ရောမမြို့နဲ့ ကမ္ဘာအဝှမ်းသို့ ဦးတည်ပြောကြားတဲ့ ပုပ်ဖရန်စစ်ရဲ့ ၂၀၂၂ ခုနှစ်၊ ခရစ်စမတ် သတင်းစကား

ရောမမြို့နဲ့ ကမ္ဘာအဝှမ်းက ညီအစ်ကို မောင်နှမ အပေါင်းတို့၊ မယ်ရီ ခရစ္စမတ်လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

ကညာစင် မာရီးယာမှ ဖွားမြင်တော်မူတဲ့ ယေဇူးသခင် အားဖြင့် သင်တို့ အားလုံးသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တm

 ရကြပါစေ၊ မျှော်လင့်ခြင်းနဲ့ ယုံကြည်မှုများ လက်ခံရရှိပါစေ၊ ဗက်သလင်ဟင်မြို့ရှိ သိုးထိန်းများကို ထင်ရှားပြ

တဲ့ ကောင်းကင်တမန်များ ကြေညာကြွေးကြော်သော ငြိမ်းချမ်းခြင်း ကျေးဇူးတော်များ ရရှိကြပါစေ။

ယေဇူးသခင်ရဲ့ မွေးနေ့မြတ် ယနေ့မှာ ကျွန်တော်တို့အားလုံး ဗက်သလင်ဟင်မြို့ကို အာရုံစိုက်ကြပါတယ်။

အမိမယ်တော် တည်းခိုခန်းမှာ နေစရာ မရတာကြောင့် သခင်ဘုရားဟာ နွားစားခွက်မှာ ဖွားမြင်ခဲ့ပါတယ်။ ဘုရား

ရှင်ဟာ လူ့လောကကို ကြွလာချိန်မှာ ညနက်သန်းခေါင်ချိန် ဖြစ်ပြီး လူမသိသူမသိ တိတ်ဆိတ်စွာ ရောက်ရှိလာပါ

တယ်။ သခင်ယေဇူးဟာ ဘဝရဲ့ အဓိပ္ပာယ်ကို ဆောင်ကြဉ်းပေးတဲ့၊ လမ်းမှန် အလင်းမှန် ပြသတဲ့ ဘုရားရှင်ရဲ့

နှုတ်ကပါတ်တော် ဖြစ်ပါတယ်။ လူတိုင်းကို အလင်းဆောင် လမ်းပြမယ့် အလင်းပေး သူဟာ လူ့လောကထံ

ဆင်းကြွလာကြောင်း စိန်ယောဟန် ကျမ်းမှာ ဖော်ပြထားပါတယ်။

ယေဇူးသခင်ဟာ ကျွန်တော်တို့ လူသားထု အလယ်မှာ ဖွားမြင်လာပါပြီ။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု

စတဲ့ ကျွန်တော်တို့ရဲ့ နေ့တဓူဝ သက်တာမှာ အဖော်ပြု အားပေးဖို့ ယေဇူးသခင်ဟာ ကျွန်တော်တို့ အလယ်မှာ

ရောက်ရှိလာပါပြီ။ ဘုရားရှင်က ကူရာမဲ့တဲ့ ကလေးသူငယ် အနေနဲ့ ကြွမြန်းလာတာပါ။ အေးဆိမ့်တဲ့ ည၊ ဆင်းရဲ

သားက အဆင်းရဲဆုံး အနေအထားမှာ သူငယ်တော် ယေဇူး ဖွားမြင်လာတာပါ။ အရာတိုင်းမှာ လိုအပ်ချက်တွေ

ရှိပေမယ့် သူငယ်တော် ယေဇူးခရစ်တော် ဘုရားရှင်ဟာ နွေးထွေးမှု၊ ခိုလှုံခွင့် ရဖို့ ကျွန်တော်တို့ နှလုံးသား တံခါး

လာခေါက်နေပါတယ်။

ဗက်သလင်ဟင်မှ သိုးထိန်းများဟာ အလင်းတန်းနောက်ကို လိုက်ခဲ့ကြသလို ကျွန်တော်တို့လည်း ဘုရားရှင် ပေးတဲ့

အမှတ်သင်္ကေတများကို သတိပြု လိုက်နာတတ်ကြပါစေ။ ကျွန်တော်တို့ဟာ ဝိညာဉ်ရေး ဆိုင်ရာ တုံ့ဆိုင်းမှုကို

ကျော်လွှားနိုင်ကြပါစေ။ အပေါ်ယံဆန်တဲ့ ပွဲကျင်းပခြင်းတွေကြောင့် မွေးနေ့ရှင် သခင်ခရစ်တော်ကို မေ့ပစ်သလို

မလုပ်ပါနဲ့။ ခရစ္စမတ် ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အခမ်းအနား ပွဲတွေ ပြင်ဆင်လုပ်ဆောင်ရခြင်း၊ အလှဆင်ခြင်း၊

လက်ဆောင်ပေးခြင်းတွေကိုထက် ဘုရားသားတော် ယေဇူးက ကျွန်တော်တို့အတွက် ဖွားမြင်လာတယ် ဆိုတဲ့

အချက်ကိုသာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ သူငယ် တော် ဖွားမြင်ရာ ဗသလက်ဟင်ကို ကြည့်ပြီး ငြိမ်းချမ်းခြင်း သခင်ရဲ့

ပထမဆုံး ငိုကြွေးသံကို နားထောင်ရအောင်။ လောကကမ္ဘာကြီးက မပေးနိုင်တဲ့ ငြိမ်းချမ်းခြင်းကို အဖဘုရားရှင်က

သူ့ရဲ့ သားတော် ယေဇူးသခင်ကို စေလွှတ်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ ငြိမ်းချမ်းခြင်းကို တည်ထောင်ပါတယ်။

မဟာ စိန့်လီယိုက “သခင်ယေဇူးရဲ့ ဖွားမြင်တော်မူခြင်းဟာ ငြိမ်းချမ်းရေးကို ဖွားမြင်ခြင်း ဖြစ်တယ်။”

(Natalis Domini, natalis est pacis) လို့ လက်တင်ဘာသာစကားနဲ့ ခရစ္စမတ် သတင်းစကားကို အနှစ်ချုပ်

ဖော်ပြခဲ့ပါတယ်။

ယေဇူး ခရစ်တော် သခင် ဆိုတာဟာ ငြိမ်းချမ်းရေး လမ်းစဉ် ဖြစ်ပါတယ်။ ခရစ်တော်က လူ့အဖြစ်ကို ယူခြင်း

အားဖြင့် ခရစ်တော်ရဲ့ ကားတိုင် လမ်းစဉ်၊ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် စစ်ပွဲရဲ့ အမိုက်မှောင်မှာ

ပိတ်လှောင်နေတဲ့ ကမ္ဘာကြီးကို တံခါးဖွင့်ပေးခဲ့ပါတယ်။ ခရစ်တော် လမ်းပြဦးတည်စေတဲ့ တံခါးက လွတ်လပ်မှု၊

ပွင့်လင်းမှု၊ ငြိမ်းချမ်းခြင်းနဲ့ ညီအစ်ကိုချင်း မေတ္တာထားစိတ်မှာ ရှင်သန်နေထိုင်စေမယ့် သက်တာ ဖြစ်ပါတယ်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ခရစ်တော် ပြသနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို လိုက်ကြပါစို့။

ဒါပေမယ့် ဒီလမ်းစဉ်ကို လိုက်မယ် ဆိုရင် ခရစ်တော်နောက်လိုက်ရာမှာ အတားအဆီး ဖြစ်စေတဲ့ ဝန်ထုတ်

ဝန်ပိုးတွေ၊ ခရစ်တော် လမ်းစဉ်ကို လိုက်ဖို့ ပိတ်ဆို့နေတဲ့ အရာတွေကနေ ကိုယ့်ကိုကိုယ် ရှောင်လွှားရပါမယ်။

ခရစ်တော် နောက်လိုက်ရာမှာ အတားအဆီး ဖြစ်စေတဲ့ ဒီဝန်ထုတ်တွေက ဘာတွေလဲ။ အဲဒါကတော့ ယေဇူး

သခင် ဖွားမြင်တော်မူခြင်းကို အသိအမှတ်မပြုလိုတဲ့၊ မကြိုဆိုလိုတဲ့ ဟေရုတ်ဘုရင်နဲ့ သူ့လူမျိုးတွေမှာ ရှိတဲ့

သြဇာအာဏာ၊ ငွေကြေး၊ ဂုဏ်ပကာသ၊ ရှေ့နောက်မညီတဲ့ စိတ်၊ အမှားကို ခုံမင်တဲ့ စိတ်စတဲ့ ဆိုးရွားတဲ့ စိတ်

အခံတွေ ဖြစ်ပါတယ်။ ဒီလို စိတ်အခံများဟာ ဗက်သလက်ဟင် သွားဖို့၊ ခရစ္စမတ်ရဲ့ ကျေးဇူးတော်များ လက်ခံ

ရရှိရေး အတွက်၊ ငြိမ်းချမ်းရေး လမ်းစဉ်ကို သွားဖို့ အတွက် အတားအဆီး ဖြစ်စေပါတယ်။ အမှန်တကယ်တော့

ကျွန်တော်တို့ ဝမ်းနည်းစွာ အသိအမှတ်ပြုရတော့မှာက ငြိမ်းချမ်းရေး အရှင်သခင်ကို ကျွန်တော်တို့ လက်ခံထား

သော်လည်း စစ်ပွဲရဲ့ အေးစက်လှတဲ့ ရက်စက်မှုများဟာ လူသားထုတစ်ရပ်လုံးကို သက်ရောက်နေတုန်းပါပဲ။

Add new comment

2 + 18 =