ရီမင်နိုင်ငံ လူဦးရေ တဝက်နီးပါး အငတ်ဘေးဒုက္ခကျမည့်အခြေအနေတွင်ရှိနေ

ရီမင်နိုင်ငံမှာ ယခုအခါ လူဦးရေ ၁၄ သန်းမျှ အငတ်ဘေးဒုက္ခကြုံတွေ့နေရကြောင်း
ရီမင်နိုင်ငံ လူဦးရေ တဝက်နီးပါး အငတ်ဘေးဒုက္ခကျမည့်အခြေအနေတွင်ရှိနေ
အောက်တိုဘာ ၂၅၊ ၂၀၁၈

ရီမင်နိုင်ငံမှာ ကြီးမားတဲ့ ဒုက္ခ အန္တရာယ် ကြရောက်တော့မယ်၊ ကြီးမားတဲ့ အငတ်ဘေး လွမ်းမိုးမည့် အခြေအနေဖြစ်နေပြီဟု ကမ္ဘာလူသားထုအခြေအနေရေးရာ
ကုလသမ္မဂ္ဂ ဒုလက်ထောက်အတွင်းရေးမှူး Mark Lowcock မှ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် အင်္ဂါ နေ့ကတင်ပြခဲ့ပါသည်။
ပြည်တွင်းနိုင်ငံရေးမတည်ငြီမ်မှုကြောင့်ဘေးလွတ်ရာပြေးနေရသော သူများသည် အငတ်ဘေးနှင့်ကြုံတွေရမည့် အခြေအနေတွင်ရှိနေကြောင်း၊ မူလ ကနဦးသတင်းအရ လူဦးရေ ၁၁ သန်းခန့် အငတ်ဘေးကြုံတွေ့နေရကြောင်း သိရှိရသော်လည်း ယခုအခါ လူဦးရေ ၁၄ သန်းမျှ အငတ်ဘေးဒုက္ခကြုံတွေ့နေရကြောင်း၊ ရီမင်နိုင်ငံသည် ပြည်တွင်းစစ်ဒုက္ခဒဏ်ကိုဆိုးဝါးစွာခံနေရကြောင်း၊ ပြည်တွင်းစစ်ဒဏ်ကြောင့် လူဦးရေ တစ်သောင်းကျော်သေဆုံးနေကြောင်း၊
၂၀၁၇ မှ စတင်၍ ရီမင်ဒုက္ခသည် သုံးသန်း ကို ကုလသမ္မဂ္ဂ မှကူညီပေးနေပြီး အလှူ ရှင်များ၏ အကူအညီကြောင့် လူဦးရေ ၈ သန်းထိကူညီနိုင်ခဲ့သော်လည်း ယခုအခါ ၁၄သန်း အထိဒုက္ခသည်ဦးရေမြှင့်တက်လာမှုကြောင့် ကူညီမှုတွင် အခက်အခဲတွေ့နေကြောင်း၊ ရီမင်ဒုက္ခသည်များ၏ အခြေအနေသည် ၅ ဦးလျှင် ၁ ဦး ဆိုးရွားစွာ ငတ်ပြတ်သည့်အခြေအနေတွင်ရှိနေခြင်း၊ အသက် ၅ နှစ်အောက် ကလေးသူငယ် ၃၀ ရာခိုင်နှုန်းသည်အဟာရချို့တဲ့မှုနှင့်ကြုံတွေနေရကြောင်း၊ လူ တစ်သောင်းမှာ နှစ်ဦးနှုန်း အစာငတ်၍ နေ့စဉ်သေနေကြောင်း၊ အကူအညီများအရေးတကြီးလိုအပ်နေကြောင်း၊ ပြည်တွင်းတိုက်ပွဲ အခြေအနေများကြောင့် အဓိကနေရာများသို့ မရောက်ရှိနိုင်ကြောင်း၊
ယင်းအခြေအနေတွင် လူမှုကယ်ဆယ်ရေးအဖွဲများ၊ အစားအသောက်များ အကူအညီများ ရှိသောနေရာတွင် အပြစ်အခတ်ရပ်စဲပေးဖို့၊ အစာအသောက်များ၊ ဆေးဝါးကုသမှုများ နိုင်ငံဖြတ်ကျော်သယ်ဆောင်ခွင့်ပေးဖို့၊ အလှူ ရှင်များ အထောင်အပံ့များပိုမိုရရှိအောင်လုပ်ကြဖို့၊ ကမ္ဘာလူသားထုအခြေအနေရေးရာ
ကုလသမ္မဂ္ဂဒုလက်ထောက်အတွင်းရေးမှူးMark Lowcock မှ ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အင်္ဂါ နေ့ကတင်ပြခဲ့ပါသည်။

https://www.vaticannews.va/en/world/news/2018-10/yemen-united-nations-famine-lowcock.html

#yemen, #poverty, #famine, #unitednations,# peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 3 =