"လက်ထပ်ထိမ်းမြားခြင်း၏ အလှတရားများ"

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း
"လက်ထပ်ထိမ်းမြားခြင်း၏ အလှတရားများ"
အောက်တိုဘာ ၇၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း တွင် တနင်္ဂနွေနေ့ သမ္မကျမ်းစာ ကိုအခြေခံပြီး လက်ထပ်ထိမ်းမြားခြင်း၏ အလှတရား၊ ဂုဏ်သိက္ခာ နှင့် ပြိုကွဲနေသော မိသာစုများနှင့်လည်းအသင်းတော်သည် အတူရှိကြောင်းကို ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။
ဖာရီဇေဦးများက သခင်ခရစ်တော်ကို မေးခဲ့တယ် "လူသည် မိမိမယားနှင့်ကွာရှင်းအပ်သလော" ဟု မိုးဇယ်ပေးခဲ့သော ပညတ်ချက်ကိုအခြေခံပြီး သခင်ခရစ်တော်အားစုံစမ်းလိုသော သဘောဖြင့်မေးခဲ့ကြတယ်၊ သင်တို့စိတ်နှလုံးခက်ထန်ခြင်းကြောင့် မိုးဇယ်က ဤပညာတ်ချက်ကိုစီရင်ခဲ့ခြင်းဖြစ်တယ် ဒါပေမဲ့ အဲဒီပညာတ်ချက်ဟာသင်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်လျှော့ချပြီးပေးခဲ့သောပညာတ်ချက်ဖြစ်တယ် သို့သော် ဘုရားသခင်ရဲ့ (ဘုရားသခင်ပေါင်းဖက်ထားသော အရာကိုမခွဲခွာစေနှင့်)ဟူသော အဓိကဆိုလိုရင်းကို ပြစ်ပယ်သောအရာဖြစ်တယ်။ ယောက်ျား နှင့်မိန်းမတို့၏ ပေါင်းစပ်ခြင်းသည် ပြီးမြောက်ပြည့်စုံစေရန်၊ တစ်ဦးကိုတစ်ဦး ကူညီရန်၊ ပိုမိုသိရှိနားလည်ကြရန် ဖြစ်တယ်။
ချစ်ခြင်းမေတ္တာ ၏ စည်းလုံးခြင်းက သစ္စာရှိမှုကိုဖြစ်ပေါ်စေတယ် အဲဒါက လက်ထပ်ထိမ်းမြားခြင်း၏ ဂုဏ်သိက္ခာပဲဖြစ်တယိ အဲ့ဒီအရာကို သခင်ခရစ်တော်က ကာကွယ်ပေးနေခြင်းပါပဲ။ သခင်ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ချစ်ခြင်းမေတ္တာ ၌ တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်ဖေးမခြင်းသည် သစ္စာရှိစွာ ပေါင်းစည်းနေမှုကိုဖြစ်ပေါ်စေတယ်။ လူတစ်ဦးက ကိုယ့်ရဲ့လိုအပ်မှုကို၊ သာယာမှုကို၊ တစ်ကိုယ်ကောင်းဆန်မှုတွေပြင်းထန်လာလျှင် မိသားစု၏ ပေါင်းစည်းမှုကို ပြင်းထန်စွာထိခိုက်စေတယ်၊
ဘုရားသခင်က လူသားမိန်းမနဲ့ယောက်ျားကို ချစ်ခြင်းမေတ္တာ မှာအခြေခံပြီး ဘဝရဲ့သာယာလှပမှုကိုတွေ့ကြုံခံစားစေခြင်းဖြစ်ပါတယ်၊ တစ်ကိုယ်ကောင်းဆန်မှုနှင့်အတ္တကြီးမှုတွေက မိသားစုကို ထိခိုက်စေတယ်၊
မိသားစုများထိခိုက်ပျက်စီးခြင်းကို သခင်ခရစ်တော်က ဘယ်သော အခါမှ အလိုမရှိ ဒါ့အတွက်ကြောင့် ဘုရားသခင် စတင်ဖန်းဆင်းစဉ် အခါကတည်းက ဘုရား၏ ရည်ရွယ်ချက် (ဘုရားသခင်ပေါင်းဖက်ထားသော အရာကိုမခွဲခွာစေနှင့်) ကို ပိုမိုခိုင်မာစေခဲ့တယ်။ မိသားစုများ မပြိုကွဲခြင်း၊ စည်းလုံးခြင်းသာလျှင် လူသားတို့၏ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ် ဟု ရဟန်းမင်ကြီးဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-angelus-the-beauty-of-marriage.html

#pope, #marriage, #faithfulness, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 4 =