ရွှေ့​ပြောင်းနေထိုင်သူများအရေးသက်သက်မဟုတ်

၂၀၁၉ စက်တင်ဘာလ ၂၉၊ တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မည့် ကမာ့္ဘရွှေ့ပြောင်းနေထိုင်သူများနှင့် ကမ္ဘာ့ဒုက္ခသည်များနေ့

ရွှေ့​ပြောင်းနေထိုင်သူများအရေးသက်သက်မဟုတ်
ဖေ​ဖေါ်ဝါရီလ ၃၊ ၂၀၁၉

၂၀၁၉ စက်တင်ဘာလ ၂၉၊ တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မည့် ကမာ့္ဘရွှေ့ပြောင်းနေထိုင်သူများနှင့် ကမ္ဘာ့ဒုက္ခသည်များနေ့ ခေါင်းစည်းအဖြစ် (ရွှေ့ပြောင်းနေထိုင်သူများအရေးသက်သက်မဟုတ်) ဟူသော စာတမ်​းကို အတည်ပြု့ရွေးချယ်လိုက်ပါသည်။   ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မကြာခဏ အလေးအနက်ထား ဖော်ပြ တောင်းဆိုလေ့ရှိသော ကမာ့္ဘရွှေ့ပြောင်းနေထိုင်သူများနှင့် ကမ္ဘာ့ဒုက္ခသည်များ နေရပ်စွန့်ခွာထွက်ပြေးရသူများ၊ လူကုန်ကူခံရသူများ အရေးကို ပိုမိုပေါ်လွင်စေရန် ယင်းခေါင်းစည်းစာတမ်းကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးကိုယ်တိုင် ဦးဆောင်သော အဖွဲ့အစည်း၏ လက်ထောက်အတွင်းရေးမူး Fr. Michael Czerny SJ မှပြောကြားခဲ့ပါသည်။

ငါတည်းခိုစရာနေရာမရှိသောအခါ သင်တို့သည် ငါ့ကို နေစရာပေးကြသည်ဟူသောကျမ်းချက်ကိုအခြေခံပြီး  သခင်ခရစ်တော် ကိုယ်တိုင်ပင်လျှင် ရွေ့ပြောင်းဒုက္ခသည် ကဲ့သို့နေထိုင်ကြောင်း၊ ရွေ့ပြောင်းဒုက္ခသည်များကို သခင်ခရစ်တော်အဖြစ်မြင်နိုင်ရန်နှင့် ရဟန်းမင်းကြီး
ဖရန်စစ် အရှင်သူမြတ်၏ ကမ္ဘာ့ဒုက္ခသည်များနေ့သဝဏ်လွှာကို ကိုးကားပြီး ဒုက္ခသည်များ၊ ရွှေ့​ပြောင်းနေထိုင်သူများအရေးသည် ခရစ်ယာန် အဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများအားလုံးနှင့်သက်ဆိုင်သော အလုပ်ဖြစ်ကြောင်း၊ လူသားထုတစ်​ရပ်လုံးပါဝင်ဖြေရှင်းရမည့်ပြသနာတစ်ရပ် ဖြစ်ကြောင်း ဒုက္ခရောက်နေသူတစ်ဦး သင်အိမ်တံခါးကို ခေါက်နေခြင်းသည် သူ၌လုံခြုံမှု၊ နေစရာနေရာ၊ သက်သာရရမည်အခြေအနေတစ်ခုကိုရှာဖွေသောကြောင့်သာ သင့်ထံလာရောက်ခြင်းဖြစ်ပြီး ထိုကဲသို့သောသူကိုကူညီကြရမည်ဖြစ်ကြောင်း၊ မိမိတို့ယုံကြည်ခြင်းကိုအခြေခံပြီးနှိမ့်ကျနေသော သူများ ကူညီကယ်တင်သူမဲ့သော သူများကိုကူညီကြရန်ဖြစ်ကြောင်း Fr. Czerny မှပြောကြားခဲ့ပါသည်။

လူထုဘဝမြင့်တင်ရေးနှင့်တလုံးတဝတည်းဖြစ်ရေး အဖွဲ့အစည်းမှ ဦးဆောင်၍ ကမာ့္ဘရွှေ့​ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များနေ့ကို ဦးစီးပြီး ကက်သလစ်ခရစ်ယာန် အဖွဲ့အစည်းများမှပူးပေါင်း၍ လှု့ံဆော်ပွဲများ၊ အသိပေးခြင်းများပြုလုပ်ကြမည်ဖြစ်သည်​့အတွက် အားလုံးပါဝင်ကြဖို့ဖိတ်ခေါ်ကြောင်း Fr. Czetny မှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/vatican-city/news/2019-03/world-day-migran...

#pope, #migrants, #worlddayofmigrants, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

3 + 17 =