လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး ဆိုင်ရာ ပြသနာများကို အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နှင့် အီတလီနိုင်ငံ ဆရာတော်ကြီးများ

လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး ဆိုင်ရာ ပြသနာများကို အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တိုက်တွန်း
မေလ ၂၁၊ ၂၀၁၉

၂၀၁၉ ခုနှစ် မေလ ၂၀ မှ ၂၃ ရက်နေ့ထိ အီတလီနိုင်ငံ ဆရာတော်ကြီးများ စုစည်းပြီး ပြုလုပ်လျှက်ရှိသော ၇၃ ကြိမ်မြောက် အထွေထွေညီလာခံတွင် သာသနာနယ်အတွင်းရှိဘုန်းတော်ကြီးများ နှင့် သာသနာပိုင် ဆရာတော်၏ ဆက်ဆံရေး အရေးကြီးကြောင်း နှင့် လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး ဆိုင်ရာ ပြသနာများကို အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တိုက်တွန်းခဲ့ပါသည်။

၂၀၁၅ စက်တင်ဘာလ အတွင်းက လက်ထပ်ထိမ်းမြားခြင်းကို ဥပဒေအရ ပယ်ဖျက်ပေးဖို့ တောင်းဆိုသော အခြေအနေများအတွက် ဥပဒေအရ ပျက်ပြယ်စေသော ကာနွန် ဥပဒေ ပြင်ဆင်ချက်များ ပြုလုပ်ခဲ့ပါသည်။ ယင်းလက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ပြင်ဆင်ချက် အသစ်များကို သာသနာတော်တွေ မှာ လျှှင်မြန်စွာ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ပေးကြဖို့ ဘာသာဝင် သားသမီးများကို အသင်းတော်အတွင်းမှာ အခက်အခဲအကြပ်အတည်း မဖြစ်စေဖို့၊ ကုန်ကျ စရိတ်မများစေဖို့၊ အချိန်မကြာမြင့်စေဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

သာသနာတော်အတွင်းမှာ ကိုင်တွယ်ဖြေရှင်းလို့ရသည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ပြသနာများကို ကျန့်ကြာမူမရှိဘဲ မလိုအပ်ဘဲနဲ့ အချိန်ဆွဲခြင်းမျိုးများကို ရှောင်ကြဉ်​ပြီး အမြန်ဆုံးလုပ်ဆောင်ပေးကြရန်​ဖြစ်​သည်​။

ဘုရားသခင်သည် အဖိုးအခမပါဘဲကျွနု်​ပ်တို့ကိုပေးခဲ့သလို ကျွနု်​ပ်တို့ကလည်း အဖိုးအခမပါဘဲ ပြန်လည်ပေးဆပ်ကြဖို့။ တတ်​နိုင်သမျှ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ပြသနာများကို ကုန်ကျစရိတ် သက်သာစွာဖြင့် လုပ်ဆောင်ပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါသည်။

သာသနာတော်သည် သနားကြင်နာတတ်​သည့် နှလုံးသားရှိသော မိခင် ဖြစ်ကြောင်းပြသကြပါ။ ဒဏ်ရရရှိခဲ့သော သာသမီးတွေကို မိခင်ဆီမှာ သနားကြင်နာမူ နှစ်သိမ်မူ​တွေ ရရှိကြပါစေ။ ။

https://www.vaticannews.va/en/pope/news/2019-05/pope-italian-bishops-gen...

#pope, #bishops, #marriage, #cases, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 3 =