ရဟန်းမင်းကြီး၏ ဩဝါဒ အနှစ်ချုပ်

ရဟန်းမင်းကြီး၏ ဩဝါဒ အနှစ်ချုပ်

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ခရစ္စမတ်ပွဲတော်သည် ကျွန်ုပ်တို့၏ ယုံကြည်ရာအ ချက်အချာကို မျက်ကွယ်ပြုထားနိုင်သော လောကီရေးရာအချို့ကို ကျော်လွှားနိုင်ရန် ဖိတ်ခေါ်နေကြောင်းမိန့်ကြားခဲ့ပါသည်။ ထို့အပြင် ဤကာလသည် ကျွန်ုပ်တို့၏ သမိုင်းကို ဖြတ်၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖွင့်ပေးသော ဘုရား၏ ထာဝရစီမံကိန်းကို ထောက်ရှုသုံးသပ်ရန် ခရစ်ယာန်များအား ဖိတ်ခေါ်နေသည်။" ဟူ၍ မိန့်ဆိုခဲ့သည်။

သခင်ယေဇူး၏ အခန်းကဏ္ဍသည် အရေးပါကြောင်း ခရစ် ယာန်တို့အား သတိပေးခဲ့သည်။ ယခုနှစ်သည် ကမ္ဘာ့ကျန်းမာရေး ပဋိပက္ခများကြားတွင် ခရစ္စမတ်ပွဲတော်သည် ကျွန်ုပ်တို့အား အနာ

ဂတ်ကို မျှော်ကြည့်၍ သူငယ် တော် ကျွန်ုပ်တို့အား ပေးသနားသည့် မျှော်လင့်ခြင်းကို ထွေးပိုက်နိုင်ရန်အကူအညီပေးနိုင်သည်။

ရဟန်းမင်းကြီး၏ ဩဝါဒ အနှစ်ချုပ်

ချစ်ခင်ရပါသော ညီအစ်ကို၊ မောင်နှမအပေါင်းတို့.... ခရစ္စ မတ်ကာလ နီးလာသည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် ကောင်း ကင်တမန်တော်မှ ဘက်သလေဟင်မြို့ရှိ သိုးထိန်းတို့အား "မကြောက်ကြနှင့် သင်တို့အား ဝမ်းမြောက်စရာ သ တင်းကို ငါကြားပြောမည်။ သင်တို့၏ ကယ်တင်ရှင်သည် ယနေ့ ဖွားမြင်တော်မူပြီ။" ဟူသော ဝမ်းမြောက်ဖွယ်ရာ သတင်းကို တဖန်ကြားရန် ပြင်ဆင်နေကြသည်။ သိုး ထိန်းများကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပသော ဘုရားရှင်၏ ထာဝရအလင်းတော်ဖြစ်သော သခင်ခရစ် တော်အား ရှာဖွေတွေ့ရှိနိုင်ရန်အတွက် ဘက်သလေဟင်မြို့သို့ ဝိညာဉ်‌ရေးခရီးစဉ်ကို လျှောက်လှမ်းရန် ဖိတ်ကြားထားသည်။

ခရစ္စမတ်ကာလသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း၏အဓိကအချက်အချာဖြစ်သော "နှုတ်ကပတ်တော်သည် လူ့အဖြစ်ကို ယူတော်မူ၍ ကျွန်ုပ်တို့နှင့်အတူတည်ရှိခြင်းကို မျက်ကွယ်ပြုစေသော လော ကီရေးရာ အချို့ကို ကျော်လွှားနိုင်ရန် ဖိတ်ခေါ်နေသည်။ ၎င်းသည် ကျွန်ုပ်တို့၏ သမိုင်းကို ဖြတ်၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖွင့်ပေးသော ဘုရား၏ ထာဝရစီမံကိန်းကို သတိရစေပါသည်။

ယခုနှစ် ကမ္ဘာ့ကျန်းမာရေး ပဋိပက္ခများကြားတွင် ခရစ္စ မတ်ပွဲတော်သည် ကျွန်ုပ်တို့အား အနာဂတ်ကို မျှော် ကြည့် ၍ သူငယ်တော်မှ ကျွန်ုပ်တို့အား ပေးသနားသည့် မျှော် လင့်ခြင်းကို ထွေးပိုက်နိုင်ရန်အကူအညီပေးသည်။ ကျွန်ုပ်တို့သည် ခရစ္စမတ် မြင်ကွင်းကို ထောက်ရှုခဲ့ကြသည့်အ တိုင်း ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် လူ့အဖြစ်ကိုယူသော ဘုရား၏ နူးညံ့သိမ်မွေ့သောချစ်ခြင်းမေတ္တာတော်နှင့် ရင်းနှီးမှုကို သတိပြုလာကြပါစေ။ ဤခရစ္စမတ်သည် ကျွန်ုပ်တို့ဘဝအသက်တာအားဖြင့် လူတို့အား အသစ်သော မျှော် လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ယူဆောင်နိုင်ရန်အတွက် ကျွုန်ပ်တို့ကိုယ်စီ၌ သခင်ခရစ် တော် အသစ်တဖန်ဖွားမြင်ပါစေ။

နောက်ဆုံးအနေဖြင့် ပုပ်ရ

ဟန်း မင်းကြီးအရှင်သူမြတ် သည် အင်္ဂလိပ်ဘာသာစကားကိုပြောသော ယုံကြည်သူများအား ရင်းနှီးစွာ နှုတ်ဆက်ကြောင်း ခရစ္စမတ်ကာလ၏ နောက်ဆုံးနေ့များ၌ သခင်ယေဇူး၏ ဝမ်းအမြာက်ခြင်းနှင့် ငြိမ်းချမ်းခြင်းသင်တို့အပေါ်သို့ သက်ရောက်စေကြောင်းနှင့် ဘုရားရှင်သည် သင်တို့အား ကောင်းကြီးပေးပါမည့်အ ကြောင်း ဆုတောင်းရင်း ဩဝါ ဒကိုအဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo courtesy of: Rome Reports

https://bit.ly/3hn0oFZ

Add new comment

16 + 2 =