ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သူတော်မြတ်​ ရပါး တင်​​မြောက်​သည်​့ ​အခမ်​းအနားတွင် ဟောကြားသော သြဝါဒ

ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သူတော်စင် ခုနှစ်ပါး တင်မြှောက်ခြင်း အခမ်​းအနား

ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သူတော်မြတ်​ ရပါး တင်​​မြောက်​သည်​့ ​အခမ်​းအနားတွင် ဟောကြားသော သြဝါဒ
ဇွန်လ ၂၊ ၂၀၁၉

ကွန်မြူနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါးကို ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သူတော်မြတ်​ ၇ ပါးအဖြစ် ၂၀၁၉ ဇွန်လ ၂ ရက်နေ့က ရိုးမေးနီးယာန်း ဂရိ ကက်သလစ်ဘာသာဝင်တို့၏ ဘာသာရေး နှင့် ယဉ်​​ကျေးမှု ဗဟို ဌာနဖြစ်သော တရန်စီဗေးနီးရား နယ် Blaj မြို့တွင် တင်မြှောက်ခဲ့ပါသည်။ ယင်းအခမ်​းအနားတွင် ယုံကြည်သူဘာသာဝင် တစ်သိန်​း​ကျော် ပါဝင်ခဲ့ပါသည်။

သူတော်မြတ်​ ရပါး တင်မြှောက်ခြင်းအခမ်​းအနားတွင် ရှင်ယောဟန် ဧဝံဂေလိကျမ်းမှ မွေးရာပါမျက်မမြင်ကို သခင်ခရစ်တော် ကုသပေးခဲ့ခြင်း အကြောင်းကို အခြေခံပြီး ဟောကြားခဲ့ပါသည်။ ​မွေးရာပါမျက်မမြင်ကို သခင်ခရစ်တော် ကုသပေးခဲ့သော တန်​ခိုးတော်ကို အသိအမှတ်မပြုဘဲ သခင်ခရစ်တော်ရဲ့ အဓိက လုပ်ရပ်ဖြစ်တဲ့ အစွန့်ပြစ်ခံ လူသားတစ်ယောက်ကို လူအဖွဲ့အစည်းထဲ ခေါ်သွင်းပေးခဲ့တာကို မမြင်ခဲ့၊ နားမလည်ခဲ့ကြဘဲ ဥပုသ်​​နေ့မှာ ကုသပေးခြင်း၊ တကယ်မျက်စိမမြင်တာဟုတ်မဟုတ် စသည့် မလိုအပ်သည့်မေးခွန်းများကို ဖာရီဇေဦး တွေက မေးခွန်းထုတ်ခဲ့ကြတယ်။

ဒီအဖြစ်အပျက်မှာ မျက်စိမမြင်သူရဲ့ ကိုယ်ပိုင်မျက်စိမမြင်ခြင်းထက် ပတ်ဝန်းကျင်ကလူတွေကပါသူ့အပေါ် သနားကြင်နာမူနဲ့ မမြင်တတ်​ကြခြင်းကို ခံစားနေရခြင်းဖြစ်တယ်၊ ကိုယ်ရဲ့အတွေးအခေါ်တွေ၊ စွဲ​ဆောင်မူ​တွေ၊ သီအိုရီတွေ၊ အမည်နာမ တံဆိပ်​​တွေ၊ ကိုယ်စိတ်ဝင်စားတာလောက်တွေပဲ အလေးထားကြပြီး လူကို လူလိုမမြင်နိုင်ကြဘဲ ကိုယ့်လာမပတ်သက်အောင်ခုခံကာကွယ်ဖို့၊ မနာလိုရန်ပြုဖို့လောက်ပြဲမင်နေမယ်ဆိုရင် အမြင်အမှားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေကြဦးမယ်။ ဘုရားရဲ့ လူတွေကို ချဉ်​းကပ်ပုံ နဲ့ လူလူခ​ျင်း ချဉ်​းကပ်ပုံမတူတာက သခင်ခရစ်တော်က လူကိုစေ့စေ့ကြည့်ပြီး၊ သူ အတိတ်ပုံရိပ်ဆိုးတွေ၊ သူနာကြင်ခံစားနေရတာတွေကို မြင်တော်မူတယ်၊ အဲ့ဒီလို သိမြင်ပြီး ကူညီရင်ကောင်းမလား၊ မကောင်းဘူးလား၊ ဆွေးနွေးနေရအုံးမလား ဆိုတဲ့ အလကားအချိန်ကုန်စေမယ်​့ အရာတွေမှာ အချိန်မဖြုံးဘဲ အဲ့လူအတွက် အဓိကလိုအပ်နေတဲ့အရာကိုဖြည့်ဆည်းပေးတယ်၊

သင်တို့နိုင်ငံလည်း ကွန်မြူနှစ် စနှစ်ရဲ့ဒဏ်ကို တွေ့ကြုံခံစားခဲ့ကြရတယ်၊ အခုအခံအကာကွယ်မဲ့သူတွေ၊ အပြစ်မဲ့သူတွေ၊ နူတ်​ဆိတ်​​နေခဲ့ကြသူတွေကို သတ်ဖြတ်ခဲ့ကြတယ်၊ ဒီကနေ့ သူတော်မြတ်​ အဖြစ်တင်မြှောက်ခံကြရသူ ဆရာတော်​ကြီး ရပါးဟာ၊ သူတိုရဲ့ ယုံကြည်ခြင်းအတွက် အမျိုးမျိုးညှင်းပမ်​းနှိပ်စက်ခံခဲ့ကြရတယ်၊ နောက်ဆုံးမှာ အသတ်ခံခဲ့ကြရတယ် ဒါပေမဲ့ ယုံကြည်ခြင်းကို မစွန့်လွတ်ခဲ့တဲ့အပြင် သင်တို့အတွက် သမိုင်းဝင် စကားနှစ်ခုကို ချန်ထားပေးခဲ့ကြတယ်။ အဲ့ဒါက သနားကြင်နာခြင်း နှင့် လွတ်လပ်ခြင်း ပြဲဖစ်တယ်၊ လွတ်လပ်ခြင်းဆိုတာ မတူညီသော ဘာသာတရားယုံကြည်မူကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်နှင့် သနားကြင်နာခြင်းဆိုတာ မကျေနပ်မူ​တွေ၊ အမျက်ဒေါသတွေကို ချစ်ခြင်းမေတ္တာ ဖြင့် အောင်မြင်ကျော်လွှာနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်တယ်။

တပါးသူရဲ့ အတွေးအခေါ်တွေဝင်ရောက်လွှမ်းမိုးလာမူ​ကြောင့် မိမိတို့ရဲ့ ကြွယ်ဝတဲ့ ဘာသာတရား နှင့် ရိုးရာယဉ်ကျေးမူအမွေအနှစ်တွေ အမြစ်လှန်ဖျက်စီးခံရတာမျိုးမဖြစ်စေဖို့၊ အခက်အခဲအနှောက်အယှက်မျိုးစုံကိုကျော်လွှာပြီး သနားကြင်နာခြင်းနှင့် လတ်လပ်မူအတွက် သက်သေခံများဖြစ်ကြဖို့ သတိပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-romania-bea...

#pope, #romania, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

8 + 9 =