ရှစ်နှစ်ကြာဖြစ်ပွား ခဲ့သော ဆီးရီးယား စစ်ပွဲ

ရှစ်နှစ်ကြာဖြစ်ပွား ခဲ့သော ဆီးရီးယား စစ်ပွဲ
မတ်လ ၁၅၊ ၂၀၁၉

သေကြေပျောက်ဆုံးသွားသော မျိုးဆက်တစ်ဆက်ကြောင့် ကြောက်ရွံခြင်းများစွာဖြင့် ဆီးရီးယား လူမျိုးများ မိမိတို့နေရပ်သို့ပြန်ပြီး နေစရာ အဆောက်အဦများ ပြန်လည်တည်ဆောက်နေကြပါသည်။ ရှစ်နှစ်ကြာဖြစ်ပွား ခဲ့သော ဆီးရီးယား စစ်ပွဲ​ကြောင့် သန်းပေါင်းများစွာသော ဆီးရီးယား လူမျိုးများ ဆင်းရဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ကြုံတွေနေကြရပါသည်။ စစ်ပွဲဒဏ်ကြောင့် ထွက်​ပြေး တိမ်းရှောင်နေပြီး ဖြစ်သလိုနေနေရသော စစ်ဘေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်သွားနေကြသော်​လည်း မိမိတို့၏ အိမ်များမှာ စစ်ရဲ့ဒဏ်ကြောင့် နေထိုင်ရန်မသင့်သော အခြေအနေများ အဖြစ်တွေမြင်နေရသည်​။

~ လွန်ခဲ့သော ၇ နှစ်က စစ်ပွဲ​ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော Amal Jaham ၏ သမီး နှစ်ယောက်မှာ ရောဂါဝေဒနာ ခံစားနေရကြောင်း၊ ယောကျ်​ာ​းဖြစ်သူများ စစ်ပွဲတွင်ဒဏ်ရရသောကြောင့် အလုပ်လုပ်နိုင်စွမ်းမရှိတော့ကြောင်း၊ လွန်ခဲ့သော တစ်လ ကမှ မိမိနေရပ်သို့ပြန်ရောက်ခဲ့ပြီး မိမိအိမ်မှာ စစ်ပွဲဒဏ်ကြောင့် ပျက်စီးနေပြီး ပြန်လည်ပြုပြင်ရန် မတတ်​နိုင်​တော့​ပေ။

~ အသက် ၄၆ နှစ်အရွယ် သားသမီး ၇ ဦး၏မိခင် သည် Deir Ezzor တွင် ဖြစ်ပွားသော စစ်ပွဲ​ကြောင့် ကီလိုမီတာ ၄၀၀ ဝေသော အဝေး​ပြေးလမ်းမကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင််ပြီး လမ်းဘေးတွင် တဲထိုးနေနေရ သည်။ ​သူမ၏ အမျိုးသားမှာ စစ်ပွဲတွင် သေဆုံးသွား၍ သားသမီးများ နှင့် ဒုက္ခများစွာခံစားနေရ သည်​။ အစားအသောက်ရရှိရေးအတွက် အသက်မပြည်သေးသော ကလေးငယ်များလည်း အတင်းအဓမ္မ အလုပ်ခိုင်းစေခံနေရသည်​။

~ ဆီးရီးယား စစ်ဘေးဒုက္ခသည် လူပေါင်း သုံးသန်းလောက်​အတွက် အစားအသောက်များ ဝေပေးနေကာ အဟာရပြည့်ဝမူအတွက်နှင့် ရေရှည်ဘဝအသက်ရှင်ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကြောင်း အစီအစဉ်များလည်း အကောင်အထည်ဖော်ပေးနေ​ကြောင်​း ကမ္ဘာ့အစားအသောက် ထောက်ပံ့ရေးအဖွဲ့ WFP ပြောရေးဆိုခွင်ရှိသူ Marwa Awad မှ ပြောကြားခဲ့ပါသည်။
ဖော်ပြပါ ဗီဒီယိုသည် WFP အဖွဲ့အစည်းမှ ထုတ်ပြန်သော လက်ရှိဖြစ်ပျက်နေသည့် ဗီဒီယိုဖြစ်ပါသည်။

https://www.vaticannews.va/en/world/news/2019-03/syria-war-rebuilding-wf...

#wfp, #syria, #war, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 1 =