ရဟန္တာ အော်စကာ ရိုမေရို အားဖြင့်ခွန်အားယူကြလော့

ဆာလ်ဗာဒေါ နိုင်ငံ မှ ဘုရားဖူးသူတော်စင်များ

ရဟန္တာ အော်စကာ ရိုမေရို အားဖြင့်ခွန်အားယူကြလော့

အောက်တိုဘာလ ၁၅၊ ၂၀၁၈ ၂၀၁၈

အောက်တိုဘာလ ၁၅၊ နေ့တွင် ဆရာတော်ကြီး အော်စကာ ရိုမေရိုအား ရဟန္တာ တင်မြောက်ပွဲ အခမ်းအနားသို့ လာရောက်ခဲ့ကြသော ဆာလ်ဗာဒေါ နိုင်ငံ မှ ဘုရားဖူးသူတော်စင်များနှင့် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။ ပထမဦးစွာ ဆာလ်ဗာဒေါ နိုင်ငံ မှ ဆရာတော်ကြီးများနှင့်တွေ့ဆုံခြင်းတွင် "သိုးထိန်းကောင်းဟာ သူရဲ့သိုးတွေအတွက် သူအသက်ကိုပေးတယ်၊ ဘုရားရဲ့ကျေးဇူးတော်ကသူ့ကို ခွန်အားပေးတယ်၊ အဲ့ဒီခွန်အားနဲ့ပဲ လူတွေကိုသက်သေခံတယ်၊ အဒါကြောင့် သူကိုအတုယူကြကာ ပိုပြီးစည်းလုံးစွာရှိကြပါ" ဟု မိန့်ကြားခဲ့ပါသည်။ ဆက်လက်ပြီး ဆာလ်ဗာဒေါ နိုင်ငံမှ ဘုန်းတော်ကြီးများ ဘာသာသူများကို သင်တို့သည် သခင်ခရစ်တော်ကို ကိုယ်စားပြုလျှင် ရဟန္တာ အော်စကာ ရိုမေရိုကဲ့သို့. အလုပ်လုပ်ကြရန်၊ နှင့် နောင်တရသူများကိုခွင်လွှတ်ကြရန် အားပေးခဲ့ပါသည်။ တရားတော်အတွက် အသက်ပေးခြင်းသည် ဘုရားကို သက်သေခံခြင်းဖြစ်တယ် ဟု ရဟန္တာ အော်စကာ ရိုမေရို၏ စကားကိုပြန်လည်ဝေမျှခဲ့ပါသည်။ "ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကိုခေါ်ပြီး လူသားအားလုံး အပြစ်ရဲ့အနှောင်အဖွဲ့၊ နတ်ဆိုးရဲ့ချုပ်နှောင်မှုကနေ လွတ်လပ်စွာ ရှင်သန်ခွင်ရဖို့နဲ့ လူသားတွေရဲ့နှလုံးသားမှာ ရှိတဲ့ကယ်တင်ခြင်းရဲမျှော်လင့်ချက်ကို နိုးထစေဖို့ဖြစ်တယ်။ ငါတို့ဘုရားနဲ့ပေါင်းစပ်ဖို့လိုတယ်၊ အသင်းတော်နဲ့ပေါင်းစပ်ဖို့လိုတယ်" ဟုရဟန္တာ အော်စကာ ရိုမေရို ၏ စကားကိုပြန်လည်ဝေမျှခဲ့ပါသည်။ အချုပ်အနေနှင့် လက်တင်အမေရိက နိုင်ငံများငြိမ်းချမ်းခြင်း ရရှိရန် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဆုတောင်းပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-message-pil...

 

#pope, #canonization, #vatican, #peterkm,

Photo credit to vatican news

ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 1 =