ရာဇဝင်တွင်အမှတ်အသားအဖြစ် ချန်ရစ်ပေးထားကြမယ်

ရာဇဝင်တွင်အမှတ်အသားအဖြစ် ချန်ရစ်ပေးထားကြမယ်

မယ်တော်သခင်မဟာ မိန်းမပျိုလေးဖြစ်ကာ ဘယ်သူမှ မ နှောက်ယှက်ဘဲ သက်သာလုံ ခြုံစွာ အိမ်မှာ အောင်းပြီး ပျင်း ရိနေတဲ့သူ မဟုတ်ပါဘူး။ ယုံကြည်ခြင်းက သူမကို လှုပ် ရှားစေပါတယ်။ ယုံကြည်ခြင်းက ကျွန်ုပ်တို့ အမိမယ်တော်ရဲ့ဘဝဇာတ်ကြောင်း တစ်ခုလုံးရဲ့ အဓိကအပိုင်းမှာ ပါဝင်နေတယ်။

ချစ်လှစွာသော လူငယ်အ ပေါင်းတို့…

သင်တို့ကို ဘုရားသခင်က ကြည့်ရှုစောင့် ရှောက်ပြီး လမ်းပြခေါ်ဆောင်နေပါတယ်။ အဲဒီလိုနဲ့ ဘုရားသခင်က သင်တို့ပေးနိုင်တဲ့ အချစ်တွေ အားလုံးကို ကြည့်ရှုနေပါတယ်။ နာဇရက်မြို့ကမိန်းမပျိုလေးလိုမျိုးပဲ

သင်တို့ဟာ ကမ္ဘာကြီးကို တိုး တက်စေနိုင်ပြီး သင်တို့နဲ့ အ ခြားသူတွေရဲ့သမိုင်းကို ရာဇဝင်တွင်အမှတ်အသားအဖြစ် ချန်ရစ်ပေးထား ခဲ့နိုင်ပါတယ်။

အသင်းတော်နဲ့အတူ လူ့ အဖွဲ့အစည်း ကလည်း လူငယ်တွေကို အမြဲလိုအပ်နေပါတယ်။

သင်တို့ရဲ့သတ္တိနဲ့ အစီအစဉ်ဆွဲမှုတွေရယ်၊ သင်တို့ရဲ့အတွေး အခေါ်နဲ့အိမ်မက်တွေနဲ့အတူ ရပ်တန့်နေတဲ့နံရံတွေပြိုလဲပြီး ပိုမိုကောင်းမွန်တဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာဆီကို လမ်းဖွင့်ပေးတာကြောင့် ရက်စက်မှုတွေလျော့လာပြီး တရားမျှတမှုပိုရှိလာကာ ပိုမိုလူသားဆန်လာကြမှာဖြစ်ပါတယ်။

✍️ ထန်းဟာ, SJ

Add new comment

7 + 11 =