့်ခံအဖွဲ့အစည်းများအားလုံးနှင့်သာသနာတော်ကြီးပင်လျင်တိကျ ပြတ်သားသည်။ မိမိတို့အားလုံးရှင်သန်နေသောအသင်းအဖွဲ့ကျန်းမားစွာကြီးထွားရှင်သန်ရန်အတွက်လူတိုင်းသည်မိမိတို့၏ တာ၀န်ကိုယ်စီကိုကျေပြွန်ရမည်။ သို့သော်အကြီးစားစီးပွားရေးလုပ်ငန်းများ၊ ပထ၀◌ီအနေအထားအရအာရုံစိုက်ခံရသော ဒေသများ၌ မတရားသောဖယ်ကျင်မူများမကြာခဏဖြစ်ပျက်နေသည်။ အမှန်တရားနှင့်လက်တွေ့ဖြစ်နေသောအမေဇုံဒေသ ၏အခြေအနေကိုဥပမာထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံများ၏အသံသည်တိမ်၀င်တိတ်ဆိတ်နေ သည်။ ၄င်းတို့၏ယဉ်ကျေးမူသည်ကမ္ဘာ့အမြင်၌အလေ့ထားခြင်းမခံရ။

လက်၀ါးကြီးအုပ်သောနိုင်ငံတကာမှကုမဏီကြီးများ

ထောက်ပံ့ပေးသည့်လုပ်ထုံးများကိုလေးစားခြင်းမပြုသည့်လုပ်ရပ်များသည်ယနေ့မ္ဘာကြီး၌ဗိုင်းရပ်စ်ပိုးပြန့်နေသကဲ့သို့ဖြစ်နေသည်။ နိုင်ငံတစ်ခု၊ ပြည်နယ်တစ်ခု၏အရေးကိစ္စနှင့်ပတ်သက်၍ဆုံးဖြတ်ကြသောအခါ ငွေကြေးအများဆုံးထည့် ၀င်သောကုမဏီအနည်းငယ်၏အသံသည်အများစုဖြစ်သောပြည်သူတို့၏အသံကိုလွှမ်းသွားသည်။ သို့ဖြင့်အရေးကြီးသောစီး ပွားရေးဆုံးဖြတ်ချက်များသည်အတည်ဖြစ်သွားသည်။ လက်ရှိကပ်ရောဂါဆိုးနှင့်ပတ်သက်၍လည်း ကျန်းမာရေး၀န်ထမ်း များ၏သမ္ဘာနှင့်အတွေ့အကြုံ၊ ပညာအရတင်ပြချက်ထက်ငွေကြေးအရင်းအနှီးစိုက်ထုတ်သောကုမဏီကြီးများ၏စီးပွားရေး လုပ်ကွက်၊ အမြင်ဖြင့်တင်ပြသည်ကိုသာနားထောင်နေကြသည်။ ဤလုပ်ရပ်သည်မကောင်းလှပေ။ စိန့်ပေါလ်၏ကော်ရိန့် သုဩ၀ါဒစာပထမစာစောင် (၁၂း၂၂) ကိုကိုးကား၍ ‘ခနွာကိုယ်တစ်ခုလုံး၏အစိပ်အပိုင်းအားလုံးသည်အရေးကြီးသည်။ အချို့သောအပိုင်းသည်အားနည်းသယောင်၊ အရေးမပါလှသကဲ့သို့ထင်ရသော်လည်းလက်တွေ့၌မူ ထိုအပိုင်းသည်ပို၍ပင်အ ရေးကြီးသည်။ ထောက်ပံ့ပေးသည်နည်းလမ်းကိုအားကောင်းအောင်ဖော်ဆောင်မှသာလျှင်လူမူအသိုင်းအ၀◌ိုင်းကိုကုစား ပေးရမည့်တာ၀န်ကိုယ်စီကိုလက်တွေ့ကျကျဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထောက်ပံ့ကူညီသည့်နည်းလမ်းကိုဖော်ဆောင်ခြင်းဖြင့် ပို၍ကျန်းမာပြီး၊ တရားမျှတသောအနာဂါတ်ကိုဖန်တီးသော မျှော်လင့်ချက်ကိုပေးသည်။ ဤအနာဂါတ်မျိုးကိုအတူတကွတည်ဆောက်ကြပါစို့။ ပို၍ကြီးမားသောအရာများကိုမှန်းမျှော် ကြစို့။ ကျွန်ုပ်တို့၏အတွေးအမြင်များကိုပိုမိုကျယ်ပြောနက်နဲအောင်လုပ်ဆောင်ကြစို့။ အတူ‌ေ၀မျှခံစားခြင်းသည်အကြပ် အတည်းမှရုန်းထွက်ရန်လမ်းစဉ်ဖြစ်သည်။ ဤသို့ပြုလုပ်ရန်မှာထောက်ပံ့ကူညီရမည်ဖြစ်သည်။ လူမူရေးရာ၌သော်လည်း ကောင်း၊ ကိုယ်တိုင်ကိုယ်ကျပါ၀င်ခြင်းမရှိဘဲစစ်မှန်သော‌ေ၀မျှခြင်းမရှိနိုင်ပေ။ ကိုဗစ်ကာလ၌ ကျန်းမာရေး၀န်ထမ်းများ အားဂုဏ်ပြုသည့်အနေဖြင့်လက်ခုပ်တီး၍အားပေးသည့်လုပ်ရပ်ကိုရဟန်းမင်းကြီးကပြန်လည်ထုတ်ဖော်၍အသိအမှတ်ပြု ခဲ့သည်။ ဤလုပ်ရပ်သည်အားတက်စေပြီး၊ မျှော်လင့်ချက်ကိုလည်းပေးသည့်လုပ်ရပ်ဖြစ်သည်။ ဤတန်ဖိုးကြီးလှသောလုပ် ရပ်မျိုးကိုလူမူအသိုင်းအ၀◌ိုင်း၌ကူးစက်ပြန့်နှံ့သွားစေရန် ဆက်လက်၍ဖြန့်ကျက်လုပ်ဆောင်ကြစို့။ ကိုဗစ် (၁၉) အရေး ပေါ်ကာလအတွင်းလူမူစိတ်ဓာတ်အပြည့်ဖြင့်လုပ်အားပေးခဲ့ကြသောသန်းနှင့်ချီသည့်လုပ်အားပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ကြောင်း၊ ထို့အတူသက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ၀န်ထမ်းများ၊ မိမိတို့၏လုပ် အား၊ အချိန်ကိုဆက်ကပ်ပေးလှူခဲ့ကြသူများကိုလည်းလက်ခုပ်တီး၍ဂုဏ်ပြုရန်၊ သို့သော်လက်ခုပ်မျှတီး၍မပြီးဆုံးစေရန် လည်းတိုက်တွန်းခဲ့သည်။

မျှော်လင့်ခြင်းသည်ရဲရင့်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးကရေရှည်မျှော်ကြည့်၍ ဤရောဂါကပ်ဆိုးကာလလွန်မြောက်သောအခါ မျှော်လင့်ခြင်းဖြင့်ရှင်သန် ရန်အတွက် ‘မျှော်လင့်ခြင်းသည်ရဲရင့်ခြင်းဖြစ်သည်။ အိမ်မက်မြင့်မြင့်မက်၍ကျွန်ုပ်တို့ကိုယ်ကိုအားပေးလိုက်ကြစို့။ မျှော် လင့်ချက်ကိုမွေးဖွားပေးမည့်တရားမျှတခြင်းနှင့်လူမူကရုဏာစိတ်များကိုရှာဖွေကြစို့။ ထို့အတူမတရားသော၊ မကျန်းမမာ သောစိတ်ထားများကိုသင်ပုန်းချေကြစို့။ သို့သော်အနာဂါတ်၌အချင်းချင်းအားကြွယ်၀သောအလှတရားနှင့်အနည်းသာရှိ သောသူများလည်းကြွယ်၀လာစေရေးကိုဦးတည်လုပ်ဆောင်ကြစို့။ ကြွယ်၀သောသူများမိမိတို့၏ကြွယ်၀ခြင်းမှအခြားချို့တဲ့ သူများကူညီရန်နှင့်မရှိဆင်းရဲသောသူများအားပေးကမ်းကြရန်တိုက်တွန်းရင်းသူ၏ဆုံးမဩ၀ါဒကိုအဆုံးသတ်ခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3kKE5KZ

 

ကိုဗစ်ကပ်ဘေးကိုကျော်လွှားဖို့တစ်ခုတည်းသောနည်းလမ်းကအတူတကွလုပ်ဆောင်ဖို့ဖြစ်တယ်

ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံရေး မိန့်ကြားချက်တွေဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားခြင်းကြောင့် ပေါ်ပေါက်လာတဲ့ သက်ရောက်မှုများနဲ့ ဆက်စပ်ပြီး သွန်သင်ပြောကြားပေးပါတယ်။

လူတစ်ဦးစီရဲ့ ဂုဏ်သိက္ခာနဲ့ အားသာချက်များကို တန်ဖိုးထား အသိအမှတ်ပြုမယ့် လူမှုရေး အသိုင်းအဝန်းတစ်ခုကို အနာဂတ်မှာ တည်ဆောက်နိုင်ဖို့ အတွက် “လူတိုင်း ကိုယ်စီတာဝန် ထမ်းဆောင်ကြဖို့ မျှော်လင့်ပါတယ်။”

အထက်မှအောက်_အောက်မှအထက်

ဤတစ်ပတ် ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံပွဲမှာ ပုပ်ဖရန်စစ်ဟာ ကိုယ့်အား ကိုယ်ကိုးရေး အခြေခံမူအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

"၁၉၂၉ ခုနှစ်မှာ စီးပွားရေးကပ်ဘေးကြီး ကြုံကြိုက်ခဲ့ရတဲ့ အချိန်မှာ ရဟန်းမင်းကြီး ပီအူး (၁၁) က “#ကိုယ့်အား ကိုယ်ကိုးရေး_အခြေခံမူမှာ_အထက်မှအောက်_အောက်မှ အထက်ဆိုပြီး_လမ်း ၂ သွယ်ရှိပါတယ်” လို့ ဆိုခဲ့တယ်။

“အကြပ်အတည်း တစ်ခုကို ကျော်ဖြတ်ဖို့ ဆိုရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို အလေးထားခြင်းနဲ့ အားအနည်းဆုံး လူများကအစ လူတိုင်း မိမိမှာ ရှိတဲ့ အရည်အချင်းနဲ့ အစပြု လုပ်ဆောင်ခြင်း စတဲ့ ကိုယ့်အား ကိုယ်ကိုးရေး အခြေခံမူကို ကျင့်သုံးဖို့ လိုပါတယ်၊ ဒီအခြေခံမူအားဖြင့် လူ့အဖွဲ့အစည်းမှာ ကုစားခြင်း ရှိဖို့၊ ပန်းတိုင် အထမြောက်ဖို့ အတွက် လူတိုင်း မိမိရဲ့ အရည်အချင်း၊ အခန်းကဏ္ဍကို အသုံးချခွင့် ပေးထားတယ်”

လူအများအပြားဟာ ခွဲခြား ဆက်ဆံခြင်း ခံရတယ်၊ အနှိမ်ခံနေရတယ်၊ ဒါကြောင့် လူ့ဘုံအကျိုး သယ်ပိုးရာ၌ လူအများအပြားဟာ ပါဝင်ခွင့် မရကြတော့ဘူး၊

“လူအုပ်စု အချို့ဟာ စီးပွားရေး၊ လူမှုရေး အရ ကြပ်တည်းကြလွန်းတာကြောင့် အများအကျိုး သယ်ပိုးခွင့် မရကြပါဘူး၊ လူ့အဖွဲ့အစည်း အချို့တွေမှာ လူတွေဟာ သူတို့ရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ စံတန်ဖိုးများကို ဖော်ပြဖို့ လွတ်လပ်ခွင့် မရှိကြပါဘူး၊ အနောက်ကမ္ဘာမှာတော့ လူအများဟာ ၎င်းတို့ရဲ့ လူမျိုးရေးနဲ့ ဘာသာရေး ခံယူချက်တွေကို ဖော်ပြခွင့် ရှိကြပါတယ်၊ ဒီလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိမှသာလျှင် အကြပ်အတည်းကနေ ရုန်းထွက်နိုင်ကြမှာ ဖြစ်ပါတယ်၊”

နိုင်ငံတော်လိုမျိုး နိုင်ငံတော်ရဲ့ အမြင့်ဆုံး အဖွဲ့အစည်းတွေဟာ ပြည်သူများရဲ့ လိုအပ်ချက်ကို ပံ့ပိုးဖို့ လုပ်ဆောင်တတ်ကြပါတယ်၊ ဒီလို ပံ့ပိုးတဲ့ အခါမှာ သင့်လျော်တဲ့ ပုံစံနဲ့ လုပ်ဆောင်ဖို့ လိုအပ်သလို လူလတ်တန်းစား သို့မဟုတ် အောက်ခြေအဆင့်ရှိ လူများရဲ့ စွမ်းဆောင်ရည်ကိုလည်း လေးစားတန်ဖိုးထားဖို့၊ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။

အားလုံးအတွက်_ဆုံးဖြတ်ချက်ချနိုင်သော_ပူးပေါင်းပါဝင်ခွင့် ...

“တစ်ဦးချင်း၊ မိသားစုအလိုက်၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ကြားဝင် လူမှုအဖွဲ့အစည်းများ နှင့် အမိအသင်းတော်ရဲ့ ပံ့ပိုးမှုများဟာ ပြတ်သားရပါမယ်”

လူ့အဖွဲ့အစည်းရဲ့ ကုစားခြင်း လုပ်ငန်းစဉ်မှာ လူတိုင်း ပါဝင်ခွင့်ရှိပေမယ့်လည်း စီးပွားရေးနဲ့ ပထဝီ နိုင်ငံရေး ဆိုင်ရာ အကျိုးစီးပွားနဲ့ ဆက်စပ်လာရင်တော့ တရားမျှတမှု ကင်းမဲ့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အမေဇုံဒေသမှာဆိုရင် ဌာနေတိုင်းရင်းသားများရဲ့ အသံ၊ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ အမြင်များဟာ ထည့်သွင်းစဉ်းစားခြင်း မခံရတာ သတိပြုမိပါတယ်။

 နိုင်ငံပေါင်းစုံမှာ ဖြန့်ကျက်တည်ရှိတဲ့ကုမ္ပဏီများ ရဲ့ ကြီးစိုးမှု...

“ကိုယ့်အား ကိုယ်ကိုး အခြေခံမူအပေါ် တန်ဖိုးထားမှု မရှိတာဟာ ဗိုင်းရပ်စ်ပိုးလိုမျိုး ပြန့်နှံ့နေပါတယ်။ နိုင်ငံ အစိုးရတွေမှာ ငွေကြေးထောက်ပံ့မှု လုပ်ငန်းစဉ်များကို ဥပမာ အနေနဲ့ ကြည့်ပါ။ အစိုးရဟာ စီးပွားရေးအတွက် တွန်းအားတစ်ရပ်ဖြစ်တဲ့ ပြည်သူလူထုရဲ့ အသံကို နားထောင်တာထက် ဘဏ္ဍာရေး ကုမ္ပဏီကြီးများရဲ့ အသံကိုပဲ နားထောင်လေ့ရှိပါတယ်။”

“ကိုရိုနာရောဂါ ကုသဆေး အတွက် အပြိုင်အဆိုင် ကြိုးပမ်းတီထွင်နေကြချိန်မှာလည်း အစိုးရဟာ ရောဂါဖြစ်ပွားနေတဲ့ ဆေးရုံများနဲ့ ဒုက္ခသည် စခန်းများမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး လုပ်သားများရဲ့ စကားကို နားထောင်မယ့် အစား ဆေးဝါးကုမ္ပဏီများရဲ့ စကားကိုသာ အရေးပေးနေတာ တွေ့ရပါတယ်၊”

ကိုယ်ခန္ဓာ အစိတ်အပိုင်းများ အားလုံးမှာ အားအနည်းဆုံး၊ အရေးမကြီးဘူးလို့ ယူဆရတဲ့ အစိတ်အပိုင်များလည်း လိုအပ်တယ်လို့ ကောရိန်တု သြဝါဒမှာ စိန့်ပေါလ်က ဆိုခဲ့ပါတယ်။

ကိုယ့်အား ကိုယ်ကိုး အခြေခံမူကို အကောင်အထည် ဖော်မှသာလျှင် လူ့အဖွဲ့အစည်း အတွင်း ပြန်လည် သင့်မြတ်ရေးနဲ့ ပန်းတိုင်များ ဖြစ်မြောက်လာမှာ ဖြစ်တယ်၊ ကျန်းမာပြီး တရားမျှတသော အနာဂတ်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ပိုမိုခမ်းနားတဲ့ အရာများကို မျှော်မှန်းတဲ့ စံနှုန်းကောင်းများနဲ့ ဖွဲ့စည်းထားတဲ့ အနာဂတ်ပန်းတိုင်း တစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့။

ဒီအကြပ်အတည်းကို ကျော်လွှားဖို့ တလုံးတဝတည်း ရှိခြင်း စိတ်ဓာတ်ဟာ အရေးကြီးတယ်လို့ ဆိုပေမယ့် တလုံးတဝတည်းရှိခြင်း စိတ်ဓာတ်ဆီ ရောက်ဖို့ ကိုယ့်အားကိုယ်ကိုးခြင်း လိုအပ်ပါတယ်။ မိသားစု၊ အသင်းအဖွဲ့များ၊ လုပ်ငန်းငယ်များနဲ့ လူမှုအဖွဲ့အစည်းများ စတဲ့ လူမှုရေး ပူးပေါင်းပါဝင်ခွင့် မရှိပဲ စစ်မှန်တဲ့ တလုံးတဝတည်း ရှိခြင်း မဖြစ်လာပါဘူး။

အီတလီ နိုင်ငံမှာ လွန်ခဲ့တဲ့ ကာလများ၌ Lockdown အချိန်မှာ ဆရာဝန်များ၊ သူနာပြုများကို လက်ခုပ်တီးပြီး အားပေး ဂုဏ်ပြုခြင်းတွေဟာ မျှော်လင့်ခြင်းရဲ့ လက္ခဏာ ဖြစ်တယ်လို့ ပုပ်ဖရန်စစ်က ဆိုပါတယ်။

ဒီလို လက်ခုပ်တီး ဂုဏ်ပြုတတ်တဲ့ အလေ့အထကို လူ့အဖွဲ့အစည်း အတွင်းက ဘယ်လောက်ပဲ သေးငယ်တဲ့ လူတိုင်းကို မဆို အားပေးတဲ့ အနေနဲ့ တီးခတ်ဂုဏ်ပြုတတ်ဖို့ လုပ်ဆောင်ကြပါ။

“ကိုဗစ်ကာလမှာ အများကို ပံ့ပိုးကူညီဖို့ ဆောင်ရွက်ခဲ့တဲ့ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ အလုပ်သမားများ အားလုံးကို လက်ခုပ်တီး ဂုဏ်ပြုရအောင်” ဟု ဆိုပြီး ကိုဗစ်ကာလမှာ ပံ့ပိုး ကူညီခဲ့သူတိုင်းကိုလည်း ပုပ်ဖရန်စစ်က ချီးမွမ်းဂုဏ်ပြုခဲ့ပါတယ်။

မျှော်လင့်ချက်သည်_ရဲရင့်ခြင်းဖြစ်တယ်  

“မျှော်လင့်ချက် ထားတတ်တာဟာ ရဲရင့်ခြင်း ဖြစ်တယ်၊ မျှော်လင့်ချက် ကြီးကြီးထားဖို့၊ တရားမျှတမှုကို ရှာဖွေဖို့၊ မျှော်လင့်ခြင်း ပေးတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေဖို့ အချင်းချင်း အားပေးကြပါစို့။

အနာဂတ်မှာ တရားမျှတမှု မရှိတဲ့ အလုပ်မဖြစ်တဲ့ အတိတ်ကို ကျော်လွှားပြီး လောဘ မရှိဘဲ အများအကျိုး သယ်ပိုးတတ်သူများနဲ့ ဖွဲ့စည်းထားတဲ့ လှပကြွယ်ဝတဲ့လူ့အဖွဲ့အစည်း အစုအဖွဲ့ငယ်များ ပေါ်ပေါက်လာဖို့ ကြိုးပမ်းကြပါစို့။" လို့ ဆိုပြီး ကိုဗစ်ကို ကျော်လွန်ပြီး မျှော်လင့်ချက်နဲ့ ကြည့်ဖို့ ပုပ်ဖရန်စစ်က အားပေး ဖိတ်ခေါ်ကာ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။

ကိုးကား - ဗာတီကန် သတင်းဌာန

https://www.vaticannews.va/.../pope-francis-general...

ဘာသာပြန် - Lawrence Jangma Mung Song

Add new comment

6 + 0 =