ရွေ့ပြောင်းဒုက္ခသည်များနှင့်ပါလာသော ကလေးသူငယ်များ ကျန်းမာ​ရေးစစ်ဆေးမူများ ခံယူရရှိ


ရွေ့ပြောင်းဒုက္ခသည်များနှင့်ပါလာသော ကလေးသူငယ်များ ကျန်းမာ​ရေးစစ်ဆေးမူများ ခံယူရရှိ
ဒီဇင်္ဘာ ၂၇၊ ၂၀၁၈

ဂွာတာမာလာ အမေရိကအလယ်ပိုင်းမှရွှေ့ပြောင်းလာသော မက်စီကို နှင့် အမေရိကသော နယ်စပ်သို့ ရောက်ရှိနေကြ ဒုက္ခသည်များထဲမှ အသက်ရှစ်နှစ်အရွယ် ကလေးငယ် ယောကျ်ားလေး တစ်ဦး နှင့် အသက် ခုနနှစ်အရွယ် မိန်ကလေး ငယ်တို့ သေဆုံးခဲ့ခြင်​း​ကြောင်​့ အမေရိက လူဝန်မူကြီးကြပ်ရေးနှင့် နယ်စပ်ရေးရာလုံခြုံရေးတို့ နယ်စပ်ဒေသနှင့် အကောက်ခွန်ဌာနအတွင်းရှိကလေးသူငယ်တိုင်းအား တင်းတင်းကြပ်ကြပ် ဂရုတစိုက် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးနေကြကြောင်း သိရှိရပါသည်။

ကလေးသူငယ်များ၏ ဆေးစစ်ချက်များကို အများသိရှိစေရန်ချပြခြင်းမပြုလုပ်ကြသေးပါ။ ဆိုးဝါးသော နယ်စပ်ဒေသတွင်ရှိနေသော ကလေးငယ်များ ဆီထိ ကျန်းမာ​ရေးစစ်ဆေးမူများဆက်လက်ပြုလုပ်နေကြပါသည်။ တဆက်ထဲမှာပဲ ဂွာတာမာလာ မှ ရောက်ရှိလာသောဒုက္ခသည်မျာထဲမှ သေဆုံးသွားသူကလေးနှစ်ယောက်၏ အကြောင်းအရင်များကိုလည်း သေချာစွာစစ်ဆေးမူများပြုလုပ်နေကြကြောင်းလည်းဖော်ပြထားပါသည်။

နယ်စပ်ရေးရာလုံခြုံရေးအတွက်လည်း ပိုမိုလုံခြုံသော ကာကွယ်မူများပေးနိုင်ရန် အစိုးရ အခြားသော ကိုယ်စလှယ် အဖွဲ့အစည်းများ၏ အကူအညီများလည်းထပ်မံဖြည့်စို့ဖို့ ရှာဖွေနေကြောင်း၊ ပြီးခဲ့သော နိုဝင်ဘာလ ထဲတွင် မိဘနှင့်ပါလာသူ ကလေးသူငယ်များ၊ တကိုယ်တည်းလိုက်ပါလာသူ ကလေးသူငယ် များ စုစုပေါင်း ၅၂၈၃ ယောက်ကို ထိမန်း​သိမ်းကာကွယ်စောင့်ရှောက်ပေးထားကြောင်းလည်း ပြောကြားခဲ့ပါသည်။ ဒီဇင်္ဘာ တွင်ပိုမိုများပြားလာလိမ့်မည်ဟုလည်းမျှော်လင့်ထားကြောင်း၊ ကလေးသူငယ်များနှင့် လူငယ်များကို နယ်စပ်ဒေသ တွင် ရက်အနည်းငယ်​သာ ထိနဒ​သိမ်းထားပြီး၊ လူဝန်မူကြီးကြပ်ရေးမှ တာဝန်ယူပြီး ရေရှည်ထိမ်းသိမ်းစောင့်ရှောက်မူ​ပေးသော နေရာသို့ပို့ပေးကြောင်းလည်းဖော်ပြထားပါသည်။ ဒုက္ခခံနေကြရသော ကလေးသူငယ်များ၏ အရေးသည်၊ ရွေ့ပြောင်းဒုက္ခသည်များ အကြားတွင် ကြီးမားသောပြသနာတစ်​ခုအဖြစ် ဖြစ်လာနေပါသည်။ ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

https://www.vaticannews.va/en/world/news/2018-12/migrant-children-medica...

#migrant, #child, #medication, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

14 + 6 =