Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီး ခရီးစဉ် အရေးပါမှု့ကို ရီဂါမြို့ လူသရင် ဂိုဏ်ချုပ်ဆရာတော် ပြောကြား
ရဟန်းမင်းကြီး ခရီးစဉ် အရေးပါမှု့ကို ရီဂါမြို့ လူသရင် ဂိုဏ်ချုပ်ဆရာတော် ပြောကြား
စက်တင်ဘာလ ၂၄၊ ၂၀၁၈
https://www.vaticannews.va/en/church/news/2018-09/apostolic-journey-latv...
#pope, #baltics, #Latvia, #greetings, #visit, #peace, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ကြွရောက်လာခြင်းသည် ညီကို ကက်သလစ်ခရစ်ယာန်များအတွက် ကြီးမားသော ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အခြေအနေတခုဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ သိုးထိန််းသည် သူ၏သိုးများကိုလာရောက်ကြည့်ရှု ခြင်းကြောင့် သူတို့နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ရကြောင်း၊ ရဟန်းမင်းကြီး၏ လာရောက်လည်ပတ်ခြင်း ကြောင့် ဘာသားရေးအသင်းအဖွဲ့များ အကြား စည်းလုံးမှုခင်မင်မှုကို ပိုမိုဖြစ်ပေါ်စေပါသည်။ ရဟန်းမင်းကြီး၏ ခရီးစဉ်တွင် နိုင်ငံရေး ဘာသာရေးအဖွဲ့အစည်းများ အားလုံးပူပေါင်းပါဝင်လုပ်ဆောင်မှုသည် နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ စည်းလုံးမှုတခုဖြစ်ကြောင်း၊
ရဟန်းမင်းကြီး သည် ခရစ်ယာန်တို့ထားရှိကြသော စိတ်နေစိတ်ထားတန်ဖိုးများ၊ ဘာသာတရားတန်ဖိုးထားမှုများသည် နိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေသော အရာများဖြစ်ကြောင်း နှင့် ခရစ်ယာန်တို့၏ယုံကြည်ခြင်းကိုပိုမိုတိုးပွားစေကြောင်း လူသရင် ဂိုဏ်ချုပ်ဆရာတော် Janis Vanags မှ ပြေားကြားခဲ့ပါသည်။
Add new comment