ရဲစွမ်းသတ္တိရှိသော၊ သနားကြင်နာတတ်​ေ​သာ၊ ချစ်ခြင်းမေတ္တာရှိသော ပုပ်ရဟန်းမင်းကြီး

ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးဌာန ကြာကာလတာဝန်ခံ အကြီးအကဲ Alessandro Gisotti

ရဲစွမ်းသတ္တိရှိသော၊ သနားကြင်နာတတ်​ေ​သာ၊ ချစ်ခြင်းမေတ္တာရှိသော ပုပ်ရဟန်းမင်းကြီး

မတ်လ ၁၃၊ ၂၀၁၉

ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးဌာန ကြာကာလတာဝန်ခံ အကြီးအကဲ Alessandro Gisotti မှ တပည့်တော်ကြီး ရှင်ပေတရု ၏ အရိုက်အရာကို ဆက်ခံသူ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ ရဟန်းမင်းကြီးဝါတော် ခြောက်နှစ်တာကာလ လုပ်ဆောင်မူများကိုဖော်ပြရာတွင် ရဲစွမ်းသတ္တိရှိဖို့၊ သနားကြင်​နာတတ်​ဖို့ နှင့် ချစ်ခြင်းမေတ္တာထားကြဖို့ ဆိုသောစကားလုံးများသည် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ အဓိက မဏ္ဍိုင်​စကားများဖြစ်ကာင်း ဖော်ပြထားပါသည်။

လွန်ခဲ့သော ခြောက်နှစ် ဒီလိုနေမျိုးတွင် ရဟန်းမင်းအမတ် ကာဒီနယ် Jorge Mario Bergoglio ကို ရှင်ပေတရု ၏ အရိုက်အရာကို ဆက်ခံသူအဖြစ်ရွေးချယ်ကြောင်း ကြေငြာလိုက်သည့်အခါ အလွန်အမင်းအံသြခဲ့ရကြောင်း ပထမဦးဆုံး လက်တင်အမေရိကမှဖြစ်ခြင်း၊ ဂျေဆွစ် အသင်းဂိုဏ်းမှ ဖြစ်လာသော ပထမဦးဆုံးရဟန်းမင်းကြီး၊ ရဟန်းမင်းကြီး အဆက်ဆက်တွင် ဖရန်စစ် ဘွဲ့အမည်နာမကို ပထမဦးဆုံး ရွေးချယ်အသုံးပြုသူဖြစ်ခြင်း ကြောင့် အလွန်းအံအားသင်​့ခဲ့ရကြောင်း Gisotti မှ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ အပြောအဆိုနှင့် လုပ်ကိုင်မူများသည် ဘုရားသခင်၏ အံသြဖွယ်ရာလုပ်ဆောင်မူများကို သက်သေခံနေကြောင်း၊ ပနားမားမှာ ကျင်ပ ပြုလုပ်တဲ့ ကမ္ဘာလူငယ်များ ပွဲမှာ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် လူငယ်တွေနဲ့ အထူးသဖြင့် ဆင်းရဲသားတွေ၊ ဖျားနာသူတွေ၊ အားကိုးရာမဲ့သူတွေ နဲ့တွေတဲ့အချိန်မှာ သူကို ​တွေ့တဲ့သူတွေ ဝမ်းသာမျက်ရည်ကျခဲ့ကြတယ်၊ ဒါဟာ တကဲ့ကို သခင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာနဲ့ သနားကြင်နာခြင်းကို ဖော်ပြနေခြင်းပါပဲ၊ အဲ့ဒီအရာကို လူတွေတကယ်ခံစားခဲ့ကြရတယ်၊

ကြီးမားခက်ခဲတဲ့အကြောင်းအရာတွေကို ချစ်ခြင်းမေတ္တာ၊ သနားကျင်နာခြင်​း၊ ရဲစွမ်းသတ္တိရှိမူတွေဟာ ကျွနု်​ပ်တို့နှလုံးသားကို တကယ်ထိခိုက်စေခဲပါတယ်၊ အသင်းတော်အတွင်းလိင်မူကိစ္စပြသနာတွေကို ရဲရင့်စွာ ခေါင်းခံဖြေရှင်းပေးခြင်း၊ ငြိမ်းချမ်းရေးရရှိရန် ပြောဆိုညှိနိုင်းဆွေးနွေးခြင်း နည်းလမ်းကို တစိုက်မတ်မတ် တိုက်တွန်း အားပေးခြင်း၊ ဒီရဟန်းမင်းကြီးက ဘယ်လိုအခက်အခဲမျိုးမှာပဲဖြစ်ဖြစ် မကြောက်မရွံရဲရဲ ရင်ဆိုင်ရန် ကျွန်တော်တို့ကို ပုံသက်သေ ပေးနေပာတယ်​ဟု ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးဌာန ကြာဖြတ်ကာတာဝန်ခံ Alessandro Gisotti မှ ဗာတီကန် သတင်းဌာန နှင့် တွေ့ဆုံခြင်းတွင် ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/gisotti-a-pontificate-of...

#pope, # francis, #6anniversary, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

2 + 0 =