ရဟန်းမင်းအမတ် ကာဒီနယ် ချားစ်ဘို မှကမ္ဘာကို မြန်မာအရေးနှင့်ပတ်သက်၍ စိတိရှည် သည်းခံပေးကြရန် တိုက်တွန်း

မြန်နိုင်ငံ၏ ပထမဦးဆုံး ကာဒီနယ်၊ ကက်သလစ်အသင်းတော်၏ အရေးပါသော ခေါင်းဆောင် ကာဒီနယ် ချားစ်ဘို

ရဟန်းမင်းအမတ် ကာဒီနယ် ချားစ်ဘို မှကမ္ဘာကို မြန်မာအရေးနှင့်ပတ်သက်၍ စိတိရှည် သည်းခံပေးကြရန် တိုက်တွန်း
စက်တင်လာလ ၁၂၊ ၂၀၁၈

https://www.vaticannews.va/en/church/news/2018-09/myanmar-bo-democracy-p...

#vatican, #ucanews, #myanmar, #conflicts, #peace, #peterkm,
Photo credits to vatican news, ucanews.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကာဒီနယ်၊ ကက်သလစ်အသင်းတော်၏ အရေးပါသော ခေါင်းဆောင် ကာဒီနယ် ချားစ်ဘို မှ မြန်မာနိုင်ငံသည် နုနယ်သောပြုပြင်ပြောင်းလဲရေးကာလ အဆင့်၌သာရှိနေသေးသော အခြေအနေတွင် ပြည့်ဝသော ဒီမိုကရေစီစနစ်သို့ရောက်ရှိရန် အကူးအပြောင်းကာလ၌ ဝိုင်းဝန်းကူညီကြရန် နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုလိုက်ပါသည်။ ကုလသမ္မဂ က မြန်မာနိုင်ငံအရေး အချက်အလက်စုဆောင်းသူ လူအခွင့်အရေး အဖွဲ့၏ မြန်မာနိုင်ငံစစ်တပ်မှ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများနှင့် စပ်လျှဉ်းပြီး မြန်မာ စစ်ခေါင်းဆောင်များကို စွဲချက်တင်ရန် ပြင်းပြင်းထန်ထန် ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် ကာဒီနယ်ချားစ်ဘိုမှ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သည် နုနယ်သေးသည့် ကလေးငယ် အဆင့်သာရှိနေပြီး တောင့်တင်းခိုင်မာလာရန်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဦးစားပေးလုပ်ဆောင်ရမည့် အရေးကြီး အချက်တစ်ခုအဖြစ် လုပ်ဆောင်နေကြကြောင်း၊ ဒေါ်လေုပ်ဆောင်နေညြ်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်း၍ ဖွံဖြိုးတိုးတက်သော နိုင်ငံတစ်ခုကို ရရှိရန် တိုင်းသူပြည်သားတို့၏ မျော်လင့်ချက်များအပြည့်အဝထားရှိထားကြကြောင်း၊ မြန်မာနိုင်ငံသမိုင်းသည် ဒဏ်ရာများနှင့် သမိုင်းတစ်ခုဖြစ်ခဲ့ရ၍၊ ယခုအချိန်သည် နောက်ထပ်ဒဏ်ရာများထပ်မံ ဖြစ်ပေါ်စေရန် ပြုလုပ်သင်ေ့သာအချိန်မဟုတ်၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ နိုင်ငံတကာအရေးယူမှုပြုလုပ်ခြင်းတို့သည် နုနယ်သော ဒီမိုကရေစီအဆင့်သာရှိနေသေးသောမြန်မာနိုင်ငံအတွက် အကူအညီဖြစ်စေမည့်အရာများမဟုတ်ကြောင်း၊ ဖြစ်ပေါ်လာသည့်အခြေအနေတွင် တည်တန့်သော ငြိမ်းချမ်းမှု့ကို ထိန်းသိမ်းပြီး တိုင်းပြည်အကြီးအကဲတို့၏ အခြေအနေကို လက်ခံပေးကြရန် နှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေသော ပြသနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ကူညီဖြေရှင်းပေးကြရန် ကာဒီနယ် ချားစ်ဘိုမှ နိုင်ငံတကာအဖွဲ့အစည်းများအား တောင်းဆိုလိုက်ပါသည်။
ပြည်သူအစိုးရနှင် စစ်ခေါင်းဆောင်အကြီးအကဲများ အတူတကွပူပေါင်းလုပ်ဆောင်ပြီး တိုင်သူပြည်သားတို့၏ မျော်လင့်ချက်ကိုဖော်ဆောင်ကြရန် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဗာတင်ကန်သတင်းဌာနမှ ဖော်ပြသော UCANEWS ကို ပြန်လည်ဝေမျှခြင်းဖြစ်သည်။

 

Add new comment

2 + 17 =