ရဟန်းမင်းကြီးဖရန်စစ်ထံမှအလွန်လှပထိရှသောတရားအတွေးတစ်စ

ရဟန်းမင်းကြီးဖရန်စစ်ထံမှအလွန်လှပထိရှသောတရားအတွေးတစ်စ

ရဟန်းမင်းကြီးဖရန်စစ်ထံမှအလွန်လှပထိရှသောတရားအတွေးတစ်စ

- မြစ်ချောင်းများသည် မိမိတို့၏မြစ်ချောင်းရေကိုပြန်သောက်လေ့မရှိကြ။
- သစ်ပင်များသည်လည်း သူတို့၏အသီးပွင့်များကိုခူးဆွတ်စားသောက်လေ့မရှိကြ။
- နေသည်လည်း အလင်းရောင်ကိုမိမိအတွက်သာဖြာဆင်းထွန်းလင်းလေ့မရှိကြ။
- ပန်းတို့သည်လည်း မိမိတို့၏သင်းကြိုင်ရနံ့များကိုမိမိတို့အတွက်သာမွေးပျံ့စေလေ့မရှိကြ။
- အများအတွက်ရှင်သန်ခြင်းသည် သဘာ၀တရား၏နိယာမတစ်ပါးဖြစ်သည်။
- ကျွန်ုပ်တို့လည်း အချင်းချင်းအတွက်အကူအညီဖြစ်ရန်မွေးဖွားလာခဲ့ကြသည်။
- အဘယ်မျှခက်ခဲပြီး၊ ရုန်းကန်ရစေကာမူ၊ သင်ပျော်ရွှင်နေလျင် ဘ၀သည်ကောင်းမြတ်သည်။ သို့သော်သင့်ကြောင့် အများပျော်အောင်လုပ်ပေးနိုင်လျင်ပို၍ကောင်းသည်။
- ထို့ကြောင့် ……………….
- သစ်ရွက်များအရောင်အမျိုးမျိုးပြောင်းသွားသော်လှပသကဲ့သို့၊
- အခြေအနေအမျိုးမျိုးပြောင်းသွားသော်လည်း အဓိပ္ပါယ်ရှိသည်ကိုကျွန်ုပ်တို့သတိရကြပါစို့။
- ဤသို့သိရန်မှာ အခြေအနေနှစ်ခုလုံး၌အလွန်ကြည်လင်သောအမြင်ရှိရန်လိုသည်။
- ထို့ကြောင့် …….
- မငြီးနှင့်။ မြည်တွန်တောက်တီးခြင်းမပြုနှင့်။
- နာကျည်ခြင်းသည် ကျွန်ုပ်တို့ရှင်သန်နေခြင်း၏အမှတ်သညဖြစ်သည်ကိုသတိရကြစို့။
- ပြဿနာအရှုပ်အထွေးများသည် ကျွန်ုပ်တို့သန်စွမ်းအားကောင်းကြောင်းကိုပြသည်။
- ဆုတောင်းခြင်းသည် ကျွန်ုပ်တို့တစ်ကိုယ်တည်းမဟုတ်ကြောင်းကိုပြသည်။
- ဤဆင်ခြင်စရာအမှန်တရားကိုသတိပြုမိလျင် ကျွန်ုပ်တို့၏စိတ်နှင့်အတွေးအခေါ်များကိုပြုပြင်လိုက်ပါ။
- သို့ပြုလျှင် …………….
- ကျွန်ုပ်တို့၏အသက်တာသည် ပို၍အဓိပ္ပါယ်ရှိလာမည်။
- ကျွန်ုပ်တို့၏အသက်တာသည် ပို၍တိုးတက်ပြောင်းလဲလာလိမ့်မည်။
- ကျွန်ုပ်တို့၏အသက်တာသည် ရှင်သန်ရုန်းကန်ရပို၍အကျိုးရှိပေလိမ့်မည်။
မဂ်လာ‌ေ၀ဖြာသောတစ်ပတ်တာဖြစ်ပါစေလို့ကြိုတင်ဆုတောင်းနှုတ်ဆက်လိုက်ပါတယ်။

ဖာသာရ်ကလဲမင့်အားတယ်

https://www.tkayala.com/2020/03/pope-francis-quotes.html 

Add new comment

1 + 1 =