ရှေးဦးအသင်းတော်သည် ခရစ်ယာန်တို့၏ စံနမူနာ

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေဆုံနေကြ လူထုတွေ့ဆုံခြင်

ရှေးဦးအသင်းတော်သည် ခရစ်ယာန်တို့၏ စံနမူနာ
ဇွန်လ ၂၆၊ ၂၀၁၉

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင် တမန်တော်ဝတ္ထု အကြောင်းကို ဆက်လက်သင်ကြားပေးခဲ့ပါသည်။

တမန်တော်ဝတ္ထု မှာရှိတဲ့ရှေးဦး အသင်းတော်ဟာ တို့ခရစ်ယာန် အဖွဲ့အစည်း အတွက် စံနမူနာပြဖြစ်တယ်။ အဲ့ဒီ ရှေးဦးအသင်းတော်ရဲ့အသက်တာဟာ ဘုရားကိုချစ်သော အချစ် နှင့် နီးစပ်သောသူကို ညီကိုယ်မောင်နှကဲ့သို့ ချစ်ခြင်းမေတ္တာ နှစ်ခုကြားမှာ အသက်ရှင်နေထိုင်သော ရှေးကျပြီး အခြေခံကြသော အဖွဲ့အစည်းဖြစ်တယ်။ အဲ့ဒီ ပထမဦးဆုံး ရှေးဦး ယုံကြည်သူတွေဟာ ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေရဲ့ သင်ကြားပေးမှု၊ အတူတကွစုရုံးခြင်း၊ နောက်ဆုံးညစာစားပွဲကို အမှတ်တရအဖြစ် မုန့်ဖဲ့ခြင်းမှာ အတူတကွပါဝင်ပူဇော်ကြခြင်း၊ အတူတကွဆုတောင်းကြခြင်းမှာ ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးများကို အပြည့်အဝ နာခံ ခဲ့ကြတယ်။

တပည့်​ေ​တာ်ကြီးတွေစကားနားထောင်ခြင်း၊ လိုက်နာကျင့်ကြံကြခြင်း မှာ ရှေးဦးခရစ်ယာန်တွေဟာ ဝိညာဉ်ရေးရော၊ လောကပစ္စည်းဥစ္စာများပါ ထည့်ဝင်ကြခြင်းကို တွေ့ရတယ်။ ဒီအချက်ဟာ တပည့်​တော်ကြီးတွေနဲ့ နောက်လိုက်ယုံကြည်သူများအကြား ခိုင်မာတဲ့ အပြန်အလှန် ဆက်နွယ်မူကို ဖော်ပြနေခြင်းဖြစ်တယ်။ အဲ့ဒီအချက်က ကိုယ်တော်မြတ်စက္ကရ်မင်းတူး မင်္ဂလာမြတ်ကိုအမှတ်ရ ပူဇော်ခြင်းနှင့် ဆုတောင်းခြင်းမှာ ဘုရားနှင့်ဆက်သွယ်ပြီး တို့ကို အမှတ်ရနေစေတယ်။

ခရစ်ယာန် အဖွဲ့အစည်း ဟာ အများနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်သလို အယောက်တိုင်းပါဝင်ရ မယ်​့ အဖွဲွဲ့အစည်းလည်းဖြစ်တယ်၊ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ခရစ်ယာန်ဖြစ်လာသူများဟာ သာသနာပြုခြင်းအဖြစ်ဘုရားရှင်ရဲ့သတင်းကောင်းကို ဝေမျှခြင်းသာမက မိမိမှာရှိသော လောကပစ္စည်းဥစ္စာများပါ ဆင်ရဲ​သော ညီကိုမောင်နှမတွေကို ဝေပေးရမယ်။ အဲ့ဒီလို နီးစပ်သော၊ လိုအပ်နေသော ညီကိုမောင်နှမများကို ပေးကမ်းခြင်း နည်းလမ်းသည် အဖွဲ့အစည်းတစ်ခု၏ အဓိကကျသော အချက်ဖြစ်ကြောင်း နှင့် ပေးကမ်းစွန့်ကျဲခြင်း၊ ဆုတောင်မူ့ပြုခြင်း ဘုရားနှင့်ပေါင်းစပ်ခြင်းတို့သည် ဘုရားတရားကို လိုက်နာသောအသက်တာဖြစ်ကြောင်း ဝေမျှဟောကြားခဲ့ပါသည်။

ဆက်လက်ပြီး သခင်ခရစ်တော်က ရှေးဦးခရစ်ယာန် ယုံကြည်သူအဖွဲ့အစည်းကို တိုးပွားများပြားစေမည်လို့ ကတိပေးခဲ့တယ်။ ဒါကြောင့် တို့တတွေ ဘုရားသခင်နှင့်ပေါင်းစပ်ခြင်း၊ မိမိ နှင့် နီးစပ်သော ညီကိုမောင်နှမများဖြစ်ကြသော လူသားများကို ကူညီစောင့်ရှောက်ပေးခြင်းအားဖြင့် ဘုရားပေးထားသော ကတိတော်ကို
ဆက်လက်ထိမ်းသိမ်းကြပါဟု ပြောကြားပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ လူထုပရိတ်သတ်​အား ကောင်းကြီးမင်္ဂလာ ပေးသနားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-general-aud...

#pope, #generalaudience, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 0 =